Connect with us

Hi, what are you looking for?

သတင်း

ကော်ဘရာစစ်ကြောင်းနဲ့ စစ်တပ်ကြား နှစ်ရက်အတွင်းတိုက်ပွဲတွေမှာ ဗိုလ်ကြီးတစ်ဦးအပါအဝင်နှစ်ဦးသေဆုံး

ဒီကနေ့တိုက်ပွဲမှာ ကော်ဘရာဘက်က ထိခိုက်မှုမရှိပဲ စစ်ကောင်စီဘက်က ခမရ(၂) ဗိုလ်ကြီးတစ်ဦးနဲ့အခြားအဆင့်တစ်ဦး သေဆုံးခဲ့ပြီး နှစ်ဦးအပြင်းအထန် ထိခိုက်ဒဏ်ရာရရှိခဲ့ကာ ပြန်လည်ဆုတ်ခွါသွားခဲ့တယ်လို့ ကော်ဘရာစစ်ကြောင်းရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

(စစ်တပ်ကလက်နက်ကြီးဖြင့်ပစ်၍ မြဝတီ-​ဝေါ​လေ လမ်းတစ်​နေရာပျက်စီး​နေမှု ။ ။ဓါတ်ပုံ-Cobra Column)
(စစ်တပ်ကလက်နက်ကြီးဖြင့်ပစ်၍ မြဝတီ-​ဝေါ​လေ လမ်းတစ်​နေရာပျက်စီး​နေမှု ။ ။ဓါတ်ပုံ-Cobra Column)

မြဝတီ-ဝေါ်လေကားလမ်းမပေါ်မှာ ကော်ဘရာစစ်ကြောင်းနဲ့ စစ်ကောင်စီတပ်တို့အကြား နှစ်ရက်အတွင်း တိုက်ပွဲနှစ်ကြိမ်ဖြစ်ပွါးခဲ့ပြီး စစ်ကောင်စီဘက်က ဗိုလ်ကြီးတစ်ဦးအပါအဝင် နှစ်ဦးသေဆုံးခဲ့တယ်လို့ ကော်ဘရာစစ်ကြောင်းက သတင်းထုတ်ပြန်ထားပါတယ်။

ဇူလိုင်(၂၈)ရက်နေ့ မြဝတီ-ဝေါ်လေ ကားလမ်းမ သုံးထပ်ကွေ့အနီးရှိ တောင်ကြောများပေါ်ကို နေ့စဉ်ရက်ဆက် ကျူးကျော်ဖို့ကြိုးစားနေတဲ့ စစ်ကောင်စီတပ်နဲ့ ကော်ဘရာစစ်ကြောင်းတို့အကြား တိုက်ပွဲ ဖြစ်ပွါးခဲ့ပြီး စစ်ကောင်စီဘက်က နှစ်ဦးအပြင်းအထန်ဒဏ်ရာရရှိခဲ့ကာ ကော်ဘရာဘက်က စစ်သည်တော်တစ်ဦး ကျဆုံးသွားခဲ့တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

Public Service Announcement
Public Service Announcement

ဒါ့အပြင် ဒီကနေ့ဇူလိုင်(၂၉)ရက်နေ့ နေ့လည်ပိုင်းကစတင်ပြီး သုံးထပ်ကွေ့အနီး သောင်ရင်းမြစ်ဘက်အခြမ်းမှာ နယ်မြေကျူးကျော်ဖို့ကြိုးစားနေတဲ့ စစ်ကောင်စီတပ်နဲ့ကော်ဘရာစစ်ကြောင်းတို့အကြား နှစ်ဖက် တိုက်ပွဲ ဖြစ်ပွါးခဲ့တာပါ။

ဒီကနေ့တိုက်ပွဲမှာ ကော်ဘရာဘက်က ထိခိုက်မှုမရှိပဲ စစ်ကောင်စီဘက်က ခမရ(၂) ဗိုလ်ကြီးတစ်ဦးနဲ့အခြားအဆင့်တစ်ဦး သေဆုံးခဲ့ပြီး နှစ်ဦးအပြင်းအထန် ထိခိုက်ဒဏ်ရာရရှိခဲ့ကာ ပြန်လည်ဆုတ်ခွါသွားခဲ့တယ်လို့ ကော်ဘရာစစ်ကြောင်းရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ ရေစကြိုမြို့မှာ ကင်းပတ်ထွက်လာတဲ့ စစ်တပ် တိုက်ခံရပြီး သေဆုံးထိခိုက်မှုတွေရှိတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ရေစကြို(ပကဖ) တာ၀န်ရှိသူက ပြောပါတယ်။

သတင်း

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်ကို အာဏာသိမ်းစစ်တပ်က ဒီကနေ့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အမျိုးသား ၁ဦး သေဆုံးပြီးသူ့ရဲ့ ဇနီးဖြစ်သူ ဒဏ်ရာရခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

ကချင်ပြည်နယ် ရွှေကူမြို့နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်နဲ့ စစ်တပ်အကြား တိုက်ပွဲတွေ နေ့စဉ် ပြင်းထန်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

ဖားကန့်မှာ နေအိမ်နဲ့ လုပ်ငန်းရှင်တွေကိုသာမက လမ်းသွားလမ်းလာတွေဆီကပါ ဓားပြတိုက်နေတဲ့ စစ်တပ်နဲ့ ပြည်သူ့စစ်ပူးပေါင်းအဖွဲ့မှ အဖွဲ့ဝင်တချို့ကိုKIA၊KPDFက ဖမ်းဆီးထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။