Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

BGF က ရွာသားတစ်ဦးကိုသတ်ပြီး ချောင်းထဲကိုအလောင်းမျှောပစ်ခဲ့တယ်လို့ဆို

ဒေသတွင်းသတင်းရင်းမြစ်အဆိုအရ စစ်ကောင်စီရဲ့ စကစ(၈)လက်အောက်ခံ ခမရ(၄၀၇) တပ်ရင်းနဲ့ BGF-၁၀၁၃ တပ်ရင်းက တပ်ဖွဲ့ဝင်တွေဟာ အပြစ်မဲ့အရပ်သားပြည်သူတွေကို နည်းမျိုးစုံနဲ့ အကြပ်ကိုင်ခြိမ်းခြောက်နေမြဲရှိတယ်လို့ ကေအဲန်ယူ-မူတြော်သတင်းစဉ်ရဲ့ ဖော်ပြချက်ကနေ သိရပါတယ်။

BGF က ရွာသားတစ်ဦးကိုသတ်ပြီး ချောင်းထဲကိုအလောင်းမျှောပစ်ခဲ့တယ်လို့ဆို
BGF က ရွာသားတစ်ဦးကိုသတ်ပြီး ချောင်းထဲကိုအလောင်းမျှောပစ်ခဲ့တယ်လို့ဆို

ဖာပွန်ခရိုင်မှာ နယ်ခြားစောင့်တပ်(BGF)က ဒေသခံအရပ်သားတစ်ဦးကို သတ်ဖြတ်ခဲ့ပြီး စစ်ကောင်စီတပ်ကလည်း ကျေးရွာတွေကို လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တယ်လို့ ကေအဲန်ယူ-မူတြော်သတင်းစဉ်မှာ ဖော်ပြထားပါတယ်။

ဩဂုတ်(၁)ရက်က ဖာပွန်ခရိုင် ကတိုင်တိဒေသအနားက ကုလားကုန်းရွာသား အသက်(၃၅)နှစ်အရွယ်ရှိတဲ့ အမျိုးသားတစ်ဦးကို နယ်ခြားစောင့်တပ်(BGF-၁၀၁၃)က သတ်ဖြတ်လိုက်ပြီး မိသားစုတွေကို အသိပေးအကြောင်းမကြားဘဲ ယွန်းစလင်းချောင်းထဲမှာ စွန့်ပစ်မျောချခဲ့လိုက်တယ်လို့ မူတြော်သတင်းစဉ်က ဆိုပါတယ်။

ဒါ့အပြင် ဇူလိုင်(၃၁)ရက် ည ၁၀ နာရီအချိန်ခန့်က မထောအခြေစိုက် စစ်ကောင်စီရဲ့ ခမရ(၄၀၇)တပ်ရင်းက မထောကျေးရွာအုပ်စု သာမစူလော်ကျေးရွာထဲကို အမြောက်လက်နက်ကြီး(၉)လုံး တမင်ရည်ရွယ်ပြီးပစ်ခတ်ခဲ့သလို ဃော်ကလားကျေးရွာထဲကိုလည်း လက်နက်ကြီး(၇)လုံး ပစ်ချခဲ့တယ်လို့ သိရပါတယ်။

ဒေသတွင်းသတင်းရင်းမြစ်အဆိုအရ စစ်ကောင်စီရဲ့ စကစ(၈)လက်အောက်ခံ ခမရ(၄၀၇) တပ်ရင်းနဲ့ BGF-၁၀၁၃ တပ်ရင်းက တပ်ဖွဲ့ဝင်တွေဟာ အပြစ်မဲ့အရပ်သားပြည်သူတွေကို နည်းမျိုးစုံနဲ့ အကြပ်ကိုင်ခြိမ်းခြောက်နေမြဲရှိတယ်လို့ ကေအဲန်ယူ-မူတြော်သတင်းစဉ်ရဲ့ ဖော်ပြချက်ကနေ သိရပါတယ်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

KNLA ပူး​ပေါင်းတပ်များ မြဝတီမှယာယီဆုတ်​သော်လည်း မြဝတီမြို့သို့ စစ်ကူရန်ဆိုကာ လာ​နေ​သော စစ်တပ်စစ်ကူစစ်​ကြောင်းကိုမူ ​ဖြတ်​တောက်တိုက်ခိုက်ချေမှုန်းသွားမည်ဟု အသိ​ပေးသည်။

သတင်း

ကချင်ပြည်နယ်အတွင်းရှိ ပြည်သူ့စစ်နှင့် နယ်ခြားစောင့်တပ်များအား စစ်ရေးပစ်မှတ်အဖြစ် သတ်မှတ်ထားကြောင်း KIA က ပြီးခဲ့သည့် နှစ်ပိုင်းကတည်း က အသိပေး​ကြေညာထားသည်။

သတင်း

စစ်ကောင်စီတပ်သည် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အကြောင်းမဲ့မီးဝင်ရှို့သွားခြင်းဖြစ်ကြောင်း၊ မီးရှို့ဖျက်ဆီးပြီးနောက် ၎င်းတို့တပ်စွဲရာနေရာများသို့ ပြန်လည်ဝင်ရောက်သွားကြောင်း သိရသည်။

သတင်း

ခင်ဦးနယ်အတွင်းရှိ ကျေးရွာ ၁၂ရွာမှ ဒေသခံပြည်သူထောင်နှင့်ချီ ထွက်ပြေးတိမ်းရှောင်နေရပြီး အကူအညီများလိုအပ်နေကြောင်း သတင်းရရှိသည်။