Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်ကောင်စီရဲ့ ကန့်ကွက်ချက် ICJ ပယ်ချ

‌ဒီအမှုကိုစစ်တပ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီက အပြည်ပြည်ဆိုင်ရာဆက်ဆံရေးဝန်ကြီး ဦးကိုကိုလှိုင်နဲ့ ရှေ့နေချုပ်ဒေါက်တာသီတာဦးတို့ကိုဦးဆောင်စေကာတရားရင်ဆိုင်မယ့်အဖွဲ့ကိုပြန်လည်ဖွဲ့စည်းခဲ့ပါတယ်။

စစ်ကောင်စီရဲ့ ကန့်ကွက်ချက် ICJ ပယ်ချ
စစ်ကောင်စီရဲ့ ကန့်ကွက်ချက် ICJ ပယ်ချ

ရိုဟင်ဂျာတွေကိုမျိုးတုံးသတ်ဖြတ်မှုနဲ့ ဂမ်ဘီတရားစွဲဆိုထားတဲ့အမှုကို ICJ တရားရုံးကလက်ခံပြီးတရား စီရင်ပိုင်ခွင့်မရှိကြောင်းစစ်ကောင်စီရဲ့ကန့်ကွက်ချက်ကို တရားရုံးက ဒီနေ့မှာပယ်ချလိုက်ပါတယ်။

၂၀၁၇ခုနှစ်အတွင်း ရခိုင်ပြည်နယ် ‌မြောက်ပိုင်းမှာ စစ်တပ်က ရိုဟင်ဂျာတွေကို လူမျိုးတုံးသတ်ဖြတ်မှုကျုးလွန်တယ်ဆိုကာ ဂမ်ဘီယာက မြန်မာကို အပြည်ပြည်ဆိုင်ရာတရားရုံး ICJ မှာ တရားစွဲဆိုထားတာပါ။

‌ဒီအမှုကိုစစ်တပ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီက အပြည်ပြည်ဆိုင်ရာဆက်ဆံရေးဝန်ကြီး ဦးကိုကိုလှိုင်နဲ့ ရှေ့နေချုပ်ဒေါက်တာသီတာဦးတို့ကိုဦးဆောင်စေကာတရားရင်ဆိုင်မယ့်အဖွဲ့ကိုပြန်လည်ဖွဲ့စည်းခဲ့ပါတယ်။

အဲဒီအဖွဲ့ဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလအတွင်း ဒုတိယအကြိမ်အမှုကြားနာမှုမှာ ဂမ်ဘီယာဟာတိုက်ရိုက်နစ်နာတဲ့နိုင်ငံမဟုတ်လို့ တရားစွဲခွင့်မရှိသလို တရားရုံးကလည်း ဂမ်ဘီယာရဲ့ လျောက်ထားချက်ကိုလက်ခံစီရင်ပိုင်ခွင့်မရှိဘူးလို့ကန့်ကွက်ခဲ့ကြတာပါ။

Public Service Announcement

Public Service Announcement

ဒါပေမယ့် ဒီနေ့မှာ တရားရုံးက စစ်ကောင်စီကိုယ်စားလှယ်အဖွဲ့ရဲ့ကန့်ကွက်ချက်ကိုပယ်ချပြီး အမှုကိုဆက်လက်ကြားနာဖို့ဆုံးဖြတ်ခဲ့တာပဲဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ နှင့် AA သည် ဘူးသီးတောင်၊ မောင်တော၊ သံတွဲ၊ ကျောက်ဖြူ ၊ အမ်း၊ ​တောင်ကုတ် စသည့် မြို့နယ်များတွင်တိုက်ပွဲများဖြစ်ပွား​နေသည်။

သတင်း

ဧပြီ လ ၂၈ ရက်ကပင် ဒီးမော့ဆို မြို့နယ်၊ပူဖားကျေး ရွာမှာနွားကျောင်းနေသည့် အသက် (၁၄)နှစ်အရွယ် အမျိုးသား တစ်ဦး မိုင်းနင်းမိပြီး သေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များ​က ဆိုသည်။

သတင်း

ဧပြီ ၃၀ရက်က ကျင်းပသည့် NUG ၏ သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးက ယခုကဲ့သို့ ရှင်းပြပြီး မြေပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ စုဖွဲ့မှု အကြောင်းကို ပြောပြသည်။

သတင်း

စစ်မြေပြင်၌ ခွဲခြားရန်ခက်ခဲသော်လည်း အရှင်ဖမ်းဆီးရရှိသည့် စစ်သုံ့ပန်းများထဲမှ အဓမ္မ စစ်မှုထမ်းရသူများအရေးကို စိစစ်ဆောင်ရွက် ပေးလို့ရကြောင်း ၎င်းက ပြောသည်။