ထန်တလန်မြို့နယ်တွင် မူးယစ်ဆေးဝါးသယ်ဆောင်သူ နှစ်ဦးကို ထန်တလန် ချင်းကာကွယ်ရေးတပ် (CDF)၏ ပြည်သူ့ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ကြောင်း The Chin Journal က ဖော်ပြသည်။
ထန်တလန် CDF တပ်ရင်း(၄)နယ်မြေ ထန်တလန်မြို့နယ် ထန်ဇန်းရွာနှင့် ရွာခွာကျေးရွာ အကြား စစ်ဆေးရေးဂိတ်တွင် ဩဂုတ် ၅ရက် ညနေပိုင်းက ဘိန်းဖြူများသယ်လာသူ ဦးဇာဟုပ် နှင့်ဦးဗန်ဇာဟမ်တို့အား ဇာနက်တောင်ကြော ပြည်သူ့ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ခြင်းဖစ်သည်ဟု ဆိုသည်။


ဖမ်းဆီးရမိသည့်မူးယစ်ဆေးဝါးများမှာ ကျပ်သိန်း ၂၀၀တန်ဖိုးရှိပြီး ကလေးမြို့မှ သယ်ဆောင်လာကာ အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ် Sangau မြို့သို့ပို့ဆောင်ရန်အတွက် ဖြစ်သည်ဟု သိရကြောင်း ဖော်ပြထားသည်။

ဖမ်းဆီးရမိသည့် တရားခံနှစ်ဦးအား ထန်တလန် CDF တပ်ရင်း(၄)တရားခုံတွင် စစ်ဆေးကာ ပြစ်ဒဏ် ချမှတ်သွားမည်ဖြစ်သည်ဟု ဆိုသည်။

Public Service Announcement


















































