Connect with us

Hi, what are you looking for?

သတင်း

ပခုက္ကူ PDFက နယ်မြေစိုးမိုးနိုင်သည့် နေရာအချို့တွင် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများ စတင်လုပ်ဆောင်

ပြည်သူများ၏ ထောက်ပံကူညီမှုများအား တော်လှန်ရေးအတွက် လက်နက်၊ခဲယမ်းများ ၀ယ်ယူရေးကဏ္ဍတွင် အဓိကအသုံးပြုမည်ဖြစ်ပြီး စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများမှ ရရှိသည်များကို တပ်ဖွဲ့တွင်းရိက္ခာအဖြစ် အသုံးပြုသွားမည် ဖြစ်ကြောင်း PPDFအဖွဲ့က ဆိုသည်။

ဓာတ်ပုံ - ပခုက္ကူမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့
ဓာတ်ပုံ - ပခုက္ကူမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့

တော်လှန်ရေး အချိန်ကြာမြင့်လာသည်နှင့်အမျှ ထောက်ပံ့ကြသည့် ပြည်သူများ ပင်ပန်းနွမ်းနေကြပြီ ဖြစ်သဖြင့် PDFများ နယ်မြေစိုးမိုးနိုင်သည့် နေရာအချို့တွင် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများကို စတင်လုပ်ဆောင်နေကြောင်း ပခုက္ကူမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PPDF) က ယမန်နေ့ (ဇူလိုင် ၂၇) က ထုတ်ပြန်သည်။

PPDF အဖွဲ့ စတင်ချိန်မှ လက်ရှိအထိ ကူညီထောက်ပံ့ကြသော တော်လှန်ရေးထောက်ပို့ ပြည်သူအား ကျေးဇူးတင်ရှိကြောင်း၊ အချိန်ကြာမြင့်လာသည်နှင့်အမျှ တော်လှန်ရေးကို အရှိန်အဟုန်မြှင့်ရန်နှင့် ပိုမိုထိရောက်စေရန် ရည်ရွယ်၍ စိုက်ပျိုးရေး၊ မွေးမြူရေးများကို လုပ်ဆောင်ခြင်း ဖြစ် ကြောင်း သိရသည်။

ပြည်သူများ၏ ထောက်ပံကူညီမှုများအား တော်လှန်ရေးအတွက် လက်နက်၊ခဲယမ်းများ ၀ယ်ယူရေးကဏ္ဍတွင် အဓိကအသုံးပြုမည်ဖြစ်ပြီး စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများမှ ရရှိသည်များကို တပ်ဖွဲ့တွင်းရိက္ခာအဖြစ် အသုံးပြုသွားမည် ဖြစ်ကြောင်း PPDFအဖွဲ့က ဆိုသည်။

ဆက်လက်၍ မိမိတို့၏ အဓိကပန်းတိုင်ဖြစ်သည့် စစ်အာဏာရှင်ဖြုတ်ချရေးအတွက် မဆုတ်မနစ်သော ဇွဲလုံ့လတို့ဖြင့် တိုက်ပွဲ၀င်သွားမည် ဖြစ်ကြောင်း PPDF ရဲဘော်များက ကတိသစ္စာပြုခဲ့သည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

စစ်တပ်က အရာရှိအပါအဝင်​သေဆုံးဒဏ်ရာရသူ​တွေရှိ ၊ တိုက်ခိုက်ခံရတဲ့​နေရာကိုစစ်တပ်ဗုံးဆက်တိုက်ကြဲ​နေ

သတင်း

မန္တလေးတိုင်း၊တောင်သာမြို့နယ်မှာ ပြည်သူ့လွတ်မြောက် ရေးတပ်မ တော်(PLA )တပ်နဲ့ မြင်းခြံခရိုင်ကွပ်ကဲရေးတပ် ပဋိပက္ခဖြစ်စဉ်မှာ PLAတပ်ဖွဲ့ တွေထောင်ထားတဲ့ မိုင်းကြောင့် PDF ၄ဦး ကျဆုံးခဲ့ပြီး အများအပြားဒဏ်ရာရခဲ့တယ်လို့ ပြည်သူ့ကာကွယ်​ရေးတပ်မ​တော်စစ်ရုံးချုပ်ကထုတ်ပြန်ပါတယ် ။

သတင်း

မန္တလေးတိုင်း၊တောင်သာမြို့နယ်ထဲက ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(PLA)ရဲ့ အထိုင်စခန်း​တွေကို အမျိုးသားညီညွတ်​ရေးအစိုးရ(NUG)လက်​အောက်ရှိ မြင်းခြံခရိုင် ကွပ်ကဲ​ရေးအဖွဲ့က အင်အား ၈၀ ခန့်ဖြင့် ဇွန် ၂၂ ရက်မှာ စီးနင်းခဲ့​ကြောင်း PLA ကထုတ်ပြန်ပါတယ် ။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်အခြေစိုက် Monywa Nightking တပ်ဖွဲ့က ရဲဘော် ၁ဦး စစ်တပ်နဲ့ပူးပေါင်းသွားပြီး ရဲဘော်တွေကို ဖမ်းဆီးခိုင်းနေလို့ သတိပြုကြဖို့ အဆိုပါတ​ပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။