Connect with us

Hi, what are you looking for?

သတင်း

မိုးညှင်းမြို့နယ်သို့ ချီတက်လာသည့် စစ်ကောင်စီတပ် စစ်ကြောင်းကို KIA/PDF ပူးပေါင်းတိုက်ခိုက်

ခရီးသည်ကား၊ဘုန်းကြီးကား၊နာရေးကားပါမကျန် စစ်ကောင်စီနှင့်ပတ်သက်သော ပစ္စည်းများပါလာပါက ယာဥ်လိုင်း၊ယာဥ်မောင်းနှင့် ခရီးသယ်များမကျန် အရေးယူခံရမည်ဟု သတိပေး သည်။

ဓာတ်ပုံ - Inndaw Revolution IR
ဓာတ်ပုံ - Inndaw Revolution IR

▪️စစ်ကောင်စီတပ် ထိခိုက်သေဆုံးမှုများဟုဆို

စစ်ကိုင်းတိုင်း၊ မော်လူးမြို့နယ်မှ နန့်စီးအောင် ကျေးရွာသို့ တက်လာသည့် စစ်ကောင်စီစစ်ကြောင်း နှစ်ခုကို KIA နှင့် PDF ပူးပေါင်း တိုက်ခိုက်ရာ သေဆုံး ထိခိုက်သူများပြားကြောင်း Inndaw Revolution IR က ထုတ်ပြန်သည်။

ယနေ့(သြဂုတ် ၆ ရက်) နံနက် ၉နာရီခန့်တွင်အင်းတော်မြို့နယ်၊ မော်လူးမြို့ဘက်မှ မိုးညှင်း မြို့နယ် နန့်စီးအောင်ရွာဘက်သို့ စစ်ကောင်စီတပ် က အင်အား ၇၀ခန့်ဖြင့် စစ်ကြောင်းနှစ်ခုခွဲ၍ တက်လာသည်ဟု ဆိုသည်။

“မြေပြင် သတင်းအရစစ်ကြောင်းတစ်ခုက မိုင်းကွင်းထဲတည့်တည့်ဝင်သွားတယ်။ စုစုပေါင်း မိုင်းငါးလုံးဆွဲတယ်။စခ သုံးဦးက နေရာမှာတင်ပွဲ ချင်းပြီးတယ်။ထပ်ပြီးသေနိုင်တဲ့သူတွေလည်းရှိတယ်ဲ။ ဒဏ်ရာရတဲ့သူများတယ်”ဟု IR က လူထုနွေဦးသို့ ပြောသည်။

သေဆုံးသွားသည့် စစ်ကောင်စီတပ်သားများကို မိုးညှင်းမြို့ဘက်သို့ သယ်ဆောင်သွားပြီး ဒဏ်ရာ ရသူများကို နန့်စီးအောင်၌ တပ်စွဲကုသပေးနေသည်ဟုလည်း အသိပေးသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

အဆိုပါစစ်ကြောင်းသည် မံဟဲ၊ နီပလ္လင်၊ ဟောင်တုံစသည့် ကျေးရွာများမှ ပြည်သူ (၃၀)ဦးခန့်အား လူသားဒိုင်းအဖြစ်ဖမ်းခေါ်သွားပြီး နန့်စီအောင်သို့ရောက်ချိန်တွင် ပြန်လွှတ်ပေးလိုက်ကြောင်း IR Team ထံမှ သိရသည်။

နန့်စီအောင်ဘက်တက်မည့် စစ်ကောင်စီတပ်စစ်ကြောင်းအား မိုင်းဆွဲတိုက်ခိုက်ခဲ့သည့် ရထားလမ်းပိုင်းသည် အင်းတော် – ဗန်းမောက်လမ်းပိုင်းနှင့် အပြိုင်တည်းရှိပြီး ခန့်မှန်း နှစ်ဖာလုံခန့်သာဝေးသည်။

စစ်ကိုင်းတိုင်းအထက်ပိုင်းရှိ အင်းတော်မြို့နယ် နှင့်အနီးတစ်ဝိုက်တွင် ဇူလိုင်နောက်ဆုံးပတ်ကစ၍ နေ့စဥ်တိုက်ပွဲများ ဖြစ်ပွားနေပြီး စစ်ကောင်စီဘက်မှ အင်အားတိုး၍ စစ်ကြောင်းထိုး လျှက်ရှိသည်။

ထို့ကြောင့် အင်းတော်-ဗန်းမောက်လမ်းပိုင်း အသုံးပြုရာတွင်လိုက်နာရမည့်စည်းကမ်းချက်များအား အင်းတော် PDF က ဩဂုတ်၅ ရက် တွင် ထုတ်ပြန်ထားသည်။

ထို့အပြင် ကုန်ကားများ မိုးကာအုပ်မမောင်းရန်၊အိမ်စီး ကား၊နာရေးကားများနှင့် ဘုန်းကြီးကားများ မှန်ချမောင်းနှင်ရန်၊ကားများ ညအချိန်မောင်းနှင်မည်ဆိုပါက ရှေ့မီးချမောင်းရန်၊ကား၊ဆိုင်ကယ်၊သုံးဘီး စသည့် မည်သည့်ယာဥ်မဆို စစ်ဆေးပါက စစ်ဆေးမှုခံရမည်ဟု ထုတ်ပြန်ထားသည်။

ခရီးသည်ကား၊ဘုန်းကြီးကား၊နာရေးကားပါမကျန် စစ်ကောင်စီနှင့်ပတ်သက်သော ပစ္စည်းများပါလာပါက ယာဥ်လိုင်း၊ယာဥ်မောင်းနှင့် ခရီးသယ်များမကျန် အရေးယူခံရမည်ဟု သတိပေး သည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့မှာ ဒီကနေ့ ဇူလိုင် ၃၀ မနက်ကစတင်ပြီး တိုက်ပွဲတွေ ပြင်းထန်ခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်အချို့က ပြောပါတယ်။

သတင်း

ကချင်ပြည်နယ် ရွှေကူမြို့နယ်နဲ့ စစ်ကိုင်းတိုင်းအစပ် အင်းတော်ဒေသမှာလည်း တိုက်ပွဲတွေဆက်ဖြစ်နေကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO/KIA) သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

နွားထိုးကြီးမြို့ဆိုင်းဘုတ်ရှေ့ကနေ PDFတပ်ရင်းမှူးကိုစိုးအောင် ကို နာမည်တပ်စိန်ခေါ်တာ တွေဆက်တိုက်လုပ်ခဲ့တဲ့အာဏာသိမ်းစစ်တပ်လက်​အောက်ခံရဲကွန်မန်ဒိုစစ်ကြောင်းကဆိုတဲ့ ရဲတပ်ဖွဲ့ဝင် ကောင်းထက်ဖြိုးရဲ့ မိဘတွေထံ PDF ​တွေကသွား​ရောက်​တွေ့ဆုံပြီး သားဖြစ်သူကိုထိန်းကြောင်းပေးဖို့ပြောခဲ့ကြပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ယာဥ်တန်းနဲ့ စစ်သားတွေကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)က FPV ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့တဲ့ရုပ်သံမှတ်တမ်းကို PDF စစ်ရုံးချုပ်က ဒီကနေ့ မှာ ထပ်မံထုတ်ပြန်ပါတယ်။