Connect with us

Hi, what are you looking for?

သတင်း

ထားဝယ်မြို့နယ်တိုက်ပွဲတွင်စစ်​ကောင်စီတပ်သား ၁၀ဦး​ကျော်ကို​ KNDO နှင့် PDF များဖမ်းမိ

ထိုပြင်သရက်‌ချောင်းမြို့တိုက်ပွဲတွင်လည်းတိုက်ပွဲများပြင်းထန်​နေရာ ဇူလိုင်၁၂ ရက်က စစ်​​ကောင်စီတပ်ကားကို ​ဒေသခံPDF က မိုင်းခွဲတိုက်ခိုက်ရာ စစ်သား ၇ ဦး​သေဆုံးခဲ့​ကြောင်းNUG ကထုတ်ပြန်သည်။

(ထားဝယ်မြို့နယ်တွင် စစ်​ကောင်စီတပ်ပစ်ခတ်ထား​သော လက်နက်ကြီးကျည်ခွံများ။ ။ဓါတ်ပုံ-CJ)
(ထားဝယ်မြို့နယ်တွင် စစ်​ကောင်စီတပ်ပစ်ခတ်ထား​သော လက်နက်ကြီးကျည်ခွံများ။ ။ဓါတ်ပုံ-CJ)

တနသာ်ရီတိုင်းရှိ ထားဝယ်၊ သရက်ချောင်းနှင့်ပုလောမြို့နယ်တို့တွင်ယခုရက်ပိုင်းတိုက်ပွဲများပြင်ထန်​​နေရာယ​​​နေ့ ထားဝယ်မြို့နယ်တစ်​နေရာတိုက်ပွဲတွင် စစ်​ကောင်စီတပ်သား ၁၀ ဦး​ကျော်ကို ​ဒေသခံကာကွယ်​ရေးတပ်များကဖမ်းဆီးနိုင်ခဲ့​ကြောင်း​ဒေသတွင်းသတင်းရင်းမြစ်က​ပြောသည်။

စစ်​ကောင်စီတပ်သည်ထားဝယ်-ထီးခီးလမ်းပိုင်းကိုဇူလိုင် ၄ ရက်မှစ၍ စစ်​ကြောင်းထိုးလာရာ​ဒေသခံပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့များ ၊ KNDO တပ်ဖွဲ့တို့က ခုခံတိုက်ခိုက်​နေရာ လယ​နေ့အခထိတိုက်ပွဲအနည်းဆုံး ၄ကြိမ်ဖြစ်ပွားခဲ့သည်။ ယ​နေ့ ထိုင်း-မြန်မာနယ်စပ်တစ်​နေရာတွင်တိုက်ပွဲပြင်းထန်​ခဲ့ပြီး KNDO နှင့် PDFပူး​ပေါင်းတပ်များကစစ်​ကောင်စီတပ်သား ၁၀ ဦး​ကျော်ဖမ်းဆီးနိုင်ခဲ့​ကြောင်း PDF နှင့်နီးစပ်​​သောသတင်းရင်းမြစ်အချို့က​ပြောသည်။

ပု​လောနှင့် သရက်​ချောင်းမြို့နယ်တို့တွင်လည်းတိုက်ပွဲများပြင်ထန်​နေရာ နှစ်ဖက်ကျဆုံးမှုများရှိ​နေသည်။ဇူလိုင် ၁၃ ရက်)မနက် ၅နာရီခွဲခန့်၌ ပုလောမြို့နယ်၊ပဝတ်ကုန်းတိုက်ပွဲတွင် KNDOဘက်မှာ ဗိုလ်တစ်ဦးနှင့်PDFတပ်ခွဲမှူးတစ်ဦးကျဆုံးခဲ့သည်ဟု ဒေသခံကာကွယ်ရေးတပ်များပြောသည်။
ပဝတ်ကုန်းကျေးရွာရှိ စစ်ကောင်စီတပ်စခန်းကို ထိုးစစ်ဆင်တိုက်ခိုက်ရာ စစ်​ကောင်စီတပ်ကသတင်းကြိုရပြီး လက်နက်အင်အားအသာဖြင့် လက်ဦးမှုယူတိုက်ခိုက်ခဲ့၍ ကျဆုံးခဲ့ခြင်း
ဖြစ်သည်။ စစ်​ကောင်စီတပ်မှ ​သေဆုံး ဒဏ်ရာရမူကိုမသိရ​ပေ။

ထိုပြင်သရက်‌ချောင်းမြို့တိုက်ပွဲတွင်လည်းတိုက်ပွဲများပြင်းထန်​နေရာ ဇူလိုင်၁၂ ရက်က စစ်​​ကောင်စီတပ်ကားကို ​ဒေသခံPDF က မိုင်းခွဲတိုက်ခိုက်ရာ စစ်သား ၇ ဦး​သေဆုံးခဲ့​ကြောင်းNUG ကထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်အတွင်းမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်တပ်အကြား တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး စစ်တပ်က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေ မီးရှို့ ဖျက်ဆီးတာတွေ ဆက်လုပ်ခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

တော်လှန်ရေးစိုးမိုးနယ်မြေအတွင်း လောင်းကစားဝိုင်းတွေ ချက်ချင်းရပ်တန့်ကြဖို့နဲ့ ဆက်လက်လုပ်ဆောင်ပါက ဖမ်းဆီးအရေးယူမယ့်အပြင် အသက် (၁၈) နှစ်မှ (၃၀) နှစ်ကြား လူငယ်တွေကို စစ်သင်တန်းပေးကာ တော်လှန်ရေးရဲဘော်အဖြစ် တာဝန်ပေးအပ်သွားမှာဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပခုက္ကူခရိုင် တပ်ရင်း(၁၅)နဲ့ ယင်းမာပင်ခရိုင် အမှတ်(၁၁)တပ်ရင်းတို့က ပူးတွဲသတိပေး ထုတ်ပြန်ပါတယ်။

သတင်း

တတက(၁၃)ကျောင်းအုပ်ကြီးနဲ့အမှတ်(၄)လေကြောင်းချီတပ်မဟာကွပ်ကဲမှုဌာနချုပ် ဗိုလ်မှူးချုပ် ၂ဦး ဒဏ်ရာရ