Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ICJ ၌ စစ်​ကောင်စီ၏ ကနဦးလျှောက်လဲချက်များ ငြင်းပယ်ခံရ၊ အမှုကို ဆက်လက်စစ်ဆေးကြားနာမည်

၂၀၂၁ တွင် စစ်တပ်က အာဏာသိမ်းယူအပြီးတွင် ICJ အမှုကို ဆက်လက်ငြင်းဆိုခဲ့ရာ လက်ရှိတွင် စစ်ကောင်စီ၏ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ကိုကိုလှိုင်ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့တက်ရောက်နေခြင်းဖြစ်သည်။

ICJ ၌ စစ်​ကောင်စီ၏ ကနဦးလျှောက်လဲချက်များ ငြင်းပယ်ခံရ၊ အမှုကို ဆက်လက်စစ်ဆေးကြားနာမည်
ICJ ၌ စစ်​ကောင်စီ၏ ကနဦးလျှောက်လဲချက်များ ငြင်းပယ်ခံရ၊ အမှုကို ဆက်လက်စစ်ဆေးကြားနာမည်

ဂျီနိုဆိုက်ကွန်ဗင်းရှင်းချိုးဖောက်သည်ဆိုကာ ဂမ်ဘီယာက မြန်မာကို စွဲဆိုထားသောအမှုတွင် စစ်​ကောင်စီ၏ ကနဦးလျှောက်လဲချက်များကို အပြည်ပြည်ဆိုင်ရာတရားရုံး(ICJ)
ကငြင်းပယ်ကြောင်း ယနေ့ဆုံးဖြတ်သည်။

အာဏာသိမ်းစစ်​ကောင်စီ၏ဝန်ကြီး ဦးကိုကိုလှိုင် ဦး​ဆောင်တင်သွင်းခဲ့သော ကနဦးလျှောက်လဲချက် ၃ ခုကို ICJ တရားသူကြီးအားလုံးက တညီတညွတ်တည်းပယ်ချခဲ့ပြီး လျှောက်လဲချက် ၁ ခုကို တရားသူကြီး ၁၅ ဦးက ပယ်ချကာ တရားသူကြီး တစ်ဦးက ထောက်ခံခဲ့သည်။

ထို့အတွက် စစ်​ကောင်စီ၏ ကနဦးလျှောက်လဲချက်များမှာ အရေးနိမ့်ခဲ့ပြီး ဂျီနိုဆိုက်ကွန်ဗင်းရှင်းကို ချိုးဖောက်သည်ဆိုသော ဂမ်ဘီယာ၏ စွဲဆိုချက်ကို ICJ ရုံးတော်က ဆက်လက်စစ်ဆေးကြားနာ မည်ဖြစ်သည်။

ICJ ၌ စစ်​ကောင်စီ၏ ကနဦးလျှောက်လဲချက်များ ငြင်းပယ်ခံရ၊ အမှုကို ဆက်လက်စစ်ဆေးကြားနာမည်
ICJ ၌ စစ်​ကောင်စီ၏ ကနဦးလျှောက်လဲချက်များ ငြင်းပယ်ခံရ၊ အမှုကို ဆက်လက်စစ်ဆေးကြားနာမည်

ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ ရိုဟင်ဂျာများကို လူမျိုးသုဉ်းသတ်ဖြတ်မှုသည်ဟုဆိုကာ ဂမ်ဘီယာက မြန်မာကို ၂၀၁၉ နိုဝင်ဘာတွင် ICJ ၌ စတင်တရားစွဲဆိုခဲ့ပြီး ထိုစဉ်က နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့က သွားရောက် ငြင်းဆိုခဲ့ သည်။

Public Service Announcement

Public Service Announcement

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ရွေးကောက်ခံအမတ်အများစုဖြင့် ဖွဲ့စည်းခဲ့သော အမျိုးသား ညီညွတ်ရေးအစိုးရ NUG ကမူ ဒေါ်အောင်ဆန်းစုကြည်အစိုးရလက်ထက်တွင် ၎င်းတို့တင်သွင်း ငြင်းဆိုခဲ့သော ကနဦးလျှောက်လဲချက်များကို ပြန်လည်ရုတ်သိမ်းကြောင်း ICJ သို့ အကြောင်းကြားခဲ့သည်။

၂၀၂၁ တွင် စစ်တပ်က အာဏာသိမ်းယူအပြီးတွင် ICJ အမှုကို ဆက်လက်ငြင်းဆိုခဲ့ရာ လက်ရှိတွင် စစ်ကောင်စီ၏ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ကိုကိုလှိုင်ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့တက်ရောက်နေခြင်းဖြစ်သည်။

ICJ ၌ စစ်​ကောင်စီ၏ ကနဦးလျှောက်လဲချက်များ ငြင်းပယ်ခံရ၊ အမှုကို ဆက်လက်စစ်ဆေးကြားနာမည်
ICJ ၌ စစ်​ကောင်စီ၏ ကနဦးလျှောက်လဲချက်များ ငြင်းပယ်ခံရ၊ အမှုကို ဆက်လက်စစ်ဆေးကြားနာမည်

“မြန်မာနိုင်ငံအပေါ် ဂန်ဘီယာနိုင်ငံက ရိုဟင်ဂျာဂျီနိုဆိုဒ်ရာဇဝတ်မှုနဲ့ပတ်သက်ပြီး တရားစွဲဆိုထားတဲ့အပေါ် လက်ခံစီရင်ခွင့်မရှိဘူးလို့ စစ်ကောင်စီဘက်က ကနဦးကန့်ကွက်ချက်တွေကို ICJ တရားသူကြီးအားလုံးက တစ်ညီတစ်ညွတ်ထည်း ပယ်ချလိုက်ပါတယ်။ ICJ က မြန်မာနိုင်ငံအပေါ် တရားစီရင်ခွင့်ရှိကြောင်း ဆုံးဖြတ်ချက်ချလိုက်ပါပြီ။အရေး
ကြီးတဲ့အဆင့်တစ်ဆင့် အောင်မြင်သွားတာဖြစ်သလို ရိုဟင်ဂျာပြည်သူများရဲ့ အမှန်တရားနဲ့ တရားမျှတမှုအတွက် ခြေလှမ်းတဆင့် တိုးလာပါပြီ”ဟု NUG လူ့အခွင့်အ​ရေးဝန်ကြီး ဦး​အောင်မျိုးမင်းက သူ၏​ဖေစ်ဘွခ်တွင်​ရေးသားထားသည်။

“NUG အစိုးရအနေနဲ့ ICJ ရဲ့တရားစီရင်ချက်အပေါ် ငြင်းပယ်ခဲ့တာကို ပယ်ဖျက်ခဲ့ပြီး စီရင်ရာမှာပူးပေါင်းဆောင်ရွက်မယ်လို့ လွန်ခဲ့တဲ့ ဖေ​ဖော်ဝါရီလထဲက ကြေညာထားပြီးသားပါ”ဟုလူ့အခွင့်အ​ရေးဝန်ကြီးကဆက်လက်​ရေးသားသည်။

ဆက်စပ်သတင်းများ

သတင်း

လှိုင်သာယာနှင့် အင်းစိန်မြို့နယ်တို့တွင် ယနေ့ ပေါက်ကွဲမှုများဖြစ်ခဲ့၍ စစ်ဆေးခြင်းဟုလည်း ဒေသခံအချို့က ပြောသည်။

သတင်း

စစ်ကောင်စီတပ်က လေကြောင်းမှ အဆိပ်ငွေ့ဗုံးများ၊ မီးလောင်ဗုံးများအသုံးပြုတိုက်ခိုက်လာကောင်းလည်း ဗိုလ်မှူးက ပြောသည်။ ကျားဖြူစစ်ကြောင်းမှ ရဲဘော်လေးဦးလည်း မစိုးရိမ်ရ ဒဏ်ရာရရှိကြောင်းလည်း ၎င်းက ဆက်ပြောသည်။

သတင်း

Urban Freedom စစ်ဆင်ရေးအနေဖြင့် ပထမဆုံးလုပ်ဆောင်မှုကို ဧပြီ ၁၀ ရက်တွင် မင်္ဂလာဒုံမြို့မရဲစခန်းကို တိုက်ခိုက်ခြင်းဖြင့် စတင်ခဲ့ပြီး ယင်းစစ်ဆင်ရေးတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦးသေဆုံးကာ သုံးဦးဒဏ်ရာရရှိခဲ့သည်။

သတင်း

တိုက်ခိုက်မှုအတွင်း လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် အပြန်အလှန်ပစ်ခတ်မှု ပြင်းထန်စွာဖြစ်ပွားခဲ့ပြီး ရန်သူ့တပ်ဘက်မှ အနည်းဆုံး(မျက်မြင်)လေးဦးထက်မနည်း ထိခိုက်သေဆုံးခဲ့ မြေပြင်အခြေအနေတွင် ယခုထက်ပိုနိုင်ကြောင်း မြိတ်ခရိုင် တပ်ရင်း(၁)က အသိပေးသည်။