Connect with us

Hi, what are you looking for?

သတင်း

Kaung For You ကျောင်းတည်ထောင်သူကိုဖမ်းမိထားတယ်လို့ စစ်ကောင်စီသတင်းထုတ်လာ

ဦးကောင်းသိုက်စိုးနဲ့အတူ CDM ကျောင်းဆရာ ၂ ဦးကိုပါဖမ်းမိခဲ့တာလို့ စစ်ကောင်စီကသတင်းထုတ်ထားပါတယ်။

K4U ​ကျောင်းလိုဂို
K4U ​ကျောင်းလိုဂို

K4U လို့လူသိများတဲ့ အွန်လိုင်းအခြေပြု Kaung For You ကျောင်းတည်ထောင်သူ ဦးကောင်းသိုက်စိုးကို ဇူလိုင်လ ၁၃ ရက်က ရှမ်းပြည်နယ် တောင်ပိုင်း၊အောင်ပန်းမြို့မှာ ဖမ်းမိခဲ့တယ်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်လာပါတယ်။

ဦးကောင်းသိုက်စိုးနဲ့အတူ CDM ကျောင်းဆရာ ၂ ဦးကိုပါဖမ်းမိခဲ့တာလို့ စစ်ကောင်စီကသတင်းထုတ်ထားပါတယ်။

အဲဒီသတင်းထုတ်ပြန်ချက်မှာဆိုရင် K4U ရဲ့ စာသင်ကြားမှုအစီအစဉ်မှာပါဝင်တဲ့ ဆရာ၊ဆရာမတွေ ၊ ငွေကြေးထောက်ပံ့သူတွေ ၊ပူးပေါင်းပါဝင်သူတွေကို ဆက်လက်အရေးယူမယ်လို့ စစ်ကောင်စီက ခြိမ်းခြောက်ထားတာတွေ့ရပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီလက်အောက်ခံကျောင်းတွေမှာ စာမသင်လိုသူတွေအတွက် NUG အသိအမှတ်ပြု အွန်လိုင်းအခြေပြုကျောင်းတွေဖွင့်လှစ်လာကြပြီး အဲဒီကျောင်းတွေထဲမှာ K4U က လူသိများသလိုတက်ရောက်ကြသူလည်းများကြပါတယ်။

Public Service Announcement

Public Service Announcement

ပြီးခဲ့တဲ့ ရက်ပိုင်းမှာတော့ K4U ကျောင်းတည်ထောင်သူဖမ်းဆီးခံလိုက်ရတဲ့သတင်းနဲ့အတူ K4U မှာ စာသင်နေတဲ့ ဆရာ၊ဆရာမအချို့ ဖမ်းဆီးခံရတာ ဆက်တိုက်ရှိခဲ့ပါတယ်။

သတင်းတွေအရ ဆရာ၊ဆရာမ ၁၆ ဦးထက်မနည်းဖမ်းဆီးခံထားရတယ်လို့သိရပါတယ်။

Kaung for You ကျောင်းက ဆရာဆရာမတွေ အဖမ်းခံရတာနဲ့ပတ်သက်ပြီး NUGရဲ့ ဒုပညာရေးဝန်ကြီး ဂျာထွယ်ပန်မှာ လူမှုကွန်ရက်မှာ အတည်ပြုရေးသားထားခဲ့ပါတယ်။

“လွတ်လပ်စွာ ပညာသင်ကြားခွင့်ကို ချိုးဖောက်တာဖြစ်ပြီး ယုတ်မာလူမဆန်မှုတွေပဲ ဖြစ်ပါတယ်။ အခုအချိန်မှာတော့ အားလုံး လုံခြုံရေးသတိနဲ့ နေကြဖို့ပါ” ဖို့ ဒုဝန်ကြီးက သတိပေးထားတာတွေ့ရပါတယ်။

ဆက်စပ်သတင်းများ

ဆောင်းပါး

နောက်ကျိနေတဲ့မြစ်ရေတွေမြို့ထဲကို အရှိန်ပြင်းပြင်း စီးဝင်လာလို့ လူတွေက ဘေးလွတ်ရာထွက်ပြေးနေကြပါတယ်။ မြို့‌ကောင်းကင်ယံမှာက ရဟတ်ယာဉ်နဲ့ Y12လေယာဉ်၊ ဂျက်ဖိုက်တာတချို့ တဝီဝီပျံသန်းနေပါတယ်။

သတင်း

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ(SCEF) အနေနဲ့ အာဏာသိမ်းစစ်ကောင်စီ ဖြုတ်ချဖို့အတွက် လုပ်ဆောင်သွားဖို့ ကြိုါ်ပမ်းလျက်ရှိရာ ပြည်သူတွေ ရပ်တည်ပေးကြဖို့ SCEF တာဝန်ရှိသူ တစ်ဦးဖြစ်တဲ့ ချင်းအမျိုးသားတပ်ဦး(CNF) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောကြားပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။