Connect with us

Hi, what are you looking for?

သတင်း

ဂျပန်ဝန်ကြီးချုပ်ဟောင်း ကွယ်လွန်ခြင်းအတွက် CRPH နှင့် ရွေးကောက်ခံကိုယ်စားလှယ်များ ဝမ်းနည်းကြောင်း သဝဏ်လွှာပေးပို့

မြန်မာနိုင်ငံ၌ စီးပွားရေး၊ ဒီမိုကရေစီ၊ လွပ်လပ်မှုနှင့် လူ့အခွင့်အရေးများ ဖွံ့ဖြိုးတိုးတက်စေရန် ဝန်ကြီးချုပ်ဟောင်း၏ တန်ဖိုးရှိသော အားပေးထောက်ပံ့မှုတို့ကို မြန်မာပြည်သူများအနေဖြင့် အစဉ်အမြဲ သတိတရရှိနေမည်ဟု သဝဏ်လွှာ၌ ဖော်ပြသည်။

ဂျပန်ဝန်ကြီးချုပ်ဟောင်း မစ္စတာ ရှင်ဇိုအာဘေး
ဂျပန်ဝန်ကြီးချုပ်ဟောင်း မစ္စတာ ရှင်ဇိုအာဘေး

ဂျပန်ဝန်ကြီးချုပ်ဟောင်း မစ္စတာ ရှင်ဇိုအာဘေးကွယ်လွန်သွားခြင်းအတွက် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)နှင့် ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်များက ဝမ်းနည်းကြောင်း သဝဏ်လွှာပေးပို့သည်။

ဝန်ကြီးချုပ်ဟောင်း ကွယ်လွန်သွားခြင်းအတွက် ဝန်ကြီးချုပ်ဟောင်း၏ မိသားစု၊ ဂျပန်အစိုးရနှင့် ပြည်သူများထံသို့ ဝမ်းနည်းမှုနှင့် စာနာမှုတို့ ပေးပို့အပ်ပြီး ထာဝရငြိမ်းချမ်းပါစေကြောင်း CRPHက ဆုတောင်းမေတ္တာပို့သသည်။

မြန်မာနိုင်ငံ၌ စီးပွားရေး၊ ဒီမိုကရေစီ၊ လွပ်လပ်မှုနှင့် လူ့အခွင့်အရေးများ ဖွံ့ဖြိုးတိုးတက်စေရန် ဝန်ကြီးချုပ်ဟောင်း၏ တန်ဖိုးရှိသော အားပေးထောက်ပံ့မှုတို့ကို မြန်မာပြည်သူများအနေဖြင့် အစဉ်အမြဲ သတိတရရှိနေမည်ဟု သဝဏ်လွှာ၌ ဖော်ပြသည်။

ဂျပန်ဝန်ကြီးချုပ်ဟောင်းရှင်ဇိုအာဘေး ပစ်ခတ်လုပ်ကြံခံရသည့်အတွက် မြန်မာပြည်သူများကိုယ်စား စိတ်နှလုံးထိခိုက်ဝမ်းနည်းရကြောင်း NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က ဇူလိုင် ၈ရက်တွင် ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

မစ္စတာအာဘေး၏ ကူညီထောက်ပံ့မှုများကို မြန်မာပြည်သူများက မေ့လျော့မည်မဟုတ်ကြောင်းနှင့် ယခုကဲ့သို့ ဝမ်းနည်းဖွယ်အချိန်ကာလတွင် မြန်မာပြည်သူများသည် ဂျပန်ပြည်သူများနှင့်အတူ ရပ်တည်သွားမည်ဟု ဝန်ကြီး ဒေါ်ဇင်မာအောင်က ဆိုသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အားကောင်းတဲ့ တိုင်ဖွန်းမုန်တိုင်းတစ်ခု ချဉ်းကပ်လာတာကြောင့် ဂျပန်နိုင်ငံ အရှေ့ပိုင်း ကမ်းရိုးတန်း ဒေသတချို့မှာ ရေကြီးမှုနဲ့ မြေပြိုမှု အန္တရာယ် သတိပေးချက်တွေ ထုတ်ပြန်ထားပါတယ်။

နိုင်ငံတကာ

ဂျပန်အစိုးရရဲ့ ဖွဲ့စည်းပုံတွေကို ဝန်ကြီးချုပ် စနအဲ တကအိချိက အပြောင်းအလဲတွေ လုပ်ခဲ့ပါတယ်။

သတင်း

မန္တလေးမြို့က ၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင် ဦးဒိန်းဒေါင်(ခ)ဦးစိုးမိုးနိုင်ဟာ ဒီကနေ့မနက်မှာမြင်းခြံအကျဉ်းထောင်မှာ ကွယ်လွန်သွားတယ်လို့ နိုင်ငံရေးအကျဉ်းသားဟောင်းတွေက ပြောပါတယ်။

နိုင်ငံတကာ

ဗြိတိန် ဝန်ကြီးချုပ် အဖြစ်ကနေ နုတ်ထွက်ပြီး မကြာခင်မှာပဲ လွှတ်တော်အမတ် နေရာကိုပါ စွန့်လွှတ်တော့မယ်လို့ ဆာကီရာ စတာမာက ပြောကြားခဲ့ပါတယ်။