Connect with us

Hi, what are you looking for?

သတင်း

စစ်တပ်နဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေကြားတိုက်ပွဲတွေဆက်ဖြစ်နေပြီး စစ်ဘေးရှောင် တစ်သန်းကျော်ရှိလာပြီလို့ UNOCHA ထုတ်ပြန်

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ (၁) ရက်နေ့ကစတင်ပြီး အိုးအိမ်စွန့်ခွာထွက်ပြေးရသူ ၈ သိန်းခွဲကျော်အထိ တိုးမြင့်လာပြီး မြန်မာနိုင်ငံအတွင်း ပြည်တွင်းနေရပ်စွန့်ခွာရွှေ့ပြောင်းရသူဦးရေ စုစုပေါင်းဟာ ၁ ဒသမ ၂ သန်းအထိ ရှိလာပြီလို့ ဇူလိုင်လ (၁၈) ရက်နေ့ ကုလသမဂ္ဂရဲ့ နောက်ဆုံးကိန်းဂဏန်းတွေအရ သိရတယ်လို့ UNOCHA က ထုတ်ပြန်ထားတာဖြစ်ပါတယ်။

KNU
KNU

စစ်တပ်နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကြား တိုက်ပွဲတွေဆက်လက်ဖြစ်ပွားလျက်ရှိတာကြောင့် စစ်ဘေးရှောင်ရသူဦးရေဟာ ၁.၂ သန်းထိရှိလာပြီလို့ ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်း‌ရေးရုံးက သတင်းထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ ရက်သတ္တပတ်အတွင်း ပြည်နယ်နဲ့တိုင်းဒေသကြီးအများအပြားမှာ စစ်ကောင်စီနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကြား တိုက်ပွဲတွေဆက်လက်ဖြစ်ပွားလျက်ရှိတာကြောင့် လုံခြုံရေးအခြေအနေတင်းမာပြီး လူသားချင်းစာနာမှုလိုအပ်ချက် အခြေအနေတွေ ဆက်လက်မြင့်တက်လျက်ရှိတယ်လို့ UNOCHA ကဆိုပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီးနဲ့ ထိစပ်လျက်ရှိတဲ့ ကချင်ပြည်နယ် ဖားကန့်မြို့နယ်မှာ စစ်ကောင်စီနဲ့ ကချင်လွတ်မြောက်ရေးတပ်မတော်တို့အကြား လက်နက်ကိုင်တိုက်ပွဲတွေ ပိုမိုပြင်းထန်လာမှုကြောင့် အိုးအိမ်စွန့်ခွာရွှေ့ပြောင်းအခြေချရမှုတွေ ထပ်မံဖြစ်ပေါ်ခဲ့တယ်လို့ UNOCHA က ပြောပါတယ်။

ဒါ့အပြင် ရခိုင်ပြည်နယ်မြောက်ပိုင်း မောင်တောမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော်တို့အကြား ဇူလိုင်(၁၈)ရက်နေ့က တိုက်ပွဲဖြစ်ပွားအပြီး လုံခြုံရေးအခြေအနေဟာ အထူးသဖြင့် ရသေ့တောင်မြို့နယ်မှာ မတည်မငြိမ်ဖြစ်နေဆဲဖြစ်ပြီး အတည်မပြုနိုင်သေးတဲ့ ဒေသခံသတင်းတွေအရ နေရပ်စွန့်ခွာရွှေ့ပြောင်းအခြေချနေရမှုတွေ ရှိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

Public Service Announcement

Public Service Announcement

ညမထွက်ရအမိန့်နဲ့ ဧည့်စာရင်းစစ်တာတွေအပါအဝင် အသွားအလာကန့်သတ်ချက်တွေနဲ့ တခြားလုံခြုံရေးအစီအမံတွေချမှတ်ထားတဲ့ သတင်းတွေလည်းကြားသိရကာ အရေးပေါ်လိုအပ်ချက်တွေရှိလာခဲ့ပါက လူသားချင်းစာနာမှုအကူအညီတွေပေးနိုင်ဖို့လည်း အခြေအနေတွေကိုအကဲဖြတ်လျက်ရှိတယ်လို့ UNOCHA ကဆိုပါတယ်။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ (၁) ရက်နေ့ကစတင်ပြီး အိုးအိမ်စွန့်ခွာထွက်ပြေးရသူ ၈ သိန်းခွဲကျော်အထိ တိုးမြင့်လာပြီး မြန်မာနိုင်ငံအတွင်း ပြည်တွင်းနေရပ်စွန့်ခွာရွှေ့ပြောင်းရသူဦးရေ စုစုပေါင်းဟာ ၁ ဒသမ ၂ သန်းအထိ ရှိလာပြီလို့ ဇူလိုင်လ (၁၈) ရက်နေ့ ကုလသမဂ္ဂရဲ့ နောက်ဆုံးကိန်းဂဏန်းတွေအရ သိရတယ်လို့ UNOCHA က ထုတ်ပြန်ထားတာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ ရေစကြိုမြို့မှာ ကင်းပတ်ထွက်လာတဲ့ စစ်တပ် တိုက်ခံရပြီး သေဆုံးထိခိုက်မှုတွေရှိတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ရေစကြို(ပကဖ) တာ၀န်ရှိသူက ပြောပါတယ်။

သတင်း

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်ကို အာဏာသိမ်းစစ်တပ်က ဒီကနေ့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အမျိုးသား ၁ဦး သေဆုံးပြီးသူ့ရဲ့ ဇနီးဖြစ်သူ ဒဏ်ရာရခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

ကချင်ပြည်နယ် ရွှေကူမြို့နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်နဲ့ စစ်တပ်အကြား တိုက်ပွဲတွေ နေ့စဉ် ပြင်းထန်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

ဖားကန့်မှာ နေအိမ်နဲ့ လုပ်ငန်းရှင်တွေကိုသာမက လမ်းသွားလမ်းလာတွေဆီကပါ ဓားပြတိုက်နေတဲ့ စစ်တပ်နဲ့ ပြည်သူ့စစ်ပူးပေါင်းအဖွဲ့မှ အဖွဲ့ဝင်တချို့ကိုKIA၊KPDFက ဖမ်းဆီးထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။