Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်ကောင်စီတပ်လှည့်ကင်းအား တိုက်ခိုက်ရန်ပြင်ဆင်ထားသည့်မိုင်းကို ပြည်သူတစ်ဦးမှကောက်ယူသွား၍ အစီအစဥ် ဖျက်သိမ်းခဲ့ရဟု မြိတ်(ပကဖ)အသိပေး

ပြည်သူလူထုအား မြိတ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)အနေဖြင့် အကြိမ်ကြိမ်သတိပေးတားမြစ်ထားပြီးဖြစ်သော်လည်း ပြည်သူ့လူထုမှ လိုက်နာခြင်းမရှိခြင်းသည့်အပေါ် များစွာစိတ်မကောင်းဂရုဏာဒေါသလည်းဖြစ်ခဲ့ရပါသည်ဟု ဆိုသည်။

မြိတ်(ပကဖ)
မြိတ်(ပကဖ)

​မြိတ်မြို့တွင်စစ်ကောင်စီတပ်၏လှည့်ကင်းအားတိုက်ခိုက်ရန်ပြင်ဆင်ထားသည့်မိုင်းကို လမ်းသွားလမ်းလာပြည်သူတစ်ဦးက ကောက်ယူသွား၍ဗုံခွဲတိုက်ခိုက်မည့်အစီအစဥ်ဖျက်သိမ်းခဲ့ရကြောင်း မြိုတ်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကယနေ့(ဇူလိုင် ၂၇)အသိပေးထုတ်ပြန်သည်။

ယမန်နေ့ညပိုင်းက ကင်းလှည့်နေသည့်စစ်ကောင်စီအဖွဲ့အား မိုင်းခွဲတိုက်ခိုက်ရန် ပြင်ဆင်ချထားသောမိုင်းအားလမ်းအသွားအလာပြည်သူတစ်ဦးမှ ကောက်ယူသွားသောကြောင့် မိုင်းအားမခွဲဖြစ်ဘဲ ပြန်လည်ဆုတ်ခွာလာခဲ့ရသည်ဟု ဖော်ပြသည်။

ပြည်သူလူထုအား မြိတ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)အနေဖြင့် အကြိမ်ကြိမ်သတိပေးတားမြစ်ထားပြီးဖြစ်သော်လည်း ပြည်သူ့လူထုမှ လိုက်နာခြင်းမရှိခြင်းသည့်အပေါ် များစွာစိတ်မကောင်းဂရုဏာဒေါသလည်းဖြစ်ခဲ့ရပါသည်ဟု ဆိုသည်။

“ကျွန်တော်တို့မြိတ်ပြည်သူ့ကာကွယ်ရေးအဖွဲ့အနေနဲ့လည်း အသက်တွေဘဝတွေပေးဆပ်ပြီးလုပ်နေရပါတယ်။ ပြည်သူလူထုအနေနဲ့ပူးပေါင်းပါဝင်ပေးကြပါလို့ပဲပြောချင်တယ်ခင်ဗျာ။ပြည်သူလူထုကိုလည်း ကျွန်တော်တို့ကြောင့်ထိခိုက်မှုမျိုးမဖြစ်စေလိုပါဘူး။ မဖြစ်မနေလုပ်ရမဲ့အလုပ်ကြောင့်ထိခိုက်မှုမျိုးဖြစ်ခဲ့ပါက အခုကတည်းကကြိုပြီးတောင်း ပန်ထားချင်တယ်”ဟု မြိတ်(ပကဖ)မှ ရဲဘော်တစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

လက်ရှိအခြေအနေတွင် မြိတ်(ပကဖ)အနေနှင့် သတိကြီးစွာထားပြီး mission များကိုလုပ်ဆောင်နေရပြီး ပစ္စည်းရှုံးဆုံးမှုများလည်း အကြိမ်ကြိမ်ရှိခဲ့ပြီးဖြစ်၍ပြည်သူ့လူထုမှ ကိုယ်နှင့်မဆိုင်သည့် အရာဝတ္ထုမှန်သမျှကို ကောက်ယူခြင်းမပြုဘဲ ခပ်ဝေးဝေးမှရှောင်ရှားသွားလာနိုင်ကြရန်သတိပေးထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

စခန်းသိမ်းတိုက်ပွဲအပြီးစစ်ကောင်စီ၏လက်နက်ခဲယမ်းအမြောက်အများအားသိမ်းဆည်းရရှိခဲ့ကြောင်း မှတ်တမ်းဓာတ်ပုံများနှင့်အတူ ဖော်ပြထားပြီး အရေအတွက်ကို မကြာမီ အလျဉ်းသင့်ပါက အသိပေးမည်ဟု ထုတ်ပြန်သည်။

သတင်း

အပြစ်မဲ့ပြည်သူများမှာ ၎င်းအဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များကြောင်းသာ ပို၍ ဒုက္ခရောက်နေကြရသည်ကို ကော်မရှင်နာအနေဖြင့် ဖော်ပြရန် အရေးကြီးကြောင်း ဦးခိုင်သုခက ပြောသည်။

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။

သတင်း

ဒုချုပ်စိုးဝင်းဒရုန်းနဲ့တိုက်ခိုက်ခံရတယ်ဆိုတာကို စစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူက ငြင်းဆိုထားပါတယ်။ စစ်​ကောင်စီ​ပြော​ရေးဆိုခွင့်ရှိသူက စစ်​ကောင်စီအတွက် သတင်းဆိုး​တွေဆိုရင် အမြဲ ငြင်းဆို​လေ့ရှိပါတယ် ။