Connect with us

Hi, what are you looking for?

သတင်း

မူဆယ်မြို့တွင် စာသင်ကျောင်းအနီး ပေါက်ကွဲမှုဖြစ်

မိုင်းပေါက်ကွဲမှု ဖြစ်ပြီးနောက် ကျောင်းသားမိဖများက ၎င်းတို့၏ သားသမီးများကို ကျောင်းမတက်ခိုင်းတော့ဘဲ နေအိမ်သို့ ပြန်ခေါ်သွားခဲ့ကြသည်ဟု ဒေသခံတစ်ဦးက ပြောသည်။

မူဆယ်မြို့တွင် စာသင်ကျောင်းအနီး ပေါက်ကွဲမှုဖြစ်
မူဆယ်မြို့တွင် စာသင်ကျောင်းအနီး ပေါက်ကွဲမှုဖြစ်

ရှမ်းပြည်နယ် မူဆယ်မြို့ ဟိုမွန်ရပ်ကွက်ရှိ စာသင်ကျောင်းနှစ်ခုကြားတွင် ယနေ့ နံနက်က ပေါက်ကွဲမှုဖြစ်၍ ကျောင်းသားမိဖများက ၎င်းတို့၏ ကျောင်းသား၊ကျောင်းသူများကို နေအိမ်သို့ ပြန်ခေါ်သွားကြသည်။

ဟိုမွန်ရပ်ကွက်ရှိ အထက(၂)နှင့် မူလွန်ကျောင်းကြား ဘောလုံးကွင်းအနီးတွင် ယ​နေ့(ဇူလိုင်၁၃ ရက်) နံနက် ၈နာရီခွဲက ပေါက်ကွဲမှုဖြစ်ခဲ့ခြင်းဖြစ်သည်။

“ပေါက်တဲ့နေရာနားမှာတော့ စစ်‌ွေးတွေ ၊ရဲ‌ွေးတွေ နေ့တိုင်းစောင့်တယ်။ ဒီနေ့ ပေါက်တာက အသံမိုင်းလို့ ကြားတယ်။ ထိခိုက်မှု ရှိ၊မရှိတော့ မသိရသေးဘူး”ဟု မူဆယ်မြို့ခံတစ်ဦးကပြောသည်။

မိုင်းပေါက်ကွဲမှု ဖြစ်ပြီးနောက် ကျောင်းသားမိဖများက ၎င်းတို့၏ သားသမီးများကို ကျောင်းမတက်ခိုင်းတော့ဘဲ နေအိမ်သို့ ပြန်ခေါ်သွားခဲ့ကြသည်ဟု ဒေသခံတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ခမ်းမြို့ ကောင်းတပ်ကျေးရွာ ပေါက်ကွဲမှုမှာ ထိခိုက်ဒဏ်ရာရသူတွေနဲ့ ပြည်လည်ထူထောင်ရေး ကူညီပံ့ပိုးပေးနိုင်ဖို့ တအာင်းပြည်ကောင်စီ(TLC)ကတဆင့် ဆက်သွယ်လှူဒါန်းနိုင်ကြောင်း TLCက ဒီကနေ့ ထုတ်ပြန်ပါတယ်။

နိုင်ငံတကာ

တောင်ကိုရီးယား လေကြောင်း သိပ္ပံ နည်းပညာဆိုင်ရာ စက်ရုံတစ်ခုမှာ ပေါက်ကွဲမှုနဲ့ နောက်ဆက်တွဲ မီးလောင်မှုတွေ ဖြစ်ပွားခဲ့တာကြောင့် လူ ၅ ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊နမ့်ခမ်းမြို့နယ်ကောင်းတပ်ရွာ ပေါက်ကွဲမှုမှာ ပြည်သူသေဆုံးထိခိုက်၊ နေအိမ်ပျက်စီးမှု အများအပြားရှိကြောင်း တအာင်းတပ်မတော်(PSLF/TNLA)က ထုတ်ပြန်ခဲ့ပြီး ပေါက်ကွဲရတဲ့ အကြောင်းအရင်းဟာ မိုင်းတွင်းကျောက်ထုတ်လုပ်ရေးလုပ်ငန်းတွေမှာ သုံးဖို့ သိုလှောင်ထားတဲ့ ယမ်းပျော့တွေ မတော်တဆ ပေါက်ကွဲခဲ့တာလို့ ​ဖော်ပြပါတယ်။

သတင်း

TNLA ထိန်းချုပ်ထားတဲ့နမ့်ခမ်းမြို့နယ် ၊ကောင်းတပ်ရွာမှာ ဒီကက​နေ့ ပြင်းထန်တဲ့ ပေါက်ကွဲမှုဖြစ်ခဲ့ပြီး သေဆုံးဒဏ်ရာရသူ​တွေများတယ်လို့ ဒေသခံတွေက ‌ပြောပါတယ်။