Connect with us

Hi, what are you looking for?

နိုင်ငံတကာ

တရုတ်ရဲ့ စစ်ရေးလေ့ကျင့်မှုတွေဟာ ကျူးကျော်စစ်အတွက် ပြင်ဆင်နေတာလို့ ထိုင်ဝမ်စွပ်စွဲ

တကယ့် ကျည်အစစ်၊ လက်နက် အစစ်တွေကို အသုံးပြုပြီး ဒုံးကျည် ပစ်ခတ်မှုတွေကိုပါ ထည့်သွင်းထားတဲ့ စစ်ရေး လေ့ကျင့်မှုတွေဟာ ပလော့စီရဲ့ ခရီးစဉ်ကြောင့်လို့ အကြောင်းပြထားပေမယ့် တကယ်တမ်းတော့ တရုတ်ရဲ့ ကျူးကျော်စစ်ပွဲ ဖော်ဆောင်လိုတဲ့ သဘောထား အမှန်ကို ထင်ဟပ်စေတယ်လို့ ထိုင်ဝမ် နိုင်ငံခြားရေး ဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

တရုတ်ရဲ့ စစ်ရေးလေ့ကျင့်မှုတွေဟာ ကျူးကျော်စစ်အတွက် ပြင်ဆင်နေတာလို့ ထိုင်ဝမ်စွပ်စွဲ
တရုတ်ရဲ့ စစ်ရေးလေ့ကျင့်မှုတွေဟာ ကျူးကျော်စစ်အတွက် ပြင်ဆင်နေတာလို့ ထိုင်ဝမ်စွပ်စွဲ

တရုတ်ဟာ လူကြားကောင်းအောင် အကြောင်းပြချက်တွေ လျှောက်ပေးပြီး စစ်ရေးလေ့ကျင့်မှုတွေ လုပ်ဆောင်နေပေမယ့် တကယ့် ရည်ရွယ်ချက် အစစ်အမှန်က ကျူးကျော်စစ်ပွဲ ဆင်နွှဲဖို့သာ ဖြစ်တယ်လို့ ထိုင်ဝမ် အစိုးရက စွပ်စွဲ ဝေဖန်လိုက်ပါတယ်။

တရုတ်ဟာ ထိုင်ဝမ်ကို ပိုင်နက် နယ်မြေအဖြစ် သတ်မှတ်ထားပေမယ့် ဒီမိုကရေစီစနစ် ပီပီပြင်ပြင် ထွန်းကားနေတဲ့ ကျွန်းနိုင်ငံငယ်ကတော့ သီးခြား ရပ်တည်မှုကိုသာ လိုလားနေပါတယ်။ အခုလ အစောပိုင်းမှာ အမေရိကန် အောက်လွှတ်တော် ဥက္ကဋ္ဌ နန်စီ ပလော့စီက ထိုင်ဝမ်ကျွန်းကို အလည်အပတ် ခရီးစဉ် ရောက်ရှိခဲ့ပြီး ဒီလုပ်ရပ်က တရုတ်အတွက် အကြီးအကျယ် ဒေါသထွက်စရာ ဖြစ်လာပါတယ်။

တရုတ်က ပလော့စီရဲ့ ခရီးစဉ်ဟာ တရုတ်ရဲ့ အချုပ်အခြာ အာဏာ ပိုင်ဆိုင်မှုကို ချိုးဖျက် ကျူးလွန်ခဲ့တာလို့ စွပ်စွဲပြီး ထိုင်ဝမ်ကျွန်း ပတ်ပတ်လည်မှာ အင်အားပြ စစ်ရေးလေ့ကျင့်မှုတွေ အရှိန်မြှင့် လုပ်ဆောင်သွားမယ်လို့ ကြေညာခဲ့ပါတယ်။ တကယ်လည်း ထိုင်ဝမ်ကမ်းလွန် ရေပြင်မှာ တရုတ်ရေတပ်၊ လေတပ်က ဝန်းရံပြီး နေ့စဉ်ရက်ဆက် စစ်ရေး လေ့ကျင့်မှုတွေ လုပ်ဆောင်နေပါတယ်။

တကယ့် ကျည်အစစ်၊ လက်နက် အစစ်တွေကို အသုံးပြုပြီး ဒုံးကျည် ပစ်ခတ်မှုတွေကိုပါ ထည့်သွင်းထားတဲ့ စစ်ရေး လေ့ကျင့်မှုတွေဟာ ပလော့စီရဲ့ ခရီးစဉ်ကြောင့်လို့ အကြောင်းပြထားပေမယ့် တကယ်တမ်းတော့ တရုတ်ရဲ့ ကျူးကျော်စစ်ပွဲ ဖော်ဆောင်လိုတဲ့ သဘောထား အမှန်ကို ထင်ဟပ်စေတယ်လို့ ထိုင်ဝမ် နိုင်ငံခြားရေး ဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

Public Service Announcement

Public Service Announcement

ထိုင်ဝမ် နိုင်ငံခြားရေး ဝန်ကြီး ဂျိုးဆက်ဝူက စစ်ရေး လေ့ကျင့်မှုတွေအတွင်း တရုတ်ဟာ တရားဝင် မဟုတ်ပေမယ့် နှစ်ဖက် နားလည်မှုအရ ပိုင်းခြား သတ်မှတ်ထားတဲ့ နယ်စပ်စည်းတွေကို မကြာခဏ ကျူးကျော်ခဲ့တယ်လို့ စွပ်စွဲသွားပါတယ်။ တရုတ်ဟာ ထိုင်ဝမ်ကို ကျူးကျော်ဖို့ အစီအမံ တစ်ခုအနေနဲ့ ဒီလို စစ်ရေးလေ့ကျင့်မှုတွေကို လုပ်ဆောင်နေတာသာ ဖြစ်တယ်လို့ ထိုင်ပေမြို့က သတင်းစာ ရှင်းလင်းပွဲ တစ်ခုမှာ ဝူက ပြောကြားသွားပါတယ်။

ဝူက နိုင်ငံတကာ အသိုက်အဝန်း အနေနဲ့ ထိုင်ဝမ် ရေလက်ကြား တဝိုက်မှာ ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးတို့အတွက် ထဲထဲဝင်ဝင် အားပေး ကူညီကြဖို့လည်း တိုက်တွန်းခဲ့ပါတယ်။ တရုတ်ဟာ ပမာဏ ကြီးမားလွန်းတဲ့ စစ်ရေး လေ့ကျင့်မှုတွေ၊ ဒုံးကျည် လက်တွေ့ ပစ်ခတ်မှုတွေနဲ့ ဆိုက်ဘာ နည်းလမ်းအရ တိုက်ခိုက်မှုတွေပါ လုပ်ဆောင်နေပြီး ထိုင်ဝမ် ပြည်သူတွေ စိတ်ဓာတ်ကျအောင် သတင်းမှားတွေ ဝါဒဖြန့်တဲ့ လှုပ်ရှားမှုတွေပါ တွင်တွင်ကျယ်ကျယ် ဖော်ဆောင်နေတယ်လို့လည်း ဝူက ဆိုပါတယ်။

လောလောဆယ်တော့ တရုတ်ရဲ့ အရှေ့ဖျားဒေသ စစ်ဦးစီး ဌာနက ထိုင်ဝမ် ရေလက်ကြား တဝိုက်မှာ ရေငုပ်သင်္ဘော ရှာဖွေ နှိမ်နင်းရေး၊ ပင်လယ်ပြင် ချေမှုန်းရေးဆိုင်ရာ စစ်ရေး လေ့ကျင့်မှုတွေ ဆက်လက် လုပ်ဆောင်သွားမယ်လို့ ကြေညာထားပါတယ်။ နိုင်ငံတကာ လုံခြုံရေး သုတေသီတွေနဲ့ သံတမန်တွေက တရုတ်ဟာ လာမယ့် ရက်ပိုင်းတွေ အတွင်းမှာလည်း ထိုင်ဝမ်ရဲ့ ကာကွယ်ရေး ကဏ္ဍကို ပိုမို အားပျော့သွားအောင် ဆက်လက် ဖိအားပေးနေဖွယ် ရှိကြောင်း သုံးသပ်ထားကြပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တရုတ် တိုက်လေယာဉ်တွေ ဝယ်ယူဖို့ ဘင်္ဂလားဒေ့ရှ်က ကမ်းလှမ်းထားတဲ့အပေါ် အိန္ဒိယက စိုးရိမ်တကြီး စောင့်ကြည့် လေ့လာနေကြောင်း သိရပါတယ်။

အတွေးအမြင်

မြန်မာနိုင်ငံ၏ လွတ်လပ်ရေးရပြီး နောက်ပိုင်း သက်တမ်းတလျှောက်လုံးနီးပါးကို စစ်တပ်၏ အရိပ်မကင်းသော အုပ်ချုပ်မှုပုံစံဖြင့် နိုင်ငံရေးအခင်းအကျင်းတခုလုံးကို လွှမ်းခြုံထားခဲ့သည်။

သတင်း

အရှေ့တောင်အာရှနိုင်ငံများအစည်းအရုံး(အာဆီယံ)နဲ့ကုလသမဂ္ဂ (UN) လိုနိုင်ငံတကာအဖွဲ့အစည်းတွေမှာတရုတ်နဲ့ မြန်မာကြားပူးပေါင်းဆောင် ရွက်မှုတွေမြှင့်တင်သွားမယ်လို့အာဏာသိမ်းစစ်ခေါင်းဆောင်ရဲ့တရုတ်နိုင်ငံခရီးစဉ်အတွင်းပူးတွဲထုတ်ပြန်ချက်မှာဖော်ပြလာခဲ့ပါတယ်။

နိုင်ငံတကာ

မြေရှား သတ္တုတွေ ရရှိနိုင်ရေးအတွက် တရုတ်အပေါ် အလွန်အကျွံ မှီခိုနေရတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး ကမ္ဘာ့ စီးပွားရေး အင်အားကြီး နိုင်ငံတွေ စုဖွဲ့ထားတဲ့ G7 ထိပ်သီး ညီလာခံမှာ ဆွေးနွေးခဲ့ကြပါတယ်။