Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီ၏ လျှောက်လဲချက်များကို ကန့်ကွက်ပယ်ချသော ICJ ၏ စီရင်ချက်ကို NUG ကြိုဆို

တာဝန်ခံမှုနှင့် နစ်နာဆုံးရှုံးမှုများကို အစားလျော်ပေးခြင်းတို့သည် ဆက်လက်၍ တွန်းအားပေးသော မရှိမဖြစ် အချက်များဖြစ်ရန်လိုအပ်ကြောင်းလည်း NUG က တိုက်တွန်းသည်။

ဓာတ်ပုံ - ICJ
ဓာတ်ပုံ - ICJ

▪️နိုင်ငံတကာတရားစီရင်ရေးတွင် စစ်ကောင်စီ ၏ကျုးလွန်မှုမှန်သမျှ တာဝန်ခံမှုရှိရေး ဆက်လက် ကြိုးပမ်းမည်ဟု ထုတ်ပြန်

စစ်ကောင်စီ၏ လျှောက်လဲချက်များကို ကန့်ကွက်ပယ်ချခဲ့သော အပြည်ပြည်ဆိုင်ရာတရားရုံး(ICJ)၏ စီရင်ချက်ကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ကြိုဆိုကြောင်း ယနေ့ထုတ်ပြန်သည်။

ICJ ၏ စီရင်ချက်သည် ၂၀၁၆ နှင့် ၂၀၁၇ အတွင်း မြန်မာစစ်တပ်၏ စစ်ဆင်ရေးများ လုပ်နေစဉ် ရိုဟင်ဂျာများသို့ ဦးတည်ခဲ့သော ရက်စက်ကြမ်းကြုတ်မှုများအပေါ် ခိုင်မာသော ကြားနာစစ်ဆေးမှုများ ဆောင်ရွက်ရန် နည်းလမ်းကို ရှင်းလင်းစေကြောင်း NUG က ဆိုသည်။

NUG သည် တရားရုံး၏ စီရင်ပိုင်ခွင့်အာဏာကို လက်ခံကြောင်းနှင့် ကနဦး ကန့်ကွက်ချက်များ အားလုံးကို ရုပ်သိမ်းကြောင်း ဖေဖော်ဝါရီ ၁၀ ရက်ကတည်းက ICJ သို့ ဆက်သွယ်အသိပေးခဲ့ ပြီးဖြစ်သည်။

တာဝန်ခံမှုနှင့် နစ်နာဆုံးရှုံးမှုများကို အစားလျော်ပေးခြင်းတို့သည် ဆက်လက်၍ တွန်းအားပေးသော မရှိမဖြစ် အချက်များဖြစ်ရန်လိုအပ်ကြောင်းလည်း NUG က တိုက်တွန်းသည်။

Public Service Announcement

Public Service Announcement

NUG သည် အထက်ပါအမှုနှင့်ပတ်သက်၍ ICJ သို့ အပြည့်အဝ ပူးပေါင်းဆောင်ရွက်မှုကို ဆက်လက်တိုးမြှင့်ကမ်းလှမ်းသွားမည်ဟု အသိပေးသည်။

ထို့အပြင် NUG သည် ကုလသမဂ္ဂ၏ မြန်မာနိုင်ငံအတွက် လွတ်လပ်သော စုံစမ်းစစ်ဆေးရေး ယန္တရား (IIMM)နှင့် နိုင်ငံအဆင့် တရားစွဲဆိုခြင်း ဝန်ဆောင်မှုများသို့ အထောက်အထားများကို ဆက်လက် မျှဝေမည်ဖြစ်ပြီး အခြားသော တရားစီရင်ပိုင်စုများတွင် တာဝန်ခံမှုဆိုင်ရာ ကြိုးပမ်းအားထုတ်မှုများ တိုးတက်လာစေရန် ဆက်လက် ဆောင်ရွက်သွားမည်ဟု ထုတ်ပြန်သည်။

ဆက်စပ်သတင်းများ

သတင်း

နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) သွားရောက်တွေ့ဆုံခဲ့မှုအပေါ် လှိုက်လှဲစွာကြိုဆိုကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG)က ဒီကနေ့ ဩဂုတ် ၄ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

တော်လှန်ရေးအင်အားစုများရဲ့ဘုံနိုင်ငံရေးသဘောတူညီချက် (ပထမမူကြမ်း)ကို သဘောတူအတည်ပြုကြောင်း သဘောတူညီချက်မှာ ပါဝင်တဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေက ဒီကနေ့ ဇူလိုင် ၃၀ရက်မှာ အသိပေးထုတ်ပြန်ပါတယ်။