Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီတပ်လှည့်ကင်းအား တိုက်ခိုက်ရန်ပြင်ဆင်ထားသည့်မိုင်းကို ပြည်သူတစ်ဦးမှကောက်ယူသွား၍ အစီအစဥ် ဖျက်သိမ်းခဲ့ရဟု မြိတ်(ပကဖ)အသိပေး

ပြည်သူလူထုအား မြိတ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)အနေဖြင့် အကြိမ်ကြိမ်သတိပေးတားမြစ်ထားပြီးဖြစ်သော်လည်း ပြည်သူ့လူထုမှ လိုက်နာခြင်းမရှိခြင်းသည့်အပေါ် များစွာစိတ်မကောင်းဂရုဏာဒေါသလည်းဖြစ်ခဲ့ရပါသည်ဟု ဆိုသည်။

မြိတ်(ပကဖ)
မြိတ်(ပကဖ)

​မြိတ်မြို့တွင်စစ်ကောင်စီတပ်၏လှည့်ကင်းအားတိုက်ခိုက်ရန်ပြင်ဆင်ထားသည့်မိုင်းကို လမ်းသွားလမ်းလာပြည်သူတစ်ဦးက ကောက်ယူသွား၍ဗုံခွဲတိုက်ခိုက်မည့်အစီအစဥ်ဖျက်သိမ်းခဲ့ရကြောင်း မြိုတ်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကယနေ့(ဇူလိုင် ၂၇)အသိပေးထုတ်ပြန်သည်။

ယမန်နေ့ညပိုင်းက ကင်းလှည့်နေသည့်စစ်ကောင်စီအဖွဲ့အား မိုင်းခွဲတိုက်ခိုက်ရန် ပြင်ဆင်ချထားသောမိုင်းအားလမ်းအသွားအလာပြည်သူတစ်ဦးမှ ကောက်ယူသွားသောကြောင့် မိုင်းအားမခွဲဖြစ်ဘဲ ပြန်လည်ဆုတ်ခွာလာခဲ့ရသည်ဟု ဖော်ပြသည်။

ပြည်သူလူထုအား မြိတ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)အနေဖြင့် အကြိမ်ကြိမ်သတိပေးတားမြစ်ထားပြီးဖြစ်သော်လည်း ပြည်သူ့လူထုမှ လိုက်နာခြင်းမရှိခြင်းသည့်အပေါ် များစွာစိတ်မကောင်းဂရုဏာဒေါသလည်းဖြစ်ခဲ့ရပါသည်ဟု ဆိုသည်။

“ကျွန်တော်တို့မြိတ်ပြည်သူ့ကာကွယ်ရေးအဖွဲ့အနေနဲ့လည်း အသက်တွေဘဝတွေပေးဆပ်ပြီးလုပ်နေရပါတယ်။ ပြည်သူလူထုအနေနဲ့ပူးပေါင်းပါဝင်ပေးကြပါလို့ပဲပြောချင်တယ်ခင်ဗျာ။ပြည်သူလူထုကိုလည်း ကျွန်တော်တို့ကြောင့်ထိခိုက်မှုမျိုးမဖြစ်စေလိုပါဘူး။ မဖြစ်မနေလုပ်ရမဲ့အလုပ်ကြောင့်ထိခိုက်မှုမျိုးဖြစ်ခဲ့ပါက အခုကတည်းကကြိုပြီးတောင်း ပန်ထားချင်တယ်”ဟု မြိတ်(ပကဖ)မှ ရဲဘော်တစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

လက်ရှိအခြေအနေတွင် မြိတ်(ပကဖ)အနေနှင့် သတိကြီးစွာထားပြီး mission များကိုလုပ်ဆောင်နေရပြီး ပစ္စည်းရှုံးဆုံးမှုများလည်း အကြိမ်ကြိမ်ရှိခဲ့ပြီးဖြစ်၍ပြည်သူ့လူထုမှ ကိုယ်နှင့်မဆိုင်သည့် အရာဝတ္ထုမှန်သမျှကို ကောက်ယူခြင်းမပြုဘဲ ခပ်ဝေးဝေးမှရှောင်ရှားသွားလာနိုင်ကြရန်သတိပေးထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ် ဗန်းမော်မြို့နယ်မှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပြီး စက်တင်ဘာ ၂၇ရက် မနက်ပိုင်းတိုက်ပွဲမှာ စစ်တပ်အထိနာကာ သေဆုံးထိခိုက်ရှိခဲ့ကြောင်း ကချင် သတင်းရင်းမြစ်အချို့က ပြောပါတယ်။

သတင်း

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်က ကျေးရွာတွေကို အာဏာသိမ်းစစ်တပ်က ဒရုန်း၊ လက်နက်ကြီးတွေနဲ့ ဆက်လက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ကလေးငယ် ၁ဦး ဒဏ်ရာရခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) သထုံခရိုင် သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

Facebook