Connect with us

Hi, what are you looking for?

သတင်း

မုံရွာ – မန္တလေးလမ်းပေါ် ဆိုင်ကယ်ဖြင့် ညကင်းပတ် လာသည့် စစ်အုပ်စု မိုင်းဆွဲတိုက်ခိုက်ခံရပြီး လေးဦးသေဟုဆို

အဆိုပါတိုက်ခိုက်မှုအား ဗိုလ်တောက်ထွန်း (MBTT) အထူးတပ်ဖွဲ့၊ ဗိုလ်နေတိုးပြောက်ကျားအထူးဖွဲ့(B.N.T)၊ လျှက်တပြက်စွန်ညို၊ ဒီမိုသိန်းငှက်ပြောက်ကျားအဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ကြခြင်းဖြစ်သည်။

(ချောင်းဦးမြို့နယ်၊ မုံရွာ - မန္တလေးလမ်းဘေးတွင် ကင်းစောင့်နေသော စစ်ကောင်စီတပ်သားတစ်ဦးအား ယခင်လပိုင်းအတွင်းက တွေ့ရစဥ်။ဓာတ်ပုံ-CJ)
(ချောင်းဦးမြို့နယ်၊ မုံရွာ - မန္တလေးလမ်းဘေးတွင် ကင်းစောင့်နေသော စစ်ကောင်စီတပ်သားတစ်ဦးအား ယခင်လပိုင်းအတွင်းက တွေ့ရစဥ်။ဓာတ်ပုံ-CJ)

စစ်ကိုင်းတိုင်း၊ မုံရွာ – မန္တလေးလမ်းပေါ်တွင် ဆိုင်ကယ်ဖြင့် ညကင်းပတ်လာသည့် အကြမ်းဖက်စစ်ကောင်စီတပ်သားများအား မိုင်းဆွဲတိုက်ခိုက်ရာ လေးဦး သေဆုံးကြောင်း ဗိုလ်တောက်ထွန်း (MBTT)အထူးတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။

သြဂုတ် ၇ရက် ည ၉ နာရီ ၂၀ မိနစ်ခန့်ကငါးရှန်ကျေးရွာဘက်မှ ဆိုင်ကယ် ၅စီးဖြင့် ကင်းပတ်လာသော ၁၁ဦးပါ စစ်ကောင်စီအဖွဲ့အား နတ်ရေကန်ရွာအကျော်တွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

၎င်းအုပ်စုအား ပဒေသာမိုင်း ၈လုံးတွဲဖြင့် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား လေးဦး နေရာမှာပင် သေဆုံးခဲ့ပြီး ၎င်းတို့စီးလာသည့် ဆိုင်ကယ် နှစ်စီးပါ ပျက်စီးသွားကြောင်း MBTTအဖွဲ့က ပြောသည်။

ဖြစ်စဥ်နှင့်ပတ်သက်၍ MBTT အဖွဲ့ တာဝန်ရှိသူက “သူတို့က လှည့်ကင်းက နေ့ကောညကောရှိတယ်။ ငါးယှန်ဘက်ကျ လုပ်လို့မရဘူး။ ချောင်းဦးနဲ့နီးလို့။ တိုက်ခိုက်ခံရပြီးတော့ ချောင်းဦးဘက်သယ်သွားတယ်လို့ သတင်းရပါတယ်။”ဟု ပြောသည်။

Public Service Announcement

Public Service Announcement

အဆိုပါတိုက်ခိုက်မှုအား ဗိုလ်တောက်ထွန်း (MBTT) အထူးတပ်ဖွဲ့၊ ဗိုလ်နေတိုးပြောက်ကျားအထူးဖွဲ့(B.N.T)၊ လျှက်တပြက်စွန်ညို၊ ဒီမိုသိန်းငှက်ပြောက်ကျားအဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ကြခြင်းဖြစ်သည်။

စစ်ကောင်စီတပ်၏ ထိခိုက်သေဆုံးမှုအခြေအနေနှင့်ပတ်သက်၍ ထပ်မံအတည်ပြုနိုင်ခြင်း မရှိသေးပေ။

သြဂုတ်လ ၆ ရက်ကလည်း မုံရွာ-မန္တလေးလမ်းမကြီးပေါ် ဖြတ်သန်းလာသည့် စစ်ကောင်စီယာဥ်များအား ဒေသတွင်းမဟာမိတ်အဖွဲ့များက လမ်းတစ်လျှောက် မိုင်းဆွဲတိုက်ခိုက်ခဲ့သေးသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ စက်မှုဇုန်မှာ တပ်စွဲထားတဲ့ စစ်တပ်ကို ဝင်ရောက်တိုက်ခိုက်ရာ ၄ ဦး သေဆုံးကြောင်း မုံရွာခရိုင်တပ်ရင်းတွေက ထုတ်ပြန်ပါတယ်။

သတင်း

မုံရွာမြို့အ​ခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ)ရဲ့ပတ်ဝန်းကျင်က မြို့တွေမှာ စစ်ရေးတင်းမာနေပြီး စစ်‌တပ်က အရပ်သားတွေနဲ့ အိမ်ယာတွေကို ပစ်မှတ်ထားတိုက်ခိုက်ဖျက်ဆီးနေတယ်လို့ ​ဒေသခံ နဲ့ ​တော်လှန်​ရေးတပ်ဖွဲ့ဝင်​တွေက​ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဆိုင်ကယ်စီးနင်းသူတွေကို လိုက်လံစစ်ဆေးဖမ်းဆီးပြီး ကျပ်သိန်းချီတောင်းနေကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

​မကွေးတိုင်း၊ ရေစကြိုမြို့မှာ စစ်အုပ်စုက ကျေးရွာတွေကနေ စျေးဝယ်တက်လာတဲ့ စျေးကားတွေပေါ်က ပြည်သူတွေကို ငွေကြေး အဓမ္မတောင်းခံနေကြောင်း ဒေသခံတွေက ပြောပါတယ်။