Connect with us

Hi, what are you looking for?

သတင်း

AAနှင့် တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် စစ်ကောင်စီတပ်က မောင်တောနှင့် ဆက်စပ်မြို့နယ်များတွင် လမ်းများ ပိတ်ထားဟု ဒေသခံပြော

AAနှင့် စစ်ကောင်စီတပ်တို့သည် ယမန်နေ့က ရသေ့တောင်မြို့နယ်နှင့် မောင်တောမြို့နယ်တို့၌ တိုက်ပွဲဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်က သေဆုံးထိခိုက်ရှိခဲ့ပြီး အချို့ဖမ်းဆီးခံခဲ့ရသည်ဟု ဆိုသည်။

(မောင်တော-အငူမော်ကားလမ်းပိုင်း၌ ယမန်နေ့ကတွေ့ရသည့် ခရီးသည်တင်ယာဥ်နှင့် ခရီးသည်များ ဓာတ်ပုံ - BNA)
(မောင်တော-အငူမော်ကားလမ်းပိုင်း၌ ယမန်နေ့ကတွေ့ရသည့် ခရီးသည်တင်ယာဥ်နှင့် ခရီးသည်များ ဓာတ်ပုံ - BNA)

ရက္ခိုင့်တပ်တော်(AA)နှင့် ယမန်နေ့က တိုက်ပွဲဖြစ်ပွားခဲ့၍ ယနေ့တွင် စစ်ကောင်စီတပ်က ရခိုင်ပြည်နယ် မောင်တောမြို့နယ်အတွင်းနှင့် ဆက်စပ် ဒေသများ၌ လမ်းများပိတ်ထားကြောင်း ဒေသခံက ပြောသည်။

“ဒီနေ့တော့ တိုက်ပွဲဖြစ်သံမကြားဘူး။ မောင်တောကိုတော့ လမ်းတွေအကုန်လုံး ပိတ်လိုက်ပြီ။ စစ်တွေ – အငူမော်ကားလမ်းရယ် နောက်ပြီးတော့ စစ်တွေ – ဘူးသီးတောင် -မောင်တော ကားလမ်းရယ် လမ်းပမ်းဆက်သွယ်ရေးတွေ အကုန်လုံးပိတ်လိုက်ပြီ။”ဟု ၎င်းက ဆိုသည်။

AAနှင့် စစ်ကောင်စီတပ်တို့သည် ယမန်နေ့က ရသေ့တောင်မြို့နယ်နှင့် မောင်တောမြို့နယ်တို့၌ တိုက်ပွဲဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်က သေဆုံးထိခိုက်ရှိခဲ့ပြီး အချို့ဖမ်းဆီးခံခဲ့ရသည်ဟု ဆိုသည်။

တိုက်ပွဲကြောင့် ယမန်နေ့ကတည်းက စစ်တွေ – မောင်တော သွားလာသည့်ကားများ ပိတ်မိနေခဲ့သည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

“စစ်ကောင်စီဘက်က ပိတ်တာပေါ့။ မောင်တောမှာဆိုရင် တောင်ပိုင်းရော မြောက်ပိုင်းရော။ တချို့ရွာသားတွေပြောတာက တစ်ရွာကနေ တစ်ရွာ တောင်သွားလို့မရဘူးလို့ ပြောတယဟု ဒေသခံက ပြောသည်။

AAနှင့် စစ်ကောင်စီတပ် အကြား စစ်ရေးတင်းမာမှု မြင့်တာလာ၍ ပြည်သူလူထုများ ပိုမိုသတိထား သွားလာကြရန် AA ဘက်က အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

AA ကစစ်​တွေရှိ စစ်တပ်ကာကင်းအနည်းဆုံး၃ခုနဲ့ ခြေကုတ်​နေရာ၄ခုကိုသိမ်းပိုက်ပြီး

သတင်း

စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်တိုက်ပွဲတွေအတွင်းအာဏာသိမ်းစစ်တပ်ရဲ့ကာကင်းအပါအဝင် ခြေကုတ်နေရာအချို့ကို အာရက္ခတပ်တော်(AA)က သိမ်းပိုက်ရရှိထားပြီး တိုက်ပွဲတပါတ်ကျော်အတွင်း ​နေရာ​လေးခုထက်မနည်းရှိပြီဖြစ်တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

စစ်သုံ့ပန်း ၈၀ ခန့် ထွက်ပြေးသွားရာ လက်နက်အချို့ပါသွားတာဖြစ်လို့ တီးတိန်၊ ကပ်တဲလ်၊ လိုင်လုဲ(Laailui)နဲ့ မဏိပူရ်မြစ် ပတ်ဝန်းကျင်ဒေသတွေကို ခရီးသွားလာတာ၊ အပြင်ထွက်တာ ခဏတာ ရှောင်ကြဉ်ကြဖို့ အသိပေးကြောင်း PDF ဇိုလဲန်းက သတင်း ထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်နဲ့ မံစီမြို့နယ်ကြား ကောင်ဂျာယန်ဒေသမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း စစ်တပ်က သေဆုံးထိခိုက်များခဲ့ပြီး စစ်သုံ့ပန်းတွေ ဖမ်းမိသလို ထွက်ပြေးစစ်သားတွေ ပုန်းအောင်းရာ နေရာတွေကို လိုက်လံရှင်းလင်းနေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။