Connect with us

Hi, what are you looking for?

သတင်း

မုံရွာမြို့တွင် စစ်ကောင်စီတပ်ကထုတ်ပြန်သည့် အမျိုးသားနှစ်ဦး ဆိုင်ကယ် မစီးရ ကြေညာချက်ကို မီးရှို့

ပြီးခဲ့သည့် ၂၀၂၁ နိုဝင်ဘာအတွင်းကစတင်ကာ အကြမ်းဖက် စစ်ကောင်စီက မုံရွာမြို့ပေါ်တွင် ဆိုင်ကယ်တစ်စီး၌ အမျိုးသား နှစ်ဦးမစီးရဟုဆိုကာ ကြေညာချက်အား ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

ဓာတ်ပုံ - CJ
ဓာတ်ပုံ - CJ

စစ်ကိုင်းတိုင်း မုံရွာမြို့ပေါ် သာစည်လမ်းမပေါ်တနေရာတွင် အကြမ်းဖက် စစ်ကောင်စီတပ်က ထုတ်ပြန်သည့် အမျိုးသားနှစ်ဦး ဆိုင်ကယ်မစီးရ ကြေညာချက်စာရွက်ကို တော်လှန်လူငယ်များက ယနေ့ (ဇူလိုင် ၂၈) ညနေပိုင်း၌ မီးရှို့၍ ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

ပြီးခဲ့သည့် ၂၀၂၁ နိုဝင်ဘာအတွင်းကစတင်ကာ အကြမ်းဖက် စစ်ကောင်စီက မုံရွာမြို့ပေါ်တွင် ဆိုင်ကယ်တစ်စီး၌ အမျိုးသား နှစ်ဦးမစီးရဟုဆိုကာ ကြေညာချက်အား ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

Public Service Announcement
Public Service Announcement

လူငယ်များက အကြမ်းဖက် စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်သည်အနေဖြင့် စစ်​ကောင်စီ၏ အမိန့်ကြေညာစာရွက် ဗီနိုင်းအား မီးရှို့ရှင်းလင်း၍ ဖျက်ဆီးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ဆက်စပ်သတင်းများ

သတင်း

နေအိမ်၃၀ခန့် မီးလောင်ပျက်စီးပြီး စစ်​ကြောင်းထနောင်းပင်လဲရွာမှာတပ်စွဲ​နေ

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ် ၃မိုင်ကျေးရွာရှိ ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်(KBC) ဘုရားကျောင်းနဲ့ လူနေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့တဲ့ အာဏာသိမ်းစစ်တပ်ရဲ့ လုပ်ရပ်ကို ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချကြောင်း ကချင်လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့(KHRW)က ဒီကနေ့ အောက်တိုဘာ ၁၅ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

တနိုင်ငံလုံးအပစ်ရပ်စာချုပ်(NCA)အပေး လူထုရဲ့ ယုံကြည်ကိုးစားမှု လျော့နည်းကျဆင်းခဲ့ကြောင်း နေပြည်တော်မှာ ကျင်းပတဲ့ NCA စာချုပ်ချုပ်ဆိုမှု ၁၁နှစ်မြောက်နှစ်ပတ်လည် အခမ်းအနားမှာ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)ကိုယ်စားလှယ် ဗိုလ်မှူးကြီးစိုင်းငင်းက ပြောပါတယ်။