Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်ကောင်စီ၏ လျှောက်လဲချက်များကို ကန့်ကွက်ပယ်ချသော ICJ ၏ စီရင်ချက်ကို NUG ကြိုဆို

တာဝန်ခံမှုနှင့် နစ်နာဆုံးရှုံးမှုများကို အစားလျော်ပေးခြင်းတို့သည် ဆက်လက်၍ တွန်းအားပေးသော မရှိမဖြစ် အချက်များဖြစ်ရန်လိုအပ်ကြောင်းလည်း NUG က တိုက်တွန်းသည်။

ဓာတ်ပုံ - ICJ
ဓာတ်ပုံ - ICJ

▪️နိုင်ငံတကာတရားစီရင်ရေးတွင် စစ်ကောင်စီ ၏ကျုးလွန်မှုမှန်သမျှ တာဝန်ခံမှုရှိရေး ဆက်လက် ကြိုးပမ်းမည်ဟု ထုတ်ပြန်

စစ်ကောင်စီ၏ လျှောက်လဲချက်များကို ကန့်ကွက်ပယ်ချခဲ့သော အပြည်ပြည်ဆိုင်ရာတရားရုံး(ICJ)၏ စီရင်ချက်ကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ကြိုဆိုကြောင်း ယနေ့ထုတ်ပြန်သည်။

ICJ ၏ စီရင်ချက်သည် ၂၀၁၆ နှင့် ၂၀၁၇ အတွင်း မြန်မာစစ်တပ်၏ စစ်ဆင်ရေးများ လုပ်နေစဉ် ရိုဟင်ဂျာများသို့ ဦးတည်ခဲ့သော ရက်စက်ကြမ်းကြုတ်မှုများအပေါ် ခိုင်မာသော ကြားနာစစ်ဆေးမှုများ ဆောင်ရွက်ရန် နည်းလမ်းကို ရှင်းလင်းစေကြောင်း NUG က ဆိုသည်။

NUG သည် တရားရုံး၏ စီရင်ပိုင်ခွင့်အာဏာကို လက်ခံကြောင်းနှင့် ကနဦး ကန့်ကွက်ချက်များ အားလုံးကို ရုပ်သိမ်းကြောင်း ဖေဖော်ဝါရီ ၁၀ ရက်ကတည်းက ICJ သို့ ဆက်သွယ်အသိပေးခဲ့ ပြီးဖြစ်သည်။

တာဝန်ခံမှုနှင့် နစ်နာဆုံးရှုံးမှုများကို အစားလျော်ပေးခြင်းတို့သည် ဆက်လက်၍ တွန်းအားပေးသော မရှိမဖြစ် အချက်များဖြစ်ရန်လိုအပ်ကြောင်းလည်း NUG က တိုက်တွန်းသည်။

Public Service Announcement

Public Service Announcement

NUG သည် အထက်ပါအမှုနှင့်ပတ်သက်၍ ICJ သို့ အပြည့်အဝ ပူးပေါင်းဆောင်ရွက်မှုကို ဆက်လက်တိုးမြှင့်ကမ်းလှမ်းသွားမည်ဟု အသိပေးသည်။

ထို့အပြင် NUG သည် ကုလသမဂ္ဂ၏ မြန်မာနိုင်ငံအတွက် လွတ်လပ်သော စုံစမ်းစစ်ဆေးရေး ယန္တရား (IIMM)နှင့် နိုင်ငံအဆင့် တရားစွဲဆိုခြင်း ဝန်ဆောင်မှုများသို့ အထောက်အထားများကို ဆက်လက် မျှဝေမည်ဖြစ်ပြီး အခြားသော တရားစီရင်ပိုင်စုများတွင် တာဝန်ခံမှုဆိုင်ရာ ကြိုးပမ်းအားထုတ်မှုများ တိုးတက်လာစေရန် ဆက်လက် ဆောင်ရွက်သွားမည်ဟု ထုတ်ပြန်သည်။

ဆက်စပ်သတင်းများ

သတင်း

ရေးမြို့နယ် ခေါဇာမြို့နယ်ခွဲ၊ ကျုံညှဲကျေးရွာမှ ကျေးရွာအုပ်ချုပ်ရေးမှူး ပြည်သူ့စစ်အဖွဲ့အား လက်နက်ဖြုတ်သိမ်းရန်နှင့် အရေးယူပေးရန် ပြည်သူများမှတိုင်ကြားလာ၍ ဧပြီ ၂၃ရက် တွင် ခေါ်ယူဖမ်းဆီး လက်နက်ဖြုတ်သိမ်းခဲ့သည်ဟု ဖော်ပြသည်။

သတင်း

စခန်းသိမ်းတိုက်ပွဲအပြီးစစ်ကောင်စီ၏လက်နက်ခဲယမ်းအမြောက်အများအားသိမ်းဆည်းရရှိခဲ့ကြောင်း မှတ်တမ်းဓာတ်ပုံများနှင့်အတူ ဖော်ပြထားပြီး အရေအတွက်ကို မကြာမီ အလျဉ်းသင့်ပါက အသိပေးမည်ဟု ထုတ်ပြန်သည်။

သတင်း

အပြစ်မဲ့ပြည်သူများမှာ ၎င်းအဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များကြောင်းသာ ပို၍ ဒုက္ခရောက်နေကြရသည်ကို ကော်မရှင်နာအနေဖြင့် ဖော်ပြရန် အရေးကြီးကြောင်း ဦးခိုင်သုခက ပြောသည်။

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။