Connect with us

Hi, what are you looking for?

News

NUG ရဲ့ အောင်လံလွှင့်ချီနွေဦးထီကို ဩဂုတ်၁၅ စရောင်းမယ်၊ ထီထိုးသူတွေရဲ့လုံခြုံရေးကို အဓိကထားတယ်လို့ ဝန်ကြီးပြော

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ဟာ ‘အောင်လံလွှင့်ချီနွေဦးထီ’ ကို ဩဂုတ် ၁၅ ရက်မှာ စတင်ရောင်းချမှာ ဖြစ်ပြီး ထီထိုးတဲ့သူတွေနဲ့ ထီပေါက်တဲ့သူတွေရဲ့လုံခြုံရေးကို အဓိကထား ကာကွယ်ပေးထားတယ်လို့ မနေ့က အသိပေးထုတ်ပြန်ပါတယ်။

People's Spring
People's Spring

နွေဦးထီကို တစ်စောင်လျှင် ၂၀၀၀ ကျပ်နှုန်းနဲ့ အနည်းဆုံး ၅ စောင်ကနေ စောင်ရေ ၅၀ အထိ အားပေးဝယ်ယူနိုင် ပြီး ထီရောင်းချရငွေ စုစုပေါင်းရဲ့ ၇၀ ရာခိုင်နှုန်းကို နိုင်ငံ့ဝန်ထမ်း CDM တွေအတွက် သုံးစွဲမှာဖြစ်ပြီး ၃၀ ရာခိုင်နှုန်း ကို ဆုမဲအဖြစ် ပြန်လည်ပေးအပ်သွားမှာဖြစ်တယ်လို့ NUG ရဲ့ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီး ဦးတင်ထွန်းနိုင်က ပြောပါတယ်။

“တကယ်တော့ နွေဦးထီထိုးတယ်ဆိုတာ တစ်ဦးချင်း၊ တစ်ယောက်ချင်း အသံတိတ်တော်လှန်ရေးကို ဆင်နွှဲနေတာပါပဲ။ ပြောရရင် အာဏာရှင်မောင်းထုတ်တဲ့ သံပုံတီးကမ်ပိန်းလောက် မစွန့်စားရပါဘူး။ နေ့စဉ် ရက်ဆက်လမ်းပေါ် ထွက်ပြီး ရဲဝင့်စွာ ဆန္ဒပြနေသူတွေနဲ့ ယှဉ်ရင် ပိုလို့တောင် မပြောပလောက်ပါဘူး” လို့ ပြည်ထောင်စုဝန်ကြီးက ဆို ပါတယ်။

နည်းပညာနဲ့ ထီထိုးသူတွေရဲ့ လုံခြုံရေးကို အပြည့်အ၀ကာကွယ်ပေးထားတာကြောင့် ထီထိုးသူ ကာယကံရှင်က ထုတ်မပြောရင် ဘယ်သူမှမသိနိုင်တာကြောင့် အကြမ်းဖက်စစ်တပ်ရဲ့ခြိမ်းခြောက်မှုတွေကို စိုးရိမ်စရာမရှိပါဘူးလို့ NUG က အာမခံပါတယ်။

‘အောင်လံလွှင့်ချီနွေဦးထီ’ဟာ တော်လှန်ရေးအတွက် တစ်သောင်းကျပ်အနည်းဆုံး လှူဒါန်းနေသူတွေကို ဦးတည် လုပ်ဆောင်တာဖြစ်ပြီး အမြင့်ဆုံးဆုငွေ ၁၅ သိန်းကျပ်ကို ထုတ်ယူသည်ဖြစ်စေ၊ NUG ကို ပြန်လည်လှူဒါန်းသည် ဖြစ်စေ ရွေးချယ်နိုင်တယ်လို့ ဆိုပါတယ်။

Public Service Announcement

Public Service Announcement

နွေဦးထီဟာ စစ်အာဏာရှင်ပြုတ်ကျရေးအတွက် အရေးပါတဲ့တော်လှန်ရေးထီဖြစ်တာကြောင့် ပြည်သူတစ်ဦးချင်း၊ တစ်ယောက်ချင်းက အသံတိတ်ဆင်နွှဲပေးကြဖို့ ဦးတင်ထွန်းနိုင်က တိုက်တွန်းပါတယ်။

“အောင်ပွဲက လက်တကမ်းရောက်နေပါပြီ” လို့ ပြည်သူ လူထုကို အသိပေးထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရေး တာဝန်များ ထမ်းဆောင်ရင်း ကိုယ်အင်္ဂါ စွန့်လွှတ်ခဲ့ရသော တော်လှန်ရေးရဲဘော်များအတွက် ပြန်လည်ထူထောင်ရေး ကော်မတီတစ်ရပ်ကို ဖွဲ့စည်းပြီးဖြစ်လို့ ကိုယ်လက်အင်္ဂါစွန့်လွှတ်ရဲဘော်တွေ ဆက်သွယ်နိုင်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)နဲ့ ကြားကာလ မကွေးဖက်ဒရယ်ယူနစ်အစိုးရက ပေါက်နဲ့ မြိုင်မြို့နယ်တွေက စစ်ဘေးရှောင်ပြည်သူတွေအတွက် တစ်မြို့နယ်ကို ကျပ်သိန်း ၅၀၀ စီထောက်ပံ့ခဲ့တယ်လို့ မကွေးဖက်ဒရယ်ယူနစ်အစိုးရက ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာနက ပြီးခဲ့တဲ့ ဩဂုတ်လအတွင်း စစ်ရေးအခြေအနေကို ဒီကနေ့ စက်တင်ဘာ ၂၅ရက်မှာ ထုတ်ပြန်ခဲ့ရာတိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀၀ကျော် သေဆုံးခဲ့ကြောင်းဖော်ပြပါတယ်။

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ တွင်းမ ပျူစောထီးကျေးရွာလာရောက်တဲ့ စစ်တပ် ရဟတ်ယာဉ်ကို ဒရုန်းနဲ့ တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့တဲ့ ပေါက်မြို့နယ် ပကဖ ဒရုန်းတပ်ဖွဲ့ ကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG) က ဂုဏ်ပြုငွေ ကျပ်သိန်း တစ်သောင်း နဲ့ ဂုဏ်ပြုလက်မှတ် ပေးအပ်ချီးမြှင့်ခဲ့ကြောင်း NUG က သတင်းထုတ်ပြန်ပါတယ်။

Facebook