Connect with us

Hi, what are you looking for?

သတင်း

ကျပ်သိန်း ၁၅၀၀ ကျော်ရခဲ့တဲ့ ချစ်သုဝေရဲ့ Macrame ပရောဂျက်မှာ ပြည်တွင်းကပြည်သူတွေရဲ့ အားအများဆုံးပါဝင်ခဲ့တယ်လို့ဆို

ဒီတစ်ခေါက်မှာ ချစ်သုဝေက အိမ်အလှဆင်ပစ္စည်း‌လေးမျိုးကို မဲဖောက်ပေးခဲ့တာဖြစ်ပါတယ်။
ဒီတစ်ခေါက်ပရောဂျက်မှာ ကံစမ်းသူတွေကို ကံစမ်းမဲနံပါတ်ပေးတာမဟုတ်ဘဲ လက်မှတ်တွေပါပေးနိုင်ခဲ့ပြီး လက်မှတ်လေးတွေကိုသိမ်းထားဖို့ ပြောပါတယ်။

ချစ်သူ့ဝေရဲ့ Macrame
ချစ်သူ့ဝေရဲ့ Macrame

စစ်ကိုင်းဘက်က စစ်ဘေးရှောင်တွေအတွက် ရည်ရွယ်တဲ့ အဆိုတော်သရုပ်ဆောင် ချစ်သုဝေရဲ့ ခုနစ်ကြိမ်မြောက် Macrame ပရောဂျက်က အလှူငွေ သိန်း ၁၅၀၀ ကျော်ရရှိခဲ့ပါတယ်။

ဒီပရောဂျက်ကို လက်မှတ်ငါးထောင်လောက်ပဲရောင်းရမယ်လို့ ထင်ထားခဲ့ပေမယ့် မှန်းထားတာထက် နှစ်ဆလောက်ပိုရောင်းရခဲ့တာဖြစ်ပါတယ်။ ပြည်တွင်းက ပြည်သူတွေရဲ့ဝယ်ယူမှုလက်မှတ်စောင်ရေက အများဆုံးရခဲ့တာလည်းဖြစ်ပါတယ်။

လက်မှတ်တစ်‌စောင်ကို မြန်မာ‌ငွေတစ်သောင်း‌နဲ့ ရောင်း ပေမယ့် ပြည်ပနိုင်ငံတွေကို ရောင်းတဲ့ လက်မှတ်တွေရဲ့ ငွေလဲနှုန်းတွေကြောင့် အလှူငွေ သိန်း ၁၅၀၀ ကျော်ရရှိခဲ့တာဖြစ်ပါတယ်။

ထင်ထားတာထက် အလှူငွေပိုရခဲ့တာကြောင့် ရည်မှန်းထားတဲ့ စစ်ကိုင်းဘက်ကစစ်ဘေးရှောင်တွေတင်မကပဲ မြေပြင်က လိုအပ်တဲ့နေရာတွေကိုလည်း လှူဒါန်းသွားမယ်လို့ ချစ်သုဝေကပြောပါတယ်။

Public Service Announcement

Public Service Announcement

ဒီတစ်ခေါက်မှာ ချစ်သုဝေက အိမ်အလှဆင်ပစ္စည်း‌လေးမျိုးကို မဲဖောက်ပေးခဲ့တာဖြစ်ပါတယ်။
ဒီတစ်ခေါက်ပရောဂျက်မှာ ကံစမ်းသူတွေကို ကံစမ်းမဲနံပါတ်ပေးတာမဟုတ်ဘဲ လက်မှတ်တွေပါပေးနိုင်ခဲ့ပြီး လက်မှတ်လေးတွေကိုသိမ်းထားဖို့ ပြောပါတယ်။

မဲမပေါက်သူတွေအတွက် အမှတ်တရလက်ဆောင်တွေပြန်ပေးချင်ပေမယ့် အရေအတွက်အရမ်းများတာကြောင့် မပေးနိုင်သေးပေမယ့် တော်လှန်ရေးပြီးသွားချိန်ကျရင် ကံစမ်းမဲလက်မှတ်တွေနဲ့ ကြည့်လို့ရမယ့် ဖျော်ဖြေပွဲကြီးတစ်ခု လုပ်နိုင်အောင်ကြိုးစားမယ်လို့ ချစ်သူဝေက ပြောထားပါတယ်။
Macrame တွေကို လစဉ်နီးပါး ကံစမ်းမဲပြုလုပ်ခဲ့ပြီး ဩဂုတ်လကတော့ သူမရဲ့ မွေး‌လဖြစ်တာကြောင့် အစီအစဉ်တစ်ခုပြုလုပ်ဖို့ ရှိတယ်လို့ ချစ်သုဝေကပြောပါတယ်။

ဒါ့အပြင် Macrame ကိုစိတ်ဝင်စားသူတွေအတွက် ဗီဒီယိုဖိုင်လေးတွေကို သူမရဲ့ Youtube Channel ကနေ တင်သွားပေးဖို့ရှိတယ်လို့ သတင်းပေးခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

နွေဦးတော်လှန်ရေးမှာ ကျဆုံးသွားသူတွေရဲ့ မိသားစုတွေကိုမမေ့လျော့ကြဖို့အဓိကရည်ရွယ်တဲ့ Theatre 21 (ပြဇာတ် ၂၁)ဖျော်ဖြေပွဲကို အောက်တိုဘာ ၁၀ရက်မှာ အမေရိကန်နိုင်ငံမေရီလန်းမှာ ပြုလုပ်မယ်လို့​​ကြေညာပါတယ်။

သတင်း

ဩဂုတ်လမွေးနေ့ရှင် တော်လှန်အနုပညာရှင် ချစ်သုဝေ က သူမရဲ့ မွေးနေ့မှာ သီချင်းသစ်တစ်ပုဒ်ဖြန့်ချိမယ်လို့ အသိပေးထားပါတယ်။

သတင်း

အမေရိကန်နိုင်ငံ နယူးယောက်မြို့မှာ ပြုလုပ်ခဲ့တဲ့ ရောင်နီပွဲက အမေရိကန်ဒေါ်လာ တစ်သိန်းခွဲကျော်ရရှိခဲ့တာ‌ကြောင့် ရောင်နီ ၇ ပွဲကနေ အမေရိကန်ဒေါ်လာ ၅၆၉,၀၀၀ ကျော်ရှာဖွေနိုင်ခဲ့တာဖြစ်ပါတယ်။

သတင်း

အမေရိကန်နိုင်ငံ နယူးယောက်မြို့မှာ ပြုလုပ်တဲ့ ရောင်နီ ဖျော်ဖြေပွဲမစတင်မီ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာစေကြောင်း တစ်မိနစ် ငြိမ်သက်ဆုတောင်းပြီးမှ ပွဲစတင်ခဲ့တယ်လို့ သိရပါတယ်။