Connect with us

Hi, what are you looking for?

သတင်း

ခရမ်းမြို့ရှိ စစ်ကောင်စီတပ်၏ စစ်ဆေးရေးဂိတ်တစ်ခုကို ၄၀ မမဗုံးသီးဖြင့် ပစ်ခတ်တိုက်ခိုက်၊ ထိခိုက်သေဆုံးရှိနိုင်

ခရမ်းပြည်သူများအနေဖြင့် သွေးမအေးဘဲ စစ်အာ ဏာရှင်အား ရရာနည်းလမ်းဖြင့် အစွမ်းကုန်တော်လှန်သွားမည်ဟု PDF – Khayan က အငိပေးထုတ်ပြန်ထားသည်။

(PDF - Khayan မှ တပ်ဖွဲ့ဝင် တော်လှန်ရေးရဲဘော်များအားတွေ့ရစဥ်။ ။ဓါတ်ပုံ-PDF ခရမ်း)
(PDF - Khayan မှ တပ်ဖွဲ့ဝင် တော်လှန်ရေးရဲဘော်များအားတွေ့ရစဥ်။ ။ဓါတ်ပုံ-PDF ခရမ်း)

ရန်ကုန်တိုင်း ခရမ်းမြို့ရှိ စစ်ကောင်စီတပ် စစ်ဆေးရေးဂိတ်တစ်ခုဖြစ်သော သစ်တောဂိတ်ကို ၄၀ မမ ဗုံးသီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း PDF – Khayan က ယနေ့(သြဂုတ် ၂)ထုတ်ပြန်သည်။

ယမန်နေ့ည ၉ နာရီခန့်က ခရမ်း – သက္ကလ – ပဲခူးလမ်းပိုင်း ခရမ်းမြို့အထွက်ရှိ စစ်ကောင်စီတပ်စစ်ဆေးရေးဂိတ်တစ်ခုဖြစ်သော သစ်တောဂိတ်ကို ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြသည်။

“ထိခိုက်သေဆုံးမှုရှိနိုင်ပြီး ပြည်သူ့ရဲဘော်များ အထိ အခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ပါသည်”ဟု PDF – Khayan က အသိပေးသည်။

ဒေသသနင်းရင်းမြစ် Khayan Channal ၏ဖော်ပြချက်အရ စစ်ကောင်စီတပ်ဘက်မှ နှစ်ဦးသေ၊ သုံးဦးဒဏ်ရာရပြီး ဒဏ်ရာရသူများတွင် တစ်ဦးဒဏ်ရာပြင်း ထန်ကာ စစ်ဆေးရေးဂိတ်ရှိဘန်ကာများပျက်စီးသည့်အပြင် အဆောက်အအုံတစ်ခုထိခိုက်ပျက်ဆီးကြောင်း သိရသည်။

Public Service Announcement

Public Service Announcement

ခရမ်းပြည်သူများအနေဖြင့် သွေးမအေးဘဲ စစ်အာ ဏာရှင်အား ရရာနည်းလမ်းဖြင့် အစွမ်းကုန်တော်လှန်သွားမည်ဟု PDF – Khayan က အငိပေးထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

ခရီးသွားပြည်သူ​တွေကိုဓာတ်ပုံမှတ်တမ်းယူတာ​တွေလုပ်လာပြီး မြို့ထဲမှာစစ်တပ်လုံခြုံ​ရေးတင်းကြပ်