Connect with us

Hi, what are you looking for?

သတင်း

စစ်တပ်၏ ခွင့်မလွှတ်နိုင်သော သေဒဏ်စီရင်မှုအတွက် ပြန်လည်ပေးဆပ်ရမည်ဟု တောင်ကိုရီးယားလွှတ်တော်၌ အဖွဲ့အစည်း ၁၀၆ ဖွဲ့ ပူးတွဲကြေညာ

ဦးဂျင်မီ၊ ဦးဖြိုးဇေယျာသော်၊ ဦးလှမျိုးအောင်၊ ဦးအောင်သူရဇော်တို့ကို ဥပဒေမဲ့သတ်ဖြတ်ခဲ့ခြင်း အပေါ် မြန်မာစစ်တပ်ကို ပြင်းထန်စွာ ရှုတ်ချပြီး မြန်မာစစ်တပ်နှင့် အလုပ် လုပ်ကိုင်နေသော တောင်ကိုရီးယားကုမ္ပဏီများကို ထပ်မံသတိပေးသည်။

မြန်မာစစ်တပ်၏ ခွင့်မလွှတ်နိုင်သော သေဒဏ်စီရင်မှုအတွက် ပြန်လည်ပေးဆပ်ရမည်ဖြစ် ကြောင်း တောင်ကိုရီးယားလွှတ်တော်၌ ပြည်သူ့အဖွဲ့အစည်း ၁၀၆ ဖွဲ့က ယနေ့ပူးတွဲထုတ်ပြန်လိုက် သည်။

တောင်ကိုရီးယားလွှတ်တော်အမတ် မစ္စ ယုံဟဲအင် ဦးဆောင်၍ NUG ကိုယ်စားလှယ် ဦးရန်နိုင်ထွန်းနှင့်အတူ မြန်မာ့ဒီမိုကရေစီအရေးကို စဉ်ဆက်မပြတ် အားပေးထောက်ခံသည့် ကိုရီးယားပြည်သူ့အဖွဲ့အစည်း ၁၀၆ ဖွဲ့တို့ ပူးပေါင်း၍ ယနေ့ သတင်းစာရှင်းလင်းပွဲပြုလုပ်ကာ ထုတ်ပြန်ခဲ့ ခြင်းဖြစ်သည်။

စစ်တပ်၏ ခွင့်မလွှတ်နိုင်သော သေဒဏ်စီရင်မှုအတွက် ပြန်လည်ပေးဆပ်ရမည်ဟု တောင်ကိုရီးယားလွှတ်တော်၌ အဖွဲ့အစည်း ၁၀၆ ဖွဲ့ ပူးတွဲကြေညာ
စစ်တပ်၏ ခွင့်မလွှတ်နိုင်သော သေဒဏ်စီရင်မှုအတွက် ပြန်လည်ပေးဆပ်ရမည်ဟု တောင်ကိုရီးယားလွှတ်တော်၌ အဖွဲ့အစည်း ၁၀၆ ဖွဲ့ ပူးတွဲကြေညာ

ဦးဂျင်မီ၊ ဦးဖြိုးဇေယျာသော်၊ ဦးလှမျိုးအောင်၊ ဦးအောင်သူရဇော်တို့ကို ဥပဒေမဲ့သတ်ဖြတ်ခဲ့ခြင်း အပေါ် မြန်မာစစ်တပ်ကို ပြင်းထန်စွာ ရှုတ်ချပြီး မြန်မာစစ်တပ်နှင့် အလုပ် လုပ်ကိုင်နေသော တောင်ကိုရီးယားကုမ္ပဏီများကို ထပ်မံသတိပေးသည်။

မြန်မာစစ်တပ်က ယခုလို သေဒဏ် စီရင်ခြင်းသည် ၎င်းတို့ကိုယ်တိုင် နိုင်ငံတကာအဖွဲ့အစည်း၏ အဖွဲ့ဝင်အဖြစ်မှ စွန့်လွှတ်ကြောင်း ကြေညာခြင်းဖြစ်ပြီး အာဆီယံကို ပေးထားသော ကတိများနှင့် ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံအဖြစ် လုပ်ဆောင်ရမည့် တာဝန်နှင့် ဝတ္တရားများကို ရှေ့လျောက် ဂရုစိုက်မည်မဟုတ်ကြောင်း ထုတ်ဖော်ခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

တနည်းအားဖြင့် စစ်တပ်သည် ၎င်းတို့ အာဏာတည်မြဲမည်ဆိုပါက လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများကို ပိုမို ကျူးလွန်နိုင်စွမ်းရှိသော အုပ်စုဖြစ်ကြောင်း သက်သေပြခဲ့ခြင်းလည်းဖြစ်သည်။

ထို့အတွက် လက်ရှိ အာဆီယံဥက္ကဋ္ဌ ကမ္ဘောဒီးယားအစိုးရ အပါအဝင် အာဆီယံအဖွဲ့ဝင်နိုင်ငံများက အဆိုပါ ကွပ်မျက်မှုကို ချက်ချင်းအရေးယူသင့်ပြီး လက်တွေ့ကျစွာ မြန်မာ့ဒီမိုကရေစီ ပြန်လည်ထူထောင်ရေးအတွက် ခိုင်မာသော ကြိုးပမ်းမှုများနှင့် ပံ့ပိုးကူညီမှုများ နည်းလမ်းများကို ချမှတ်ဆောင်ရွက်ရန် တိုက်တွန်းသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ရေကြီးရာကနေ မြောက်ကိုရီးယားဖက်ကနေ မျောပါလာတယ်လို့ ယုံကြည်ရတဲ့ မြေမြှုပ်မိုင်းတွေကို တောင်ကိုရီးယားက လိုက်လံ သိမ်းဆည်း ဖယ်ရှားနေရပါတယ်။

သတင်း

တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့မှာ ရှစ်လေးလုံးအရေးတော်ပုံ (၃၈) နှစ်မြောက် အထိမ်းအမှတ်အဖြစ် ဒီကနေ့(သြဂုတ် ၇)မှာ တောင်ကိုရီးယား-အာဆီယံစင်တာနဲ့ အာဆီယံသံရုံးအပါအဝင် နေရာ ၁၂ ခုမှာ လှုပ်ရှားမှုတွေ ပြုလုပ်ခဲ့ပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်းက မိုးကြီးပြီး ရေဘေးကြုံတွေ့နေတဲ့ မဘိမ်းမြို့ကို စစ်တပ်က လေကြောင်း ကနေ ဗုံးကြဲနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ကရင်ပြည်နယ်၊ဖာပွန်ခရိုင်ကိုသြဂုတ်လ ၅ ရက်ညပိုင်းမှာအာဏာသိမ်းစစ်တပ်ရဲ့လေတပ်ကဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့်အမျိုးသမီးတစ်ဦးသေဆုံးပြီးလေးဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့(KHRG)က သတင်းထုတ်ပြန်ပါတယ်။