Connect with us

Hi, what are you looking for?

သတင်း

ICJ ၌ စစ်​ကောင်စီ၏ ကနဦးလျှောက်လဲချက်များ ငြင်းပယ်ခံရ၊ အမှုကို ဆက်လက်စစ်ဆေးကြားနာမည်

၂၀၂၁ တွင် စစ်တပ်က အာဏာသိမ်းယူအပြီးတွင် ICJ အမှုကို ဆက်လက်ငြင်းဆိုခဲ့ရာ လက်ရှိတွင် စစ်ကောင်စီ၏ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ကိုကိုလှိုင်ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့တက်ရောက်နေခြင်းဖြစ်သည်။

ICJ ၌ စစ်​ကောင်စီ၏ ကနဦးလျှောက်လဲချက်များ ငြင်းပယ်ခံရ၊ အမှုကို ဆက်လက်စစ်ဆေးကြားနာမည်
ICJ ၌ စစ်​ကောင်စီ၏ ကနဦးလျှောက်လဲချက်များ ငြင်းပယ်ခံရ၊ အမှုကို ဆက်လက်စစ်ဆေးကြားနာမည်

ဂျီနိုဆိုက်ကွန်ဗင်းရှင်းချိုးဖောက်သည်ဆိုကာ ဂမ်ဘီယာက မြန်မာကို စွဲဆိုထားသောအမှုတွင် စစ်​ကောင်စီ၏ ကနဦးလျှောက်လဲချက်များကို အပြည်ပြည်ဆိုင်ရာတရားရုံး(ICJ)
ကငြင်းပယ်ကြောင်း ယနေ့ဆုံးဖြတ်သည်။

အာဏာသိမ်းစစ်​ကောင်စီ၏ဝန်ကြီး ဦးကိုကိုလှိုင် ဦး​ဆောင်တင်သွင်းခဲ့သော ကနဦးလျှောက်လဲချက် ၃ ခုကို ICJ တရားသူကြီးအားလုံးက တညီတညွတ်တည်းပယ်ချခဲ့ပြီး လျှောက်လဲချက် ၁ ခုကို တရားသူကြီး ၁၅ ဦးက ပယ်ချကာ တရားသူကြီး တစ်ဦးက ထောက်ခံခဲ့သည်။

ထို့အတွက် စစ်​ကောင်စီ၏ ကနဦးလျှောက်လဲချက်များမှာ အရေးနိမ့်ခဲ့ပြီး ဂျီနိုဆိုက်ကွန်ဗင်းရှင်းကို ချိုးဖောက်သည်ဆိုသော ဂမ်ဘီယာ၏ စွဲဆိုချက်ကို ICJ ရုံးတော်က ဆက်လက်စစ်ဆေးကြားနာ မည်ဖြစ်သည်။

ICJ ၌ စစ်​ကောင်စီ၏ ကနဦးလျှောက်လဲချက်များ ငြင်းပယ်ခံရ၊ အမှုကို ဆက်လက်စစ်ဆေးကြားနာမည်
ICJ ၌ စစ်​ကောင်စီ၏ ကနဦးလျှောက်လဲချက်များ ငြင်းပယ်ခံရ၊ အမှုကို ဆက်လက်စစ်ဆေးကြားနာမည်

ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ ရိုဟင်ဂျာများကို လူမျိုးသုဉ်းသတ်ဖြတ်မှုသည်ဟုဆိုကာ ဂမ်ဘီယာက မြန်မာကို ၂၀၁၉ နိုဝင်ဘာတွင် ICJ ၌ စတင်တရားစွဲဆိုခဲ့ပြီး ထိုစဉ်က နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့က သွားရောက် ငြင်းဆိုခဲ့ သည်။

Public Service Announcement

Public Service Announcement

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ရွေးကောက်ခံအမတ်အများစုဖြင့် ဖွဲ့စည်းခဲ့သော အမျိုးသား ညီညွတ်ရေးအစိုးရ NUG ကမူ ဒေါ်အောင်ဆန်းစုကြည်အစိုးရလက်ထက်တွင် ၎င်းတို့တင်သွင်း ငြင်းဆိုခဲ့သော ကနဦးလျှောက်လဲချက်များကို ပြန်လည်ရုတ်သိမ်းကြောင်း ICJ သို့ အကြောင်းကြားခဲ့သည်။

၂၀၂၁ တွင် စစ်တပ်က အာဏာသိမ်းယူအပြီးတွင် ICJ အမှုကို ဆက်လက်ငြင်းဆိုခဲ့ရာ လက်ရှိတွင် စစ်ကောင်စီ၏ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ကိုကိုလှိုင်ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့တက်ရောက်နေခြင်းဖြစ်သည်။

ICJ ၌ စစ်​ကောင်စီ၏ ကနဦးလျှောက်လဲချက်များ ငြင်းပယ်ခံရ၊ အမှုကို ဆက်လက်စစ်ဆေးကြားနာမည်
ICJ ၌ စစ်​ကောင်စီ၏ ကနဦးလျှောက်လဲချက်များ ငြင်းပယ်ခံရ၊ အမှုကို ဆက်လက်စစ်ဆေးကြားနာမည်

“မြန်မာနိုင်ငံအပေါ် ဂန်ဘီယာနိုင်ငံက ရိုဟင်ဂျာဂျီနိုဆိုဒ်ရာဇဝတ်မှုနဲ့ပတ်သက်ပြီး တရားစွဲဆိုထားတဲ့အပေါ် လက်ခံစီရင်ခွင့်မရှိဘူးလို့ စစ်ကောင်စီဘက်က ကနဦးကန့်ကွက်ချက်တွေကို ICJ တရားသူကြီးအားလုံးက တစ်ညီတစ်ညွတ်ထည်း ပယ်ချလိုက်ပါတယ်။ ICJ က မြန်မာနိုင်ငံအပေါ် တရားစီရင်ခွင့်ရှိကြောင်း ဆုံးဖြတ်ချက်ချလိုက်ပါပြီ။အရေး
ကြီးတဲ့အဆင့်တစ်ဆင့် အောင်မြင်သွားတာဖြစ်သလို ရိုဟင်ဂျာပြည်သူများရဲ့ အမှန်တရားနဲ့ တရားမျှတမှုအတွက် ခြေလှမ်းတဆင့် တိုးလာပါပြီ”ဟု NUG လူ့အခွင့်အ​ရေးဝန်ကြီး ဦး​အောင်မျိုးမင်းက သူ၏​ဖေစ်ဘွခ်တွင်​ရေးသားထားသည်။

“NUG အစိုးရအနေနဲ့ ICJ ရဲ့တရားစီရင်ချက်အပေါ် ငြင်းပယ်ခဲ့တာကို ပယ်ဖျက်ခဲ့ပြီး စီရင်ရာမှာပူးပေါင်းဆောင်ရွက်မယ်လို့ လွန်ခဲ့တဲ့ ဖေ​ဖော်ဝါရီလထဲက ကြေညာထားပြီးသားပါ”ဟုလူ့အခွင့်အ​ရေးဝန်ကြီးကဆက်လက်​ရေးသားသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ် ဗန်းမော်မြို့နယ်မှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပြီး စက်တင်ဘာ ၂၇ရက် မနက်ပိုင်းတိုက်ပွဲမှာ စစ်တပ်အထိနာကာ သေဆုံးထိခိုက်ရှိခဲ့ကြောင်း ကချင် သတင်းရင်းမြစ်အချို့က ပြောပါတယ်။

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

မြန်မာနိုင်ငံမှာရိုဟင်ဂျာတွေအပေါ် လူမျိုးသုဉ်းသတ်ဖြတ်မှုနဲ့ပတ်သက်လို့ အပြည်ပြည်ဆိုင်ရာတရားရုံး(ICJ)ဆီကဆုံးဖြတ်ချက်တစ်ခု အောက်တိုဘာလထဲမှာ ထွက်ပေါ်လာနိုင်တယ်လို့ ဆိုပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

Facebook