Connect with us

Hi, what are you looking for?

သတင်း

ကျောက်ကြီးက KNLA နဲ့ စစ်တပ်တို့တိုက်ပွဲမှာ စစ်တပ်ဘက်က ၅ ဦးသေဆုံးတယ်လို့ KNU သတင်းထုတ်ပြန်

KNLAတပ်ဖွဲ့ တစ်ဖက်ကမ်းကို မကူးနိုင်ဖို့အတွက် စစ်ကောင်စီတပ်ဟာ ကူးတို့ဆိပ်တွေမှာ မြေမြုပ်မိုင်းတွေ ထောင်ထားတာဖြစ်ပြီး ပြီးခဲ့တဲ့ဇွန်လ(၁၁)ရက်နေ့စတင်ကာ ကူးတို့ဆိပ်တွေအားလုံးကို စစ်ကောင်စီက ပိတ်ပစ်ခဲ့တာဖြစ်တယ်လို့ ကေအဲန်ယူရဲ့ထုတ်ပြန်ထားချက်အရ သိရပါတယ်။

ကျောက်ကြီးက KNLA နဲ့ စစ်တပ်တို့တိုက်ပွဲမှာ စစ်တပ်ဘက်က ၅ ဦးသေဆုံးတယ်လို့ KNU သတင်းထုတ်ပြန်
ကျောက်ကြီးက KNLA နဲ့ စစ်တပ်တို့တိုက်ပွဲမှာ စစ်တပ်ဘက်က ၅ ဦးသေဆုံးတယ်လို့ KNU သတင်းထုတ်ပြန်

ကေအဲန်ယူ-ခလယ်လွီထူခရိုင် တပ်မဟာ ၃ နယ်မြေ လယ်ဒို(ကျောက်ကြီး) မြို့နယ်အတွင်းမှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)နဲ့ စစ်တပ်အကြားတိုက်ပွဲမှာ စစ်ကောင်စီဘက်က ငါးဦးသေဆုံးခဲ့တယ်လို့ ကေအဲန်ယူကသတင်းထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်(၂၂)ရက်က ကေအဲန်ယူ-လယ်ဒိုမြို့နယ် ပေတူးကျေးရွာမှာ စစ်ကောင်စီတပ်နဲ့ KNLA တပ်မဟာ ၃ လက်အောက်ခံ တပ်ရင်း(၉)တို့အကြား ထိပ်တိုက်တိုက်ပွဲတစ်ကြိမ်ဖြစ်ပွားခဲ့ပြီး အဲ့ဒီတိုက်ပွဲမှာ စစ်ကောင်စီဘက်က (၅)ဦးသေဆုံးကာ (၁၀)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်ရင်း(၉)ဘက်ကတော့ ထိခိုက်မှုမရှိဘူးလို့ ကေအဲန်ယူကဆိုပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ ဇူလိုင်(၂၄)ရက်နေ့က ကေအဲန်ယူ-လယ်ဒိုမြို့နယ် ဒလဆိပ်ကျေးရွာအုပ်စု အင်းပရိကူးတို့ဆိပ်မှာ စစ်ကောင်စီတပ်က ထောင်ထားတဲ့မြေမြုပ်မိုင်းကြောင့် အရပ်သားတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ညောင်လေးပင်ဆေးရုံမှာ ဆေးကုသမှုခံယူခဲ့တယ်လို့ ကေအဲန်ယူကပြောပါတယ်။

Public Service Announcement

Public Service Announcement

KNLAတပ်ဖွဲ့ တစ်ဖက်ကမ်းကို မကူးနိုင်ဖို့အတွက် စစ်ကောင်စီတပ်ဟာ ကူးတို့ဆိပ်တွေမှာ မြေမြုပ်မိုင်းတွေ ထောင်ထားတာဖြစ်ပြီး ပြီးခဲ့တဲ့ဇွန်လ(၁၁)ရက်နေ့စတင်ကာ ကူးတို့ဆိပ်တွေအားလုံးကို စစ်ကောင်စီက ပိတ်ပစ်ခဲ့တာဖြစ်တယ်လို့ ကေအဲန်ယူရဲ့ထုတ်ပြန်ထားချက်အရ သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

တနင်္သာရီမြို့နယ် လမိုင်းကော့ကျေးရွာကို စစ်တပ်က တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်လို့ အသက် ၆၀ အရွယ်အမျိုးသမီး ၁ဦးသေဆုံးခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်နဲ့ ရသေ့တောင် မြို့နယ်အစပ်က နံ့သာကျွန်းအနီးမှာ ငါးဖမ်းနေတဲ့ငါးဖမ်းသမားတွေကို အာဏာသိမ်းစစ်တပ်က သေနတ်နဲ့လိုက်လံပစ်ခတ်တာကြောင့် ရသေ့တောင်မှာ စစ်ရှောင်နေသူ ငါးဖမ်းသမား ၁ဦး သေဆုံးပြီး ၂ဦး ဒဏ်ရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ချောက်မြို့နယ်ထဲမှာစစ်ကြောင်းထိုးနေတဲ့အာဏာသိမ်းစစ်တပ်ကနရွဲတောရွာကိုမီးရှို့ဖျက်ဆီးလိုက်တာကြောင့် ရွာလုံးကျွတ်နီးပါးအပျက်အဆီးတွေများနိုင်သလို ရွာခံတွေလည်း ထွက်ပြေးနေရတယ်လို့ ဒေသခံအချို့ ဆီကသိရပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ ဖရူဆိုမြို့နယ်မှာ စစ်တပ်ရဲ့ ဒရုန်းတိုက်ခိုက်မှုကြောင့် ခြောက်လသားအရွယ် ကလေးငယ်အပါအ၀င် အရပ်သား ၅ ဦးသေဆုံးခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်‌တချို့က ပြောပါတယ်။