Connect with us

Hi, what are you looking for?

သတင်း

စစ်ကိုင်းတိုင်းရှိ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးအားလုံး ဇူလိုင်၂၀ရက်မတိုင်ခင် နှုတ်ထွက်ရန် တိုင်း(ပကဖ)ညွှန်ကြားထား

ညွှန်ကြားချက်ကို လိုက်နာဆောင်ရွက်ခြင်းမပြုဘဲ အကြမ်းဖက် ယန္တရားတွင်ကိုယ်တိုင် ကာယကံမြောက် ပါဝင်ပါက ပြည်သူ့အသက် အိုးအိမ်၊ စည်းစိမ်ကို နှောက်ယှက်ဖျက်ဆီးသူများဟု မှတ်ယူလျက် အကြမ်းဖက် တိုက်ဖျက်ရေး ဥပဒေအပါအဝင် တည်ဆဲဥပဒေများနှင့်အညီပြင်းထန်စွာ အရေးယူဆောင်ရွက်မည်ဟု အသိပေးထားသည်။

ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) စစ်ကိုင်းတိုင်း
ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) စစ်ကိုင်းတိုင်း

စစ်ကိုင်းတိုင်းအတွင်းရှိ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးများအားလုံး ချက်ချင်းနှုတ်ထွက်ရန် ညွှန်ကြားချက်ကို အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) စစ်ကိုင်းတိုင်းက ထုတ်ပြန်ထားသည်။

စစ်ကိုင်းတိုင်းအတွင်း အကြမ်းဖက် စစ်ကောင်စီ၏ အုပ်ချုပ်ရေးယန္တရားကို ဖယ်ရှားလျက် ပြည်သူ့အုပ်ချုပ်ရေး အာဏာကို ထူထောင်နေပြီဖြစ်ကြောင်း၊ ထို့ကြောင့် အမျိုးသားညီညွတ်ရေးအစိုးရသည် စစ်ကိုင်းတိုင်း အတွင်း ကျေးရွာ၊ရပ်ကွက်၊ မြို့နယ်နှင့် ခရိုင်အဆင့် ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့များကို ဖွဲ့စည်းတာဝန်ပေးအပ်လျက် ပြည်သူ့အုပ်ချုပ်ရေးယန္တရားကို စတင်လည်ပတ်လျက်ရှိကြောင်း ဖော်ပြထားသည်။

အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီ လက်အောက်တွင် တရားမဝင်တာဝန်ထမ်းဆောင်လျက်ရှိသည့် အဆင့်ဆင့်သော အုပ်ချုပ်ရေးတာဝန်ယူနေသူအားလုံး ဇူလိုင် ၁၀ရက်မှစ၍ ၁၀ရက်အတွင်း ရာထူးတာဝန်မှ စွန့်ခွာကြရန်နှင့် တာဝန်ကျရာ နယ်မြေမှ စွန့်ခွာကြရန် စစ်ကိုင်းတိုင်း(ပကဖ)က ညွှန်ကြားသည်။

ညွှန်ကြားချက်ကို လိုက်နာဆောင်ရွက်ခြင်းမပြုဘဲ အကြမ်းဖက် ယန္တရားတွင်ကိုယ်တိုင် ကာယကံမြောက် ပါဝင်ပါက ပြည်သူ့အသက် အိုးအိမ်၊ စည်းစိမ်ကို နှောက်ယှက်ဖျက်ဆီးသူများဟု မှတ်ယူလျက် အကြမ်းဖက် တိုက်ဖျက်ရေး ဥပဒေအပါအဝင် တည်ဆဲဥပဒေများနှင့်အညီပြင်းထန်စွာ အရေးယူဆောင်ရွက်မည်ဟု အသိပေးထားသည်။

Public Service Announcement

Public Service Announcement

အဆိုပါ စစ်ကိုင်းတိုင်း (ပကဖ)၏ ညွှန်ကြားချက်အတိုင်းခရိုင်အသီးသီးရှိ ပကဖများကလည်း ညွှန်ကြား ချက်များ ထပ်ဆင့်ထုတ်ပြန်ထားသည်ကို တွေ့ရသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

မန္တလေးတိုင်း၊ မိတ္တီလာမြို့နယ်မှာ အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဖို့ လူငယ်တွေအမြန်ပို့ဖို့ တောင်းခံပြီးနောက် စစ်မှုထမ်း လူစုပေးနေတဲ့ အုပ်ချုပ်ရေးမှူးနဲ့ညီဖြစ်သူတို့ ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ (SCEF) နဲ့ စစ်ကိုင်းဖက်ဒရယ်ယူနစ်၊ မကွေးဖက်ဒရယ်ယူနစ်၊ မန္တလေးဒေသတို့မှ အစိုးရ၊ လွှတ်တော် တာဝန်ရှိသူများ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း SCEFက ဒီကနေ့မှာ ထုတ်ပြန်ပါတယ်။