Connect with us

Hi, what are you looking for?

သတင်း

BGF က ရွာသားတစ်ဦးကိုသတ်ပြီး ချောင်းထဲကိုအလောင်းမျှောပစ်ခဲ့တယ်လို့ဆို

ဒေသတွင်းသတင်းရင်းမြစ်အဆိုအရ စစ်ကောင်စီရဲ့ စကစ(၈)လက်အောက်ခံ ခမရ(၄၀၇) တပ်ရင်းနဲ့ BGF-၁၀၁၃ တပ်ရင်းက တပ်ဖွဲ့ဝင်တွေဟာ အပြစ်မဲ့အရပ်သားပြည်သူတွေကို နည်းမျိုးစုံနဲ့ အကြပ်ကိုင်ခြိမ်းခြောက်နေမြဲရှိတယ်လို့ ကေအဲန်ယူ-မူတြော်သတင်းစဉ်ရဲ့ ဖော်ပြချက်ကနေ သိရပါတယ်။

BGF က ရွာသားတစ်ဦးကိုသတ်ပြီး ချောင်းထဲကိုအလောင်းမျှောပစ်ခဲ့တယ်လို့ဆို
BGF က ရွာသားတစ်ဦးကိုသတ်ပြီး ချောင်းထဲကိုအလောင်းမျှောပစ်ခဲ့တယ်လို့ဆို

ဖာပွန်ခရိုင်မှာ နယ်ခြားစောင့်တပ်(BGF)က ဒေသခံအရပ်သားတစ်ဦးကို သတ်ဖြတ်ခဲ့ပြီး စစ်ကောင်စီတပ်ကလည်း ကျေးရွာတွေကို လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တယ်လို့ ကေအဲန်ယူ-မူတြော်သတင်းစဉ်မှာ ဖော်ပြထားပါတယ်။

ဩဂုတ်(၁)ရက်က ဖာပွန်ခရိုင် ကတိုင်တိဒေသအနားက ကုလားကုန်းရွာသား အသက်(၃၅)နှစ်အရွယ်ရှိတဲ့ အမျိုးသားတစ်ဦးကို နယ်ခြားစောင့်တပ်(BGF-၁၀၁၃)က သတ်ဖြတ်လိုက်ပြီး မိသားစုတွေကို အသိပေးအကြောင်းမကြားဘဲ ယွန်းစလင်းချောင်းထဲမှာ စွန့်ပစ်မျောချခဲ့လိုက်တယ်လို့ မူတြော်သတင်းစဉ်က ဆိုပါတယ်။

ဒါ့အပြင် ဇူလိုင်(၃၁)ရက် ည ၁၀ နာရီအချိန်ခန့်က မထောအခြေစိုက် စစ်ကောင်စီရဲ့ ခမရ(၄၀၇)တပ်ရင်းက မထောကျေးရွာအုပ်စု သာမစူလော်ကျေးရွာထဲကို အမြောက်လက်နက်ကြီး(၉)လုံး တမင်ရည်ရွယ်ပြီးပစ်ခတ်ခဲ့သလို ဃော်ကလားကျေးရွာထဲကိုလည်း လက်နက်ကြီး(၇)လုံး ပစ်ချခဲ့တယ်လို့ သိရပါတယ်။

ဒေသတွင်းသတင်းရင်းမြစ်အဆိုအရ စစ်ကောင်စီရဲ့ စကစ(၈)လက်အောက်ခံ ခမရ(၄၀၇) တပ်ရင်းနဲ့ BGF-၁၀၁၃ တပ်ရင်းက တပ်ဖွဲ့ဝင်တွေဟာ အပြစ်မဲ့အရပ်သားပြည်သူတွေကို နည်းမျိုးစုံနဲ့ အကြပ်ကိုင်ခြိမ်းခြောက်နေမြဲရှိတယ်လို့ ကေအဲန်ယူ-မူတြော်သတင်းစဉ်ရဲ့ ဖော်ပြချက်ကနေ သိရပါတယ်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

ထိုင်းနိုင်ငံ၊ဘန်ကောက်မြို့တော်မှာမြန်မာအမျိုးသမီးတစ်ဦးသတ်ဖြတ်ခံရပြီးရုပ်အလောင်းကိုအပိုင်းပိုင်းခုတ်ထစ်ဖြတ်တောက်ခံထားရတဲ့ဖြစ်စဉ်နဲ့ ပတ်သက်လို့သံသယရှိခံရသူခင်ပွန်းဖြစ်သူကိုရဲတွေကအပူတပြင်းလိုက်ရှာနေပါတယ်။

နိုင်ငံတကာ

ထိုင်းမှာ အသက် ၁၃ နှစ်အရွယ် မိန်းကလေးငယ် တစ်ယောက်ဟာ အရုပ်နဲ့ ဖုန်းလုရင်း ညီမကို သတ်ဖြတ်ခဲ့ကြောင်း သိရပါတယ်။ သူနဲ့အတူ တခြား ဆွေမျိုးရင်းခြာ ဆယ်ကျော်သက် တစ်ဦးလည်း အဖမ်းခံခဲ့ရပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်ကမြစ်ခြေမြို့မှာကလေးငယ်တွေအပါအဝင်အရပ်သား၄၀ကျော်သတ်ဖြတ်ခံထားရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်တပ်ဖမ်းဆီးထားတဲ့ပြည်သူ​တွေထဲကအနည်းဆုံး၇ဦးအသတ်ခံထားရပြီး၂ဦး​ပျောက်ဆုံး​နေ ၊စစ်​ကြောင်း​တွေခွဲပြီးရွာ​တွေကိုမီးရှို့