Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီကို အာဆီယံနှင့်တရုတ်တို့ ဖိအားပေးရန် ကန်နိုင်ငံခြားရေးဝန်ကြီးတိုက်တွန်း

ဆက်လက်ပြီး “ဒါက တရုတ်အပေါ်မှာလည်း တာဝန်ရှိပါတယ်။ တရုတ်ရဲ့အကျိုးစီးပွားတွေထဲ မှာ မြန်မာနိုင်ငံ လမ်းကြောင်းမှန်ပေါ်ပြန်လည်ရောက်ရှိဖို့ အရေးကြီးပါတယ်”ဟု အမေရိကန် နိုင်ငံခြားရေးဝန်ကြီးက ဆိုသည်။

စစ်ကောင်စီကို အာဆီယံနှင့်တရုတ်တို့ ဖိအားပေးရန် ကန်နိုင်ငံခြားရေးဝန်ကြီးတိုက်တွန်း
စစ်ကောင်စီကို အာဆီယံနှင့်တရုတ်တို့ ဖိအားပေးရန် ကန်နိုင်ငံခြားရေးဝန်ကြီးတိုက်တွန်း

အာဆီယံနှင့် တရုတ်တို့အနေဖြင့် မြန်မာစစ်ကောင်စီကို ဖိအားပေးရန် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်က ယမန်နေ့တွင် တိုက်တွန်းသည်။

ဘန်ကောက်၌ ထိုင်းဝန်ကြီးချုပ်ပရာယွတ်ချန်အိုချာနှင့်တွေ့ဆုံမှုအပြီးတွင် အမေရိကန်နိုင်ငံခြား ရေးဝန်ကြီးက မြန်မာစစ်ကောင်စီအနေဖြင့် ကိုယ့်ပြည်သူများကိုအပေါ်ကျူးလွန်နေသော အကြမ်းဖက်မှုများရပ်တန့်ရေးနှင့် ဒီမိုကရေစီလမ်းကြောင်းပေါ်ပြန်သွားရေးအတွက် ထိုင်းနိုင်ငံအပါအဝင် အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် တရုတ်က တွန်းအားပေးရန် တိုက်တွန်းခဲ့ခြင်းဖြစ်သည်။

“အာဆီယံဘုံဆုံးဖြတ်ချက် ၅ ရပ်ကို ဖြည့်ဆည်းအကောင်အထည်ဖော်ဖို့၊ လူမဆန်တဲ့အကြမ်းဖက်မှုတွေ အဆုံးသတ်ဖို့နဲ့ ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်သွားဖို့ မြန်မာစစ်ကောင်စီကို ဖိအားပေးရေး ထိုင်းအပါအဝင် အာဆီယံအဖွဲ့ဝင်နိုင်ငံအားလုံးနဲ့ အမေရိကန်က လုပ် ဆောင်နေပါတယ်” ဟု ဝန်ကြီးဘလင်ကန်က ဆိုသည်။

စစ်ကောင်စီကို အာဆီယံနှင့်တရုတ်တို့ ဖိအားပေးရန် ကန်နိုင်ငံခြားရေးဝန်ကြီးတိုက်တွန်း
စစ်ကောင်စီကို အာဆီယံနှင့်တရုတ်တို့ ဖိအားပေးရန် ကန်နိုင်ငံခြားရေးဝန်ကြီးတိုက်တွန်း

ဆက်လက်ပြီး “ဒါက တရုတ်အပေါ်မှာလည်း တာဝန်ရှိပါတယ်။ တရုတ်ရဲ့အကျိုးစီးပွားတွေထဲ မှာ မြန်မာနိုင်ငံ လမ်းကြောင်းမှန်ပေါ်ပြန်လည်ရောက်ရှိဖို့ အရေးကြီးပါတယ်”ဟု အမေရိကန် နိုင်ငံခြားရေးဝန်ကြီးက ဆိုသည်။

Public Service Announcement

Public Service Announcement

ပြီးခဲ့သည့်သီတင်းပတ်တွင် တရုတ်နိုင်ငံခြားရေးဝန်ကြီးဝမ်ယိသည် ဘန်ကောက်သို့ လာရောက် ခဲ့ကာ ထိုင်းဝန်ကြီးချုပ်ပရာယွတ်၊ နိုင်ငံခြားရေးဝန်ကြီး ဒွန်တို့နှင့်တွေ့ဆုံဆွေးနွေးခဲ့ကြသည်။ သို့သော် နှစ်ဖက်သတင်းထုတ်ပြန်ချက်များအရ ယင်းဆွေးနွေးမှုများတွင် မြန်မာ့အရေးကို ထည့် သွင်းခဲ့သည်ကို မတွေ့ရပေ။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး၏ ဘန်ကောက်ခရီးစဉ်တွင် ထိုင်းအစိုးရခေါင်းဆောင်များနှင့် တွေ့ဆုံစဉ် မြန်မာ့အကျပ်အတည်းဖြေရှင်းရေးကို ထည့်သွင်းဆွေးနွေးခဲ့ရုံသာမက မြန်မာ့အရေးတက်ကြွလှုပ်ရှားသူ လူငယ်များနှင့် ဝန်ကြီးဘလင်ကန်တို့ သီးသန့်တွေ့ဆုံခဲ့သည်။

ကိုးကား – Benar News

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တရုတ် စစ်တပ်ထဲက ထိပ်တန်း စစ်ဗိုလ်ချုပ်တွေကို ဖယ်ရှားရှင်းလင်းခဲ့တဲ့ သမ္မတ ရှီကျင့်ဖျင်ရဲ့ အစီအမံတွေကို အဓိက ဦးဆောင် တာဝန်ယူပေးခဲ့သူ စစ်ဗိုလ်ချုပ် တစ်ဦးဟာ အခုအခါ ရာထူး တိုးသွားခဲ့ပါတယ်။

နိုင်ငံတကာ

အရှေ့တောင်အာရှ နိုင်ငံများ အစည်းအရုံး (အာဆီယံ)နဲ့ အမေရိကန် အစိုးရကြား ကာကွယ်ရေး ပူးပေါင်းဆောင်ရွက်မှု မူဘောင် အသစ်တစ်ခု ထူထောင်ဖို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ပိထ်ဟက်ဂ်ဆက်သ်က အဆိုပြုခဲ့ပါတယ်။

နိုင်ငံတကာ

တရုတ် ကုမ္ပဏီတွေက ကြော်ငြာစာချုပ်တွေ ရပ်ဆိုင်းတာ အပါအဝင် ပြင်းထန်တဲ့ တုံ့ပြန်မှုတွေ ကြုံလာတဲ့နောက် ပြင်သစ် လက်ရွေးစင် အသင်း တိုက်စစ်မှူး ကိုင်လီယန် အမ်ဘက်ပေက တရုတ် ကွန်မြူနစ်ပါတီ (CCP) ထူထောင်သူ မော်စီတုန်းကို အာဏာရှင်လို့ ရည်ညွှန်းခဲ့မိတဲ့ သူ့စကားအတွက် ပြန်လည် တောင်းပန်ခဲ့ပါတယ်။