Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ပခုက္ကူ PDFက နယ်မြေစိုးမိုးနိုင်သည့် နေရာအချို့တွင် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများ စတင်လုပ်ဆောင်

ပြည်သူများ၏ ထောက်ပံကူညီမှုများအား တော်လှန်ရေးအတွက် လက်နက်၊ခဲယမ်းများ ၀ယ်ယူရေးကဏ္ဍတွင် အဓိကအသုံးပြုမည်ဖြစ်ပြီး စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများမှ ရရှိသည်များကို တပ်ဖွဲ့တွင်းရိက္ခာအဖြစ် အသုံးပြုသွားမည် ဖြစ်ကြောင်း PPDFအဖွဲ့က ဆိုသည်။

ဓာတ်ပုံ - ပခုက္ကူမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့
ဓာတ်ပုံ - ပခုက္ကူမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့

တော်လှန်ရေး အချိန်ကြာမြင့်လာသည်နှင့်အမျှ ထောက်ပံ့ကြသည့် ပြည်သူများ ပင်ပန်းနွမ်းနေကြပြီ ဖြစ်သဖြင့် PDFများ နယ်မြေစိုးမိုးနိုင်သည့် နေရာအချို့တွင် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများကို စတင်လုပ်ဆောင်နေကြောင်း ပခုက္ကူမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PPDF) က ယမန်နေ့ (ဇူလိုင် ၂၇) က ထုတ်ပြန်သည်။

PPDF အဖွဲ့ စတင်ချိန်မှ လက်ရှိအထိ ကူညီထောက်ပံ့ကြသော တော်လှန်ရေးထောက်ပို့ ပြည်သူအား ကျေးဇူးတင်ရှိကြောင်း၊ အချိန်ကြာမြင့်လာသည်နှင့်အမျှ တော်လှန်ရေးကို အရှိန်အဟုန်မြှင့်ရန်နှင့် ပိုမိုထိရောက်စေရန် ရည်ရွယ်၍ စိုက်ပျိုးရေး၊ မွေးမြူရေးများကို လုပ်ဆောင်ခြင်း ဖြစ် ကြောင်း သိရသည်။

ပြည်သူများ၏ ထောက်ပံကူညီမှုများအား တော်လှန်ရေးအတွက် လက်နက်၊ခဲယမ်းများ ၀ယ်ယူရေးကဏ္ဍတွင် အဓိကအသုံးပြုမည်ဖြစ်ပြီး စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများမှ ရရှိသည်များကို တပ်ဖွဲ့တွင်းရိက္ခာအဖြစ် အသုံးပြုသွားမည် ဖြစ်ကြောင်း PPDFအဖွဲ့က ဆိုသည်။

ဆက်လက်၍ မိမိတို့၏ အဓိကပန်းတိုင်ဖြစ်သည့် စစ်အာဏာရှင်ဖြုတ်ချရေးအတွက် မဆုတ်မနစ်သော ဇွဲလုံ့လတို့ဖြင့် တိုက်ပွဲ၀င်သွားမည် ဖြစ်ကြောင်း PPDF ရဲဘော်များက ကတိသစ္စာပြုခဲ့သည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံဗိုလ်မှူးကြီးနော်ဘူကလည်း ဆင်ဘိုရှိ ခလရ(၁၄၁) တပ်ရင်း သိမ်းပိုက်နိုင်မှု သတင်းများ ကြားသိရသော်လည်းတရားဝင် စစ်ဘက် ဆိုင်ရာ သတင်းပေးပို့မှု မရသေးဟု ယနေ့ (ဧပြီ ၂၉ရက်) နံနက်တွင် ပြောသည်။

သတင်း

MDY-PDFသည် ယခု ဧပြီအတွင်း မန္တလေးတိုင်း ပြင်ဦးလွင်မြို့နှင့် (၁၀)မိုင်အကွာရှိ သရက်ကုန်း ကျေးရွာ စစ်စခန်း တိုက်ခိုက်သိမ်းပိုက် နိုင်မှုကို အသိပေးထားသည်။

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။

သတင်း

ဆယ်ဇင်းဒေသခံတစ်ဦးကလည်း “လေကြောင်းကတော့ မနေ့က တောက်လျှောက် လာတယ်။ ညကလာတော့ လာတယ် ဝဲတော့ ဝဲတယ်"ဟုပြောသည်။