Connect with us

Hi, what are you looking for?

သတင်း

မန္တလေး MUFLကျောင်းတပ်စွဲထားသော စစ်ကောင်စီတပ် ဗုံးပစ်တိုက်ခိုက်ခံရ၊ ထိခိုက်သေဆုံးရှိနိုင်

အဆိုပါတိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်ဘက်မှ ထိခိုက်ဒဏ်ရာရသူများနိုင်ပြီး တက္ကသိုလ်ဝန်းအတွင်းသို့ အရေးပေါ်လူနာ တင်ကားအချို့ ဝင်ထွက်သွားလာသည်ကို မြင်တွေ့ရကြောင်း ဒေသခံများက ဆိုသည်။

(ဇွန်လအတွင်း ဗုံးပစ်တိုက်ခိုက်မှုတွင် MUFL ကျောင်းဝင်းရှိ ဆိုင်ကယ်ရပ်နားသည့်နေရာမှ အမိုးကုန်းပျက်စီးခဲ့စဥ်၊ ဓာတ်ပုံ - CJ)
(ဇွန်လအတွင်း ဗုံးပစ်တိုက်ခိုက်မှုတွင် MUFL ကျောင်းဝင်းရှိ ဆိုင်ကယ်ရပ်နားသည့်နေရာမှ အမိုးကုန်းပျက်စီးခဲ့စဥ်၊ ဓာတ်ပုံ - CJ)

မန္တလေးမြို့ နိုင်ငံခြားဘာသာတက္ကသိုလ်(MUFL)ဝင်းအတွင်း တပ်စွဲထားသော စစ်ကောင်စီတပ်ကို ဗုံးပစ်တိုက်ခိုက်ခဲ့ကြောင်း မြို့ပြပြောက်ကျားတပ်ဖွဲ့ Generation Z Power(Mandalay)က အသိပေးထုတ်ပြန် သည်။

ယမန်နေ့(ဇူလိုင် ၁၀)ညနေ ၅ နာရီခွဲခန့်က မန္တလေးမြို့ ၆၂ လမ်း၊ ၂၂ လမ်းနှင့် ၂၃ လမ်းကြားရှိ MUFL ကျောင်းတွင် တပ်စွဲထားသော စစ်ကောင်စီတပ်သားများကို GZP (Mandalay)မှ ဗုံးနှစ်လုံးဖြင့် ပစ်ခတ်တိုက် ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြသည်။

အဆိုပါတိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်ဘက်မှ ထိခိုက်ဒဏ်ရာရသူများနိုင်ပြီး တက္ကသိုလ်ဝန်းအတွင်းသို့ အရေးပေါ်လူနာ တင်ကားအချို့ ဝင်ထွက်သွားလာသည်ကို မြင်တွေ့ရကြောင်း ဒေသခံများက ဆိုသည်။

“စကစကို ထောက်ခံအားပေးလက်တွဲနေတဲ့ လူပုဂ္ဂိုလ်၊ လုပ်ငန်း၊ အဖွဲ့အစည်းစတဲ့ ဘယ်အရာမဆို ရသမျှနည်းနဲ့တိုက်ထုတ်သွားနေတာ ဖြစ်တဲ့အတွက် အခုလို တိုက်ခိုက်မှုတွေကို လုပ် ဆောင်နေတာပါ။ စကစ မပြုတ်သရွေ့ တိုက်ထုတ်နေမှာပါပဲ”ဟု GZP (Mandalay)မှ ရဲဘော်တစ်ဦးက မှတ်ချက်ပေးသည်။

Public Service Announcement

Public Service Announcement

အထက်ပါ MUFL ကျောင်းတွင် တပ်စွဲထားသည့် အကြမ်းဖက်စစ်ကောင်စီတပ်များ ယခုအကြိမ်တိုက်ခိုက်ခံရမှုသည် ဒုတိယအကြိမ်ဖြစ်ပြီး ပြီးခဲ့သည့် ဇွန်လ ၂၁ ရက်ကလည်း ဗုံးပစ်တိုက်ခိုက်ခံခဲ့ရသေးသည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေး‌‌မြို့ ၊ဈေးချိုတော်က ငလျင်ကြောင့်ပျက်စီးသွားတဲ့ တိုက်တန်းဖြိုချနေတုန်းမှာ ပြိုကျသွားပြီး လူနဲ့ ကျန်အဆောက်အဦးတွေထိခိုက်မှုမရှိဘူးလို့ မြို့ခံတွေက ပြောပါတယ်။

သတင်း

မန္တလေးမြို့မှာ ရှစ်လေးလုံးသပိတ်ပြုလုပ်မှာစိုးရိမ်ပြီး စစ်တပ်က နေရာစုံစစ်ဆေးမှုတွေပြုလုပ်နေသလို PSMS နည်းပညာနဲ့ မြို့ပတ်လမ်းတွေမှာ ရှောင်တခင်စစ်ဆေးတာတွေလည်းပြုလုပ်နေတယ်လို့ မြို့ခံ တွေက ပြောပါတယ်။

သတင်း

မန္တလေးမြို့၊ အောင်ပင်လယ်မှာ ကနေတဲ့ အောင်ဇမ္ဗူဇာတ်ပွဲ ရာသီဥတု အခြေအနေကြောင့်ဆိုပြီး ဒီကနေ့ည ဖျော်ဖြေပွဲ ဖျက်သိမ်းလိုက်ရကြောင်း သတင်းရှိပါတယ်။

သတင်း

မန္တလေးမြို့မှာ တက္ကစီမောင်းနေ​တဲ့ စစ်မှုထမ်းဟောင်းတစ်ဦး ပြန်ပေးဆွဲခံရပြီးနောက် ၂ ပတ်ကျော်ကြာ ပျောက်ဆုံးနေကြောင်း သတင်းရရှိပါတယ်။