Connect with us

Hi, what are you looking for?

သတင်း

စစ်တပ်ကို အပြီးတိုင်ချေမှုန်းရေး ဘက်ပေါင်းစုံထိုးစစ်ဆင်မှုများအား အရှိန်မြှင့်ရန် GSCBတိုက်တွန်း

မြန်မာ့ဒီမိုကရေစီအရေးတက်ကြွလှုပ်ရှားသူ ၄ ဦးကို အကြမ်းဖက်စစ်အုပ်စုက သေဒဏ်ချမှတ် ကြောင်း ကြေညာချက်ထုတ်ပြန်အပြီးတွင် စစ်အုပ်စု၊ ၎င်းတို့၏ အဆက်အနွယ်နှင့် အစေအပါးများကို စစ်ရေးအရ ထိရောက်စွာ ဒဏ်ခတ်အရေးယူခြင်း ပြုလုပ်ရန် GSCB ကတိုက်တွန်းထုတ် ပြန်သည်။

စစ်တပ်ကို အပြီးတိုင်ချေမှုန်းရေး ဘက်ပေါင်းစုံထိုးစစ်ဆင်မှုများအား အရှိန်မြှင့်ရန် GSCBတိုက်တွန်း
စစ်တပ်ကို အပြီးတိုင်ချေမှုန်းရေး ဘက်ပေါင်းစုံထိုးစစ်ဆင်မှုများအား အရှိန်မြှင့်ရန် GSCBတိုက်တွန်း

ဖက်ဆစ်စစ်တပ်ကို အပြီးတိုင်ချေမှုန်းရေးအတွက် ဘက်ပေါင်းစုံ ထိုးစစ်ဆင်မှုများအား အရှိန်မြှင့်ရန် လက်နက်ကိုင်တော်လှန်ရေးအင်အားစုများကို အထွေထွေသပိတ် ပေါင်းစပ်ညှိနှိုင်းရေးအင်အားစု- GSCB က တိုက်တွန်းလိုက်သည်။

မြန်မာ့ဒီမိုကရေစီအရေးတက်ကြွလှုပ်ရှားသူ ၄ ဦးကို အကြမ်းဖက်စစ်အုပ်စုက သေဒဏ်ချမှတ် ကြောင်း ကြေညာချက်ထုတ်ပြန်အပြီးတွင် စစ်အုပ်စု၊ ၎င်းတို့၏ အဆက်အနွယ်နှင့် အစေအပါးများကို စစ်ရေးအရ ထိရောက်စွာ ဒဏ်ခတ်အရေးယူခြင်း ပြုလုပ်ရန် GSCB ကတိုက်တွန်းထုတ် ပြန်သည်။

စစ်တပ်ကို အပြီးတိုင်ချေမှုန်းရေး ဘက်ပေါင်းစုံထိုးစစ်ဆင်မှုများအား အရှိန်မြှင့်ရန် GSCBတိုက်တွန်း
စစ်တပ်ကို အပြီးတိုင်ချေမှုန်းရေး ဘက်ပေါင်းစုံထိုးစစ်ဆင်မှုများအား အရှိန်မြှင့်ရန် GSCBတိုက်တွန်း

နိုင်ငံရေးဦးဆောင်အဖွဲ့အစည်းများဖြစ်သည့် NUCC၊ NUG နှင့် CRPH အပါအဝင် တော်လှန်ရေးတပ်ပေါင်းစုများအနေဖြင့်လည်း ဖက်ဆစ်စစ်အာဏာရှင်စနစ်ကို အပြီးသတ်ချေမှုန်းပြီး ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ထောင်နိုင်ရေးအတွက် လက်တွေ့ကျသည့် လုပ်ငန်းစဉ်များချမှတ် အကောင်အထည်ဖော်ခြင်းကို ညီညွတ်သည့် အခြေခံဖြင့် အရှိန်အဟုန်မြှင့် ဆောင်ရွက်၍ စွန့်ခဲ့သူတို့အား အလေးအမြတ်ပြုရန် GSCB က တောင်းဆိုသည်။

“စစ်အုပ်စု၏ ရက်စက်ယုတ်မာမှု အပေါင်းသည် ယဉ်ကျေးသည့် ကမ္ဘာသစ်တွင် လုံးဝ လက်သင့်ခံစရာ မရှိပါ”ဟု GSCB က ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

နိုင်ငံတကာအနေဖြင့်လည်း အာဏာသိမ်းအကြမ်းဖက်စစ်အုပ်စုမှ ပြောင်ပြောင်တင်းတင်း ကျူးလွန်နေသည့် စစ်ရာဇဝတ်မှုများ၊ လူသားမျိုးနွယ်အပေါ် ရာဇဝတ်မှုများ ကျူးလွန်နေခြင်းနှင့် အကြမ်းဖက်ရာဇဝတ်မှုများ ဆက်တိုက်ကျူးလွန်နေခြင်းအပေါ် စောင့်ကြည့်နေခြင်းမပြုတော့ဘဲ ထိရောက်စွာ အရေးယူဆောင်ရွက်ခြင်းများ ပြုလုပ်ရန် GSCB က တိုက်တွန်းသည်။

ထင်ရှားသည့် ဒီမိုကရေစီရေးလှုပ်ရှားမှု ခေါင်းဆောင်များကို သတ်ဖြတ်ပြခြင်းအားဖြင့် တိုင်းပြည်ကို အကြောက်တရားနှင့် ဆက်လက်အုပ်ချုပ်ရန် ကြံရွယ်နေသော စစ်အုပ်စု၏ ယခုလုပ်ရပ်သည် ၎င်းတို့အနေဖြင့် တွေ့ဆုံဆွေးနွေး ညှိနှိုင်းအဖြေရှာခြင်းဆိုသည့် နိုင်ငံရေးလုပ်ငန်းစဉ်များနှင့် မထိုက်တန်သော ဖက်ဆစ်စစ်အာဏာရှင်သရုပ်သကန်ကိုလည်း အပြည့်အဝ ပြသနေခြင်းဖြစ် သည်။

ထို့အပြင် ယခုကဲ့သို့ မြန်မာနိုင်ငံ၏ ဥပဒေ၊ နိုင်ငံတရားစီရင်ရေးစနစ်၊ နိုင်ငံတကာ လိုက်နာရမည့် ကျင့်ဝတ်နှင့် ဥပဒေများကို ပြောင်ပြောင်တင်းတင်း ဆန့်ကျင်ပြီး လူသတ်မှုကို ပြောင်ကျကျ ကျူးလွန်နေသော စစ်အုပ်စုခေါင်းဆောင်မင်းအောင်လှိုင်၏ လုပ်ရပ်ကို တာဝန်ခံ ကာကွယ်နေသည့် စစ်တပ်သည် နိုင်ငံတော်ကာကွယ်ရေးအဖွဲ့အစည်းမဟုတ်တော့ဘဲ နိုင်ငံရေးအကြမ်းဖက်အစုအဖွဲ့သာ ဖြစ်သည်ကိုလည်း အပြည့်အဝ ပြသနေကြောင်းလည်း GSCB က ထုတ်ပြန်သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်တွေမြို့နယ်တိုက်ပွဲတွေမှာ အထိနာနေတဲ့ အာဏာသိမ်းစစ်တပ်ဟာ ဒီနေ့တရက်တည်းမှာ ရခိုင်ပြည်နယ်၊ ပေါက်တော၊ မင်းပြား နဲ့ ဂွမြို့နယ်တို့ကို ဗုံးကြဲခဲ့ပြီး အမျိုးသမီးတဦးသေဆုံးကာ ကျောင်းသားတဦး အပါအဝင် ​ဒေသခံပြည်သူနှစ်ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ဆောမြို့နယ်မှာ အာဏာသိမ်းစစ်တပ်ရဲ့ အင်အားဖြည့်မှုတွေကြောင့် တိုက်ပွဲတွေ ပိုပြင်းထန်လာနိုင်တယ်လို့ ဒေသတွင်းစစ်ရေးတာ၀န်ရှိသူနဲ့ သတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

စက်တင်ဘာ ၄ ​နောက်ပိုင်းစစ်လက်ချက်ကြောင့်အရပ်သားအနည်းဆုံး၆ ဦး​သေနဲ့ ၆ ဦးဒဏ်ရာရ

သတင်း

ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ်ရှိကြသောင်းဆိပ်(ယိုကလား)ရွာကိုအာဏာသိမ်းစစ်တပ်က က်တင်ဘာလ ၁၉ ရက်ညနက်ပိုင်းမှာဗုံးကြဲတာကြောင့်စာသင်ကျောင်းအပါအဝင်နေအိမ်အလုံး ၄၀ နီးပါး ထိခိုက်ပျက်စီးခဲ့ရတယ်လို့ KNU ဒူးသထူ(သထုံ)ခရိုင်က ဒီနေ့မှာ သတင်းထုတ်ပြန်ပါတယ်။