Connect with us

Hi, what are you looking for?

သတင်း

ကလေးမြို့တွင် ယနေ့တိုက်ပွဲ စစ်ကောင်စီ ၁၀ဦးထက်မနည်းသေဟုဆို

ကလေးမြို့ ကျွန်းချောင်းနှင့် သာယာကုန်းကျေးရွာကြားတွင် ယနေ့(သြဂုတ် ၈ရက်) နေ့လည် ၁၂ နာရီခန့်က တိုက်ပွဲဖြစ်ပွားခဲ့​ခြင်းဖြစ်သည်။

ကလေး PDFမှ ရဲဘော်များအား တွေ့ရစဥ်၊ ဓာတ်ပုံ - ကလေး PDF
ကလေး PDFမှ ရဲဘော်များအား တွေ့ရစဥ်၊ ဓာတ်ပုံ - ကလေး PDF

စစ်ကိုင်းတိုင်း ကလေးမြို့တွင် ယနေ့ဖြစ်ပွားသော တိုက်ပွဲအတွင်း စစ်ကောင်စီတပ်အငိုက်မိသွားခဲ့ပြီး ၁၀ဦး ထက်မနည်းသေဆုံးကြောင်း ကလေးမြို့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ရဲဘော်တစ်ဦးက ပြောသည်။

ကလေးမြို့ ကျွန်းချောင်းနှင့် သာယာကုန်းကျေးရွာကြားတွင် ယနေ့(သြဂုတ် ၈ရက်) နေ့လည် ၁၂ နာရီခန့်က တိုက်ပွဲဖြစ်ပွားခဲ့​ခြင်းဖြစ်သည်။

” သူတို့ တက်လာတော့ ကျွန်တော်တို့က စောင့်ပစ်တာ။ သူတို့က မြောင်းထဲခုန်ဆင်းပြေးချိန် ခြင်းကြားတွေက လမ်းပေါ် ကျန်ခဲ့တာ။ ပစ်နေရင်း သေနတ်ကျည်ကုန်လို့ထင်တယ်။ ခြင်းကျား တွေကို တက်ဆွဲတာ။ အဲ့ဒါကို ကျွန်တော်တို့က သေချာပစ်ချနိုင်တာ။အဲ့ဒီအချိန် မိုးရွာတာလည်း ကိုယ်တွေအတွက် အခြေအနေကောင်းစေခဲ့တယ်”ဟု ကလေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ရဲဘော်တစ်ဦးက ပြောသည်။

Public Service Announcement
Public Service Announcement

စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ခန့် ချီတက်လာစဥ် ပြည်သူ့ကာကွယ်ရေးမဟာမိတ်များက စောင့်ကြို တိုက်ခိုက်ခဲ့​ခြင်းဟု ဆိုသည်။ စစ်ကောင်စီဘက်က အနည်းဆုံး ၁၀ဦးသေဆုံးကြောင်းနှင့် ၁နာရီခန့်ကြာ ပစ်ခတ်ပြီးနောက် ပြည်သူ့ကာကွယ်ရေးရဲဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာခဲ့သည်ဟု ၎င်းက ဆက်လက် ပြောသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် သာယာကုန်းကျေးရွာအနီးတွင် သြဂုတ် ၃ရက်က တိုက်ပွဲအပြင်းအထန် ဖြစ်ခဲ့သေးသည်။ယင်းတိုက်ပွဲတွင် စစ်ကောင်စီဘက်မှ ၁၅ဦးခန့်သေဆုံးပြီး အများအပြား ဒဏ်ရာရခဲ့သည်ဟု ကလေးမြို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDFက သတင်းထုတ်ပြန်ထားသည်။ ယင်းတိုက်ပွဲတွင် ကလေးမြို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF ၏ တပ်ရင်း(၆) တပ်စိတ်မှူးတစ်ဦးနှင့် နတ်ချောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ တပ်ရင်း(၁)မှ ဒုတိယတပ်ရင်းမှူးနှင့် ကင်းထောက်ရဲဘော်တစ်ဦး ကျဆုံးခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်အတွင်းမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်တပ်အကြား တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး စစ်တပ်က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေ မီးရှို့ ဖျက်ဆီးတာတွေ ဆက်လုပ်ခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့အနီးမှာ ဒီကနေ့ ဇွန်လ ၁၂ရက်မှာလည်း တိုက်ပွဲပြင်းထန်နေပြီး ညနေပိုင်းမှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ချင်းပြည်နယ်၊ မင်းတပ်မြို့က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲ ဖျက်ဆီးနေကြောင်း ဒေသခံ သတင်းရင်းမြစ်က အသိပေးပါတယ်။