Connect with us

Hi, what are you looking for?

သတင်း

လောင်းလုံးတွင် ပျူစောထီးသင်တန်းဆင်း စစ်တပ်လမ်းပြတစ်ဦးကို ပစ်ခတ်ရှင်းလင်း

ယမန်နေ့ညနေ ၃ နာရီခွဲအချိန့်က ပျူစောထီးသင်တန်း ဆင်း ဦးသူရဝင်း(ခ) မျိုးမျိုးဆိုသူကို ရသိမ်ကျေးရွာအနီးလမ်းပိုင်းတစ်နေရာတွင် ပစ်ခတ်ရှင်းလင်း ခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြသည်။

လောင်းလုံးမြို့နယ်
လောင်းလုံးမြို့နယ်

တနင်္သာရီတိုင်း လောင်းလုံးမြို့နယ်တွင် ပျူစောထီးသင်တန်းဆင်း စစ်ကောင်စီ တပ်၏ လမ်းပြတစ်ဦးကို ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း လောင်းလုံး(ပကဖ)က ယနေ့(သြဂုတ် ၁၀) ထုတ်ပြန်သည်။

ယမန်နေ့ညနေ ၃ နာရီခွဲအချိန့်က ပျူစောထီးသင်တန်း ဆင်း ဦးသူရဝင်း(ခ) မျိုးမျိုးဆိုသူကို ရသိမ်ကျေးရွာအနီးလမ်းပိုင်းတစ်နေရာတွင် ပစ်ခတ်ရှင်းလင်း ခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြသည်။

“ပစ်ခတ်ရှင်းလင်းခံရသည့် ဦးသူရဝင်း(ခ)မျိုးမျိုးသည် အကြမ်းဖက်စစ်ကောင်စီ ဖွဲ့စည်းထားသော ပျူစောထီးသင်တန်းဆင်း အဖွဲ့ဝင်တစ်ဦးဖြစ်ပြီး စစ်ကောင်စီ တပ်သားများရွာထဲရောက်လာလျှင် ဦးကြိုဆက်ဆံပြောဆိုသွားလာ၍ တောတောင်များထံ စစ်ကြောင်းထိုးရာတွင်လည်း စခများနှင့်အတူ လမ်းပြလုပ်ပေးသူတစ်ဦးလည်း ဖြစ်သည်”ဟု ဆိုသည်။

ထို့ကဲ့သို့ အကြမ်းဖက်စစ်ခေါင်းဆောင်မင်းအောင်လှိုင် အလိုကျ အပြစ်မဲ့ ပြည်သူများအား မတရားရက်စက်သတ်ဖြတ်နေသော စစ်ကောင်စီတပ်သား များနှင့် စစ်ကောင်စီထောက်တိုင် ပျူစောထီးများအား အလျဥ့်းသင့်သလို ဆက်လက်သုတ်သင်သွားမည်ဟု လောင်းလုံး(ပကဖ)က သတိပေးထားသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို အာဏာသိမ်းစစ်တပ်က စတင်ဖမ်းဆီးထားစဉ်ကတည်းက သတင်းအစအနတွေ ဘာမှမကြားရကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO/KIA) သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောကြားပြီး ဒီလို သတင်းအစအန မကြားရလို့ ပြည်သူတွေက ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက်အန္တရာယ်ကို စိုးရိမ်နေကြရတာလို့ ပြောကြားပါတယ်။

သတင်း

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ် ကျင်ဒွေးမြို့ကို အာဏာသိမ်းစစ်တပ်က ဇွန်လ ၁၉ရက်ည သန်းခေါင်လောက်မှာ လေယာဉ်ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အရပ်သား ၆ဦးသေဆုံးကာ ဒဏ်ရာရသူတွေရှိခဲ့တယ်လို့ ကန်ပက်လက်မြို့နယ် လူသားစာနာဘေးစီမံဌာနက ထုတ်ပြန်ပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ် စစ်ဗြဲ(စပ်ပြဲ)ကျေးရွာတိုက်ပွဲမှာ စစ်တပ်က အထိနာ ဆုတ်ခွာထွက်ပြေးသွားပြီး ရုပ်အလောင်းတွေနဲ့ လက်နက်ခဲယမ်းအချို့ သိမ်းရခဲ့ကြောင်း လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က ဒီကနေ့ သတင်းထုတ်ပြန်ပါတယ်။

သတင်း

လက်နက် ၉လက်နဲ့ စစ်သုံ့ပန်း ၄ဦးဖမ်းမိဟု PDF ထုတ်ပြန်