Connect with us

Hi, what are you looking for?

သတင်း

စစ်ကိုင်းတိုင်းတွင် စစ်ကောင်စီတပ်ယာဥ်တန်း ပဒေသာမိုင်းဖြင့် ထပ်မံ တိုက်ခိုက်ခံရ

အဆိုပါတိုက်ခိုက်မှုကို People’s Defence Force – South Monywa နှင့် Monywa Ranger Group Truth Army တို့ ပူးပေါင်းလုပ်ဆောင်ခြင်း ဖြစ်ကြောင်း ၎င်းတို့က ထုတ်ပြန်ထားသည်။

(ယခင်ရက်ပိုင်းက မုံရွာ-မန္တလေးလမ်းမပေါ် အကြမ်းဖက်စစ်တပ်ယာဥ် တိုက်ခိုက်ခံရစဥ်၊ ဓာတ်ပုံ - MMU)
(ယခင်ရက်ပိုင်းက မုံရွာ-မန္တလေးလမ်းမပေါ် အကြမ်းဖက်စစ်တပ်ယာဥ် တိုက်ခိုက်ခံရစဥ်၊ ဓာတ်ပုံ - MMU)

စစ်ကိုင်းတိုင်း၊ မုံရွာ – မန္တလေးလမ်းပေါ်တွင် အကြမ်းဖက်စစ်ကောင်စီတပ် ယာဥ်တန်းအား ဒေသတွင်းအဖွဲ့များက ထပ်မံတိုက်ခိုက်ခဲ့ပြီး သေဆုံးထိခိုက်မှုများရှိကြောင်း PDF South Monywaက ထုတ်ပြန်သည်။

ယနေ့(သြဂုတ်၁၂ရက်) နံနက် ၃နာရီခွဲမှ ၄ နာရီကြားတွင် မုံရွာ – မန္တလေးလမ်းရှိ ဂွေးပင်တောနှင့် ဘိုးမင်းကြီးကင်းကြား၌ မုံရွာမှ မန္တလေးမြို့ဘက်သို့သွားသော စစ်ကောင်စီတပ်ယာဥ်တန်းအား ပဒေသာမိုင်း (၇)လုံးဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ကား (၂)စီး ထိခိုက်ပျက်စီးကာ သေဆုံးသူများ နိုင်ကြောင်း PDF South Monywaက ဆက်သွယ်ပြောကြားသည်။

ထို့အပြင် စစ်ကောင်စီတပ်သား ၁၅ ဦးခန့် ထိခိုက်သေဆုံးနိုင်သည်ဟု PDF South Monywaက ခန့်မှန်းသည်။

Public Service Announcement
Public Service Announcement

“၄ စီးမြောက်နှင့် ၅ စီးမြောက် ကားများအား အတိအကျထိပြီး ရဲဘော်၏ မျက်မြင်အရ ကားပါ မြောက်တက်သွားသည်ဟု သိရသည်”ဟု PDF South Monywaက ဆိုသည်။

Public Service Announcement

Public Service Announcement

အဆိုပါတိုက်ခိုက်မှုကို People’s Defence Force – South Monywa နှင့် Monywa Ranger Group Truth Army တို့ ပူးပေါင်းလုပ်ဆောင်ခြင်း ဖြစ်ကြောင်း ၎င်းတို့က ထုတ်ပြန်ထားသည်။

ထိခိုက်သေဆုံးမှုအခြေအနေနှင့်ပတ်သက်၍ People’s Springက သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးပေ။

အဆိုပါယာဥ်တန်းသည် ယနေ့နံနက်ပိုင်းကပင် မြင်းမူမြို့နယ်အတွင်း၌ နှစ်နေရာထက်မနည်း မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရသေးသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ (SCEF) နဲ့ စစ်ကိုင်းဖက်ဒရယ်ယူနစ်၊ မကွေးဖက်ဒရယ်ယူနစ်၊ မန္တလေးဒေသတို့မှ အစိုးရ၊ လွှတ်တော် တာဝန်ရှိသူများ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း SCEFက ဒီကနေ့မှာ ထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊အင်းတော်၊မော်လူးမြို့တို့ကို ထိုးစစ်ဆင် နေတဲ့ တပ်မ(၃၃)ကစစ်​ကြောင်း တွေ နောက်တန်းပြန်ဆုတ်လာပြီး ဇူလိုင်လ ၂၂ရက်ညနေပိုင်းမှာကားအစီး ၈၀နဲ့ မန္တ လေးမြို့တွင်း ပြန်ဝင်တယ်လို့ ‌‌‌‌‌‌‌တော်လှန်ရေးအင်အားစုတွေကပြောပါတယ်။