Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီကို အာဆီယံနှင့်တရုတ်တို့ ဖိအားပေးရန် ကန်နိုင်ငံခြားရေးဝန်ကြီးတိုက်တွန်း

ဆက်လက်ပြီး “ဒါက တရုတ်အပေါ်မှာလည်း တာဝန်ရှိပါတယ်။ တရုတ်ရဲ့အကျိုးစီးပွားတွေထဲ မှာ မြန်မာနိုင်ငံ လမ်းကြောင်းမှန်ပေါ်ပြန်လည်ရောက်ရှိဖို့ အရေးကြီးပါတယ်”ဟု အမေရိကန် နိုင်ငံခြားရေးဝန်ကြီးက ဆိုသည်။

စစ်ကောင်စီကို အာဆီယံနှင့်တရုတ်တို့ ဖိအားပေးရန် ကန်နိုင်ငံခြားရေးဝန်ကြီးတိုက်တွန်း
စစ်ကောင်စီကို အာဆီယံနှင့်တရုတ်တို့ ဖိအားပေးရန် ကန်နိုင်ငံခြားရေးဝန်ကြီးတိုက်တွန်း

အာဆီယံနှင့် တရုတ်တို့အနေဖြင့် မြန်မာစစ်ကောင်စီကို ဖိအားပေးရန် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်က ယမန်နေ့တွင် တိုက်တွန်းသည်။

ဘန်ကောက်၌ ထိုင်းဝန်ကြီးချုပ်ပရာယွတ်ချန်အိုချာနှင့်တွေ့ဆုံမှုအပြီးတွင် အမေရိကန်နိုင်ငံခြား ရေးဝန်ကြီးက မြန်မာစစ်ကောင်စီအနေဖြင့် ကိုယ့်ပြည်သူများကိုအပေါ်ကျူးလွန်နေသော အကြမ်းဖက်မှုများရပ်တန့်ရေးနှင့် ဒီမိုကရေစီလမ်းကြောင်းပေါ်ပြန်သွားရေးအတွက် ထိုင်းနိုင်ငံအပါအဝင် အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် တရုတ်က တွန်းအားပေးရန် တိုက်တွန်းခဲ့ခြင်းဖြစ်သည်။

“အာဆီယံဘုံဆုံးဖြတ်ချက် ၅ ရပ်ကို ဖြည့်ဆည်းအကောင်အထည်ဖော်ဖို့၊ လူမဆန်တဲ့အကြမ်းဖက်မှုတွေ အဆုံးသတ်ဖို့နဲ့ ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်သွားဖို့ မြန်မာစစ်ကောင်စီကို ဖိအားပေးရေး ထိုင်းအပါအဝင် အာဆီယံအဖွဲ့ဝင်နိုင်ငံအားလုံးနဲ့ အမေရိကန်က လုပ် ဆောင်နေပါတယ်” ဟု ဝန်ကြီးဘလင်ကန်က ဆိုသည်။

စစ်ကောင်စီကို အာဆီယံနှင့်တရုတ်တို့ ဖိအားပေးရန် ကန်နိုင်ငံခြားရေးဝန်ကြီးတိုက်တွန်း
စစ်ကောင်စီကို အာဆီယံနှင့်တရုတ်တို့ ဖိအားပေးရန် ကန်နိုင်ငံခြားရေးဝန်ကြီးတိုက်တွန်း

ဆက်လက်ပြီး “ဒါက တရုတ်အပေါ်မှာလည်း တာဝန်ရှိပါတယ်။ တရုတ်ရဲ့အကျိုးစီးပွားတွေထဲ မှာ မြန်မာနိုင်ငံ လမ်းကြောင်းမှန်ပေါ်ပြန်လည်ရောက်ရှိဖို့ အရေးကြီးပါတယ်”ဟု အမေရိကန် နိုင်ငံခြားရေးဝန်ကြီးက ဆိုသည်။

Public Service Announcement

Public Service Announcement

ပြီးခဲ့သည့်သီတင်းပတ်တွင် တရုတ်နိုင်ငံခြားရေးဝန်ကြီးဝမ်ယိသည် ဘန်ကောက်သို့ လာရောက် ခဲ့ကာ ထိုင်းဝန်ကြီးချုပ်ပရာယွတ်၊ နိုင်ငံခြားရေးဝန်ကြီး ဒွန်တို့နှင့်တွေ့ဆုံဆွေးနွေးခဲ့ကြသည်။ သို့သော် နှစ်ဖက်သတင်းထုတ်ပြန်ချက်များအရ ယင်းဆွေးနွေးမှုများတွင် မြန်မာ့အရေးကို ထည့် သွင်းခဲ့သည်ကို မတွေ့ရပေ။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး၏ ဘန်ကောက်ခရီးစဉ်တွင် ထိုင်းအစိုးရခေါင်းဆောင်များနှင့် တွေ့ဆုံစဉ် မြန်မာ့အကျပ်အတည်းဖြေရှင်းရေးကို ထည့်သွင်းဆွေးနွေးခဲ့ရုံသာမက မြန်မာ့အရေးတက်ကြွလှုပ်ရှားသူ လူငယ်များနှင့် ဝန်ကြီးဘလင်ကန်တို့ သီးသန့်တွေ့ဆုံခဲ့သည်။

ကိုးကား – Benar News

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ထောင်မကျချင်လို့ ထွက်ပြေးလာတဲ့ တရုတ် အမျိုးသမီး တစ်ဦးကို ထိုင်းအာဏာပိုင်တွေက ဘန်ကောက်မြို့တော်မှာ ဖမ်းဆီးရမိခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

တရုတ်နိုင်ငံ၊ ဘေဂျင်းမြို့တော်မှာ ဒရုန်းပိုင်ဆိုင်ခွင့်ကို ပိတ်ပင် တားဆီးသွားမယ်လို့ သိရပါတယ်။ လုံခြုံရေးအတွက်ဆိုတဲ့ အကြောင်းပြချက်နဲ့ အခုစည်းမျဉ်းသစ်ကို နိုဝင်ဘာလမှာ စတင်သတ်မှတ် ကျင့်သုံးသွားမှာ ဖြစ်ပါတယ်။

နိုင်ငံတကာ

တရုတ်နိုင်ငံမှာ ကုန်တင်သင်္ဘောတစ်စီး မီးလောင်မှုကြောင့် လူ ၂၅ ဦး သေဆုံးသွားကြောင်း သိရပါတယ်။

နိုင်ငံတကာ

တောင်ကိုရီးယား နိုင်ငံက ဖိုရမ်တစ်ခုမှာ တရုတ် လိုလားသူတစ်ဦးက တောင်တရုတ်ပင်လယ် အငြင်းပွားမှုနဲ့ ပတ်သက်ပြီး နှောင့်ယှက် ဆန္ဒပြတဲ့သဘော စာတိုတစ်စောင် ပေးပို့ခဲ့တဲ့နောက် ဖိလစ်ပိုင် ကာကွယ်ရေး ဝန်ကြီးက တရုတ်အပေါ် ချက်ကျလက်ကျနဲ့ တုံ့ပြန် ဝေဖန်သွားခဲ့ပါတယ်။

Facebook