Connect with us

Hi, what are you looking for?

သတင်း

တောင်သာမြို့နယ်တွင် စစ်ကောင်စီ၏ ရဲအချင်းချင်းပစ်ခတ်မှုဖြစ်ပွားပြီး တစ်ဦးသေ၊ အမျိုးသမီးတစ်ဦး လက်ပြတ်ဟုဆို

ယနေ့ (ဇူလိုင် ၁၅ရက်) ညနေ ၃နာရီမိနစ် ၄၀ခန့်က တောင်သာမြို့နယ် ရုံးစည်ကြီးနယ်မြေရဲစခန်းတွင် ရဲတပ်သားလင်မယားနှစ်ဦး စကားများရန်ဖြစ်ရာမှ သေနတ်နှင့်ပစ်ခတ်မှုဖြစ်ပွားခဲ့သည်ဟု လူထုလှုပ်ရှားမှုကော်မတီ – တောင်သာ၏ ထုတ်ပြန်ချက်တွင် ဖော်ပြ သည်။

တောင်သာမြို့နယ်
တောင်သာမြို့နယ်

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီ၏ ရဲအချင်းချင်းပစ်ခတ်မှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ အမျိုးသမီးတစ်ဦး လက်ပြတ်သွားကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

ယနေ့ (ဇူလိုင် ၁၅ရက်) ညနေ ၃နာရီမိနစ် ၄၀ခန့်က တောင်သာမြို့နယ် ရုံးစည်ကြီးနယ်မြေရဲစခန်းတွင် ရဲတပ်သားလင်မယားနှစ်ဦး စကားများရန်ဖြစ်ရာမှ သေနတ်နှင့်ပစ်ခတ်မှုဖြစ်ပွားခဲ့သည်ဟု လူထုလှုပ်ရှားမှုကော်မတီ – တောင်သာ၏ ထုတ်ပြန်ချက်တွင် ဖော်ပြ သည်။

အရက်မူးလာသော ရဲတပ်သား ရန်နိုင်ဦးမှ မိန်းမဖြစ်သူနှင့်စကားများရန်ဖြစ်ခဲ့ရာ သေနတ်ဖြင့် ပစ်ခတ်ခဲ့သည်။ ထိုစဥ် ဝင်ရောက်ဟန့်တား​သော ရဲတပ်သား အောင်ခိုင်ဝင်းဆိုသူအား ရင်ဘတ်နှစ်ချက် ကျည်ဖောက်ဝင်ခဲ့ပြီး မိန်းမဖြစ်သူလည်း လက်မောင်းထိမှန်ကာ လက်တစ်ဖက် ပြတ်ကျခဲ့သည်ဟု ဆိုသည်။

သေနတ်ဒဏ်ရာထိမှန်သော ရဲသားလည်း သေဆုံးသွားကြောင်း လူထုလှုပ်ရှားမှုကော်မတီ-တောင်သာက အသိ ပေးထားသည်။

Public Service Announcement

Public Service Announcement

အထက်ပါဖြစ်စဥ်နှင့် ပတ်သက်၍ People’s Spring သတင်းဌာနအနေဖြင့် ထပ်မံအတည်ပြုနိုင်ခြင်း မရှိသေးပေ။

ဆက်စပ်သတင်းများ

ဆောင်းပါး

ရဲတပ်သားဟာဘုရားရှိခိုးအပြီး စေတီအနီးမှာ တစ်ဦးတည်း ထိုင်နေတုန်း အသက် ၅၀ ကျော်နဲ့ ၄၀ ဝန်းကျင် ယောကျာ်းကြီး ၃ ဦး ရောက်လာတယ်။ ရဲတပ်သားလေးကို ခပ်မာမာနဲ့ "ငါတို့နဲ့ လိုက်ခဲ့"လို့ ခေါ်တယ်။ ရဲတပ်သားလည်း သူကိုယ်တိုင်က လွှတ်တော်ကို လုံခြုံရေးတာဝန်ယူထားရသူ။ ပြီးတော့ သူများတွေကိုသာ...

သတင်း

ရွှေကူမြို့ထဲပါတိုက်ပွဲဖြစ်လာပြီး စစ်တပ်စစ်ကြောင်းမှာပါတဲ့ ရဲတွေနဲ့ စစ်မှုထမ်းသင်တန်းဆင်း စစ်သားသစ်တွေ ထွက်ပြေးသွားကြသလို KIA ၊KPDF ထံအလင်းဝင်သူအချို့လည်းရှိတယ်လို့မြေပြင်စစ်​ရေးသတင်းရင်းမြစ်အချို့က ပြောပါတယ်။

သတင်း

မန္တလေးမြို့မှာ အမျိုးသားပုံစံဝတ်ဆင်နေထိုင်တဲ့ ပစ္စည်းတွေသယ်ယူပို့ဆောင်ပေးသူ(Delivery) အမျိုးသမီးတစ်ဦး ပစ္စည်းပို့ရင်း ပျောက်ဆုံးနေကြောင်း သတင်းရရှိပါတယ်။

သတင်း

ဆောမြို့နယ်အတွင်းရောက်ရှိနေတဲ့စစ်တပ်စစ်ကြောင်းက ​ဒေသခံအမျိုးသမီးတွေကိုပစ်မှတ်ထားပြီး ဆိုးရွားတဲ့ လိင်ပိုင်းဆိုင်ရာ ညစ်ညမ်းမှုတွေ ကျူးလွန်ဖို့ကြိုးစားနေတယ်လို့ တော်လှန်‌ ရေးတပ်ဖွဲ့တွေကပြောပါတယ်။