Connect with us

Hi, what are you looking for?

သတင်း

ဖားကန့်သပိတ်မှ ၈ ဦးစစ်​ကောင်စီကဖမ်းဆီး၍ စစ်တပ်ဗျူဟာကုန်းစစ်​ကြော​ရေးတွင်စစ်​ဆေး​နေ

ဖားကန့်တွင် စစ်အာဏာရှင် ဆန့်ကျင်ရေးလူထုသပိတ်ကို စစ်ကြောင်းသုံးကြောင်းဖြင့် နေ့စဥ် နံနက်ရော ညနေပါ ပြုလုပ်နေခြင်းဖြစ်ပြီး ယခုအခါ ဖမ်းဆီးခံရသော သပိတ်စစ်ကြောင်းကို ယာယီ ရပ်နားထားရသည်။

(ဇူလိုင်လဆန်းပိုင်းတွင်ဖားကန့်၌ဆန္ဒထုတ်​ဖော်​နေကြစဥ်။ ဓါတ်ပုံ-ဖားကန့်သပိတ်စစ်​ကြောင်း)
(ဇူလိုင်လဆန်းပိုင်းတွင်ဖားကန့်၌ဆန္ဒထုတ်​ဖော်​နေကြစဥ်။ ဓါတ်ပုံ-ဖားကန့်သပိတ်စစ်​ကြောင်း)

ဖားကန့်တွင် စစ်အာဏာရှင်ဆန့်ကျင်ရေးလူထုသပိတ်မှ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးခုနှစ်ဦးကိုစစ်ကောင်စီက ဖမ်းဆီးသွားပြီး စစ်တပ်ဗျုဟာကုန်းစစ်ကြောရေးတွင် စစ်ဆေးနေ​ကြောင်း​ဒေသခံများက​ပြောသည်။

ဖားကန့်ကျောက်တူးဖော်ရေးမှော်များအတွင်း နေ့စဥ်လှည့်လည်နေသည့် လူထုသပိတ်မှ ရှစ်ဦးကို ယမန်နေ့(ဇူလိုင် ၁၃ရက်)နေ့လယ်ကဖမ်းဆီးခံရခြင်းဖြစ်သည်။

“သပိတ်ပြီးလို့ လူစုခွဲချိန်မှာ ကျွန်တော်တို့လူတွေရဲ့ ကားရှေ့ကို ကားအနက်ကြီး ဖြတ်ဝင်ပိတ်ပြီးဖမ်းတာ။ သတိထားတဲ့ကြားထဲက တစ်ချက်ပေါ့သွားတာ”ဟု ဖားကန့်လူထုသပိတ်ခေါင်းဆောင်တစ်ဦးကပြောသည်။

ဖမ်းဆီးခံရသူ ရှစ်ဦးစလုံးကို စစ်တပ်ဗျူဟာကုန်းတွင် စစ်ဆေးနေပြီး သတင်းတစုံတရာ မကြားရသေးကြောင်း သပိတ်ခေါင်းဆောင်တစ်ဦးကပြောသည်။

Public Service Announcement

Public Service Announcement

ဖားကန့်တွင် စစ်အာဏာရှင် ဆန့်ကျင်ရေးလူထုသပိတ်ကို စစ်ကြောင်းသုံးကြောင်းဖြင့် နေ့စဥ် နံနက်ရော ညနေပါ ပြုလုပ်နေခြင်းဖြစ်ပြီး ယခုအခါ ဖမ်းဆီးခံရသော သပိတ်စစ်ကြောင်းကို ယာယီ ရပ်နားထားရသည်။

“သပိတ်စစ်ကြောင်း ယာယီခဏနားထားတယ်။ကျွန်တော်တို့ အခြေအနေ စောင့်ကြည့်နေပါတယ်” ဟု ဖားကန့်မြို့ခံတစ်ဦးကပြောသည်။

စစ်အာဏာရှင်ဆန့်ကျင်ရေးအားကောင်းသည့် ဖားကန့်တွင် ရဲအုပ်တစ်ဦး အပါအဝင် ရဲခုနှစ်ဦးကိုသေနတ်များနှင့်အတူ KIA ၊ PDF ပူးပေါင်းတပ်က ဇူလိုင် ၅ရက်တွင် ဖမ်းဆီးခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်တွေမြို့နယ်တိုက်ပွဲတွေမှာ အထိနာနေတဲ့ အာဏာသိမ်းစစ်တပ်ဟာ ဒီနေ့တရက်တည်းမှာ ရခိုင်ပြည်နယ်၊ ပေါက်တော၊ မင်းပြား နဲ့ ဂွမြို့နယ်တို့ကို ဗုံးကြဲခဲ့ပြီး အမျိုးသမီးတဦးသေဆုံးကာ ကျောင်းသားတဦး အပါအဝင် ​ဒေသခံပြည်သူနှစ်ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ဆောမြို့နယ်မှာ အာဏာသိမ်းစစ်တပ်ရဲ့ အင်အားဖြည့်မှုတွေကြောင့် တိုက်ပွဲတွေ ပိုပြင်းထန်လာနိုင်တယ်လို့ ဒေသတွင်းစစ်ရေးတာ၀န်ရှိသူနဲ့ သတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

စက်တင်ဘာ ၄ ​နောက်ပိုင်းစစ်လက်ချက်ကြောင့်အရပ်သားအနည်းဆုံး၆ ဦး​သေနဲ့ ၆ ဦးဒဏ်ရာရ

သတင်း

ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ်ရှိကြသောင်းဆိပ်(ယိုကလား)ရွာကိုအာဏာသိမ်းစစ်တပ်က က်တင်ဘာလ ၁၉ ရက်ညနက်ပိုင်းမှာဗုံးကြဲတာကြောင့်စာသင်ကျောင်းအပါအဝင်နေအိမ်အလုံး ၄၀ နီးပါး ထိခိုက်ပျက်စီးခဲ့ရတယ်လို့ KNU ဒူးသထူ(သထုံ)ခရိုင်က ဒီနေ့မှာ သတင်းထုတ်ပြန်ပါတယ်။