Connect with us

Hi, what are you looking for?

သတင်း

အနာဂတ်ဖက်ဒရယ်နိုင်ငံတော်သစ်အတွက် CRPH နှင့် KPICTတို့ တွေ့ဆုံဆွေးနွေး

အစည်းအဝေးသို့ CRPH ဥက္ကဋ္ဌ၊ အတွင်းရေးမှူးများ၊ အဖွဲ့ဝင်များ၊ KPICT မှ တာဝန်ရှိပုဂ္ဂိုလ်များရုံးအဖွဲ့များ တက်ရောက်ခဲ့သည်။

ဓာတ်ပုံ - CRPH
ဓာတ်ပုံ - CRPH

အနာဂတ်ဖက်ဒရယ်နိုင်ငံတော်သစ် တည်ဆောက်နိုင်ရေးအတွက် ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ(CRPH)နှင့် ကချင်နိုင်ငံရေး ဆိုင်ရာကြားကာလပူးပေါင်းဆောင်ရွက်ရေးအဖွဲ့(KPICT)တို့ ဩဂုတ် ၄ရက်တွင် တွေ့ဆုံဆွေးနွေးခဲ့သည်။

အထက်ပါတွေ့ဆုံမှုတွင် CRPH ဥက္ကဌ ဦးအောင်ကြည်ညွန့်က အဖွင့်အမှာစကားပြောကြားပြီး KPICT တာဝန်ရှိသူကလည်း တော်လှန်ရေးခရီးစဥ်တွင် ရှေ့ဆက်၍ ပူးပေါင်းဆောင်ရွက်သင့်သည့် ကိစ္စရပ်များနှင့် အနာဂတ်ဖက်ဒရယ် နိုင်ငံတော် သစ် တည်ဆောက်နိုင်ရေးအတွက် နိုင်ငံတကာ အခင်းအကျင်းတွင် ပိုမို အားကောင်းလာစေရန် လုပ်ဆောင်သင့်သည့်အချက်များရှင်းလင်းဆွေးနွေးခဲ့သည်ဟု CRPH က သတင်းထုတ်ပြန်သည်။

ဓာတ်ပုံ - CRPH
ဓာတ်ပုံ – CRPH

တက်ရောက်လာသည့် လွှတ်တော်ကိုယ်စားလှယ်များကလည်း လိုအပ်သော လူသားချင်းစာနာထောက်ထားရေး အကူအညီများအပေါ် ကျေးဇူးတင်ကြောင်းနှင့် အနာဂတ်တွင်လည်း ပိုမိုပူးပေါင်းလုပ်ဆောင်နိုင်သည့် လုပ်ငန်းစဥ်များအပေါ် အပြန်အလှန်ဆွေးနွေးမေးမြန်းခဲ့ကြောင်း သိရသည်။

အစည်းအဝေးသို့ CRPH ဥက္ကဋ္ဌ၊ အတွင်းရေးမှူးများ၊ အဖွဲ့ဝင်များ၊ KPICT မှ တာဝန်ရှိပုဂ္ဂိုလ်များရုံးအဖွဲ့များ တက်ရောက်ခဲ့သည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH) ကိုယ်စားလှယ်အဖွဲ့ နဲ့ ထိုင်းလွှတ်တော်ကိုယ်စားလှယ်တွေဟာ ဩဂုတ် ၁၄ရက်မှာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ အောက်လွှတ်တော်မှာ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ CRPH က ထုတ်ပြန်ပါတယ်။

သတင်း

စစ်အာဏာရှင်စနစ် ခိုင်မြဲကြာရှည်စေရေး ပူးပေါင်းကူညီသူတွေ ချက်ချင်းရပ်တန့်ကြဖို့ KIO ဥက္ကဋ္ဌသတိပေး

သတင်း

တော်လှန်ရေးအင်အားစုများရဲ့ဘုံနိုင်ငံရေးသဘောတူညီချက် (ပထမမူကြမ်း)ကို သဘောတူအတည်ပြုကြောင်း သဘောတူညီချက်မှာ ပါဝင်တဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေက ဒီကနေ့ ဇူလိုင် ၃၀ရက်မှာ အသိပေးထုတ်ပြန်ပါတယ်။

ဆောင်းပါး

AFTA ဆိုတာကို တစ်ခွန်းတည်းနဲ့ နားလည်အောင်ပြောရရင် ဖွဲ့စည်းပုံအခြေခံဥပဒေကို ဆိုလိုတာပါ။ အဲဒါကို ထပ်ပြီးရှင်ပြရရင် အချိန်ကာလတွေ ထည့်သွင်းလိုက်တဲ့အခါ ကြားကာလ ဒါမှမဟုတ် အသွင်ကူးပြောင်းရေးကာလ ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုပြီး လက်ရှိနွေဦးတော်လှန်ရေးအပေါ်အခြေခံပြီး ကွဲပြားသွားကြတာပါ။