Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီရဲ့ ကန့်ကွက်ချက် ICJ ပယ်ချ

‌ဒီအမှုကိုစစ်တပ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီက အပြည်ပြည်ဆိုင်ရာဆက်ဆံရေးဝန်ကြီး ဦးကိုကိုလှိုင်နဲ့ ရှေ့နေချုပ်ဒေါက်တာသီတာဦးတို့ကိုဦးဆောင်စေကာတရားရင်ဆိုင်မယ့်အဖွဲ့ကိုပြန်လည်ဖွဲ့စည်းခဲ့ပါတယ်။

စစ်ကောင်စီရဲ့ ကန့်ကွက်ချက် ICJ ပယ်ချ
စစ်ကောင်စီရဲ့ ကန့်ကွက်ချက် ICJ ပယ်ချ

ရိုဟင်ဂျာတွေကိုမျိုးတုံးသတ်ဖြတ်မှုနဲ့ ဂမ်ဘီတရားစွဲဆိုထားတဲ့အမှုကို ICJ တရားရုံးကလက်ခံပြီးတရား စီရင်ပိုင်ခွင့်မရှိကြောင်းစစ်ကောင်စီရဲ့ကန့်ကွက်ချက်ကို တရားရုံးက ဒီနေ့မှာပယ်ချလိုက်ပါတယ်။

၂၀၁၇ခုနှစ်အတွင်း ရခိုင်ပြည်နယ် ‌မြောက်ပိုင်းမှာ စစ်တပ်က ရိုဟင်ဂျာတွေကို လူမျိုးတုံးသတ်ဖြတ်မှုကျုးလွန်တယ်ဆိုကာ ဂမ်ဘီယာက မြန်မာကို အပြည်ပြည်ဆိုင်ရာတရားရုံး ICJ မှာ တရားစွဲဆိုထားတာပါ။

‌ဒီအမှုကိုစစ်တပ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီက အပြည်ပြည်ဆိုင်ရာဆက်ဆံရေးဝန်ကြီး ဦးကိုကိုလှိုင်နဲ့ ရှေ့နေချုပ်ဒေါက်တာသီတာဦးတို့ကိုဦးဆောင်စေကာတရားရင်ဆိုင်မယ့်အဖွဲ့ကိုပြန်လည်ဖွဲ့စည်းခဲ့ပါတယ်။

အဲဒီအဖွဲ့ဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလအတွင်း ဒုတိယအကြိမ်အမှုကြားနာမှုမှာ ဂမ်ဘီယာဟာတိုက်ရိုက်နစ်နာတဲ့နိုင်ငံမဟုတ်လို့ တရားစွဲခွင့်မရှိသလို တရားရုံးကလည်း ဂမ်ဘီယာရဲ့ လျောက်ထားချက်ကိုလက်ခံစီရင်ပိုင်ခွင့်မရှိဘူးလို့ကန့်ကွက်ခဲ့ကြတာပါ။

Public Service Announcement

Public Service Announcement

ဒါပေမယ့် ဒီနေ့မှာ တရားရုံးက စစ်ကောင်စီကိုယ်စားလှယ်အဖွဲ့ရဲ့ကန့်ကွက်ချက်ကိုပယ်ချပြီး အမှုကိုဆက်လက်ကြားနာဖို့ဆုံးဖြတ်ခဲ့တာပဲဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

နယ်သာလန်နိုင်ငံ The Hague မြို့ရှိ အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) ရှေ့ Den Haag Central နဲ့ Utrecht Central station တို့မှာ (၃၈) နှစ်မြောက် ၈လေးလုံး ဒီမိုကရေစီအရေးတော်ပုံ အထိမ်းအမှတ်အကြို ထီးသပိတ်လှုပ်ရှားမှုကို ဒီကနေ့ (ဇူလိုင် ၂၉)...

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။