Connect with us

Hi, what are you looking for?

သတင်း

ရခိုင်ဒေသမှ စစ်ကောင်စီတပ် ဖယ်ရှားရေးသည် AA၏ လုံခြုံရေးမူဝါဒ ဖြစ်ပြီး တသွေမတိမ်း ဆက်လုပ်မည်ဟု ထပ်လောင်းအသိပေး

AAနှင့် စစ်ကောင်စီတို့သည် စစ်ရေးတင်းမာမှုဆက်ရှိနေပြီး လတ်တလောတွင် ချင်းပြည်နယ် ပလက်၀ မြို့နယ်တွင် တိုက်ပွဲများ တောက်လျှောက်ဖြစ်ပွားနေကြောင်း၊ ယနေ့၌ပင် တိုက်ပွဲဖြစ်ပွားနေသည့် အခြေအနေ ရှိနိုင်ကြောင်း ဦးခိုင်သုခက ပြောသည်။

ရက္ခိုင်တပ်မ​တော်(AA)တပ်ဖွဲ့ဝင်များ
ရက္ခိုင်တပ်မ​တော်(AA)တပ်ဖွဲ့ဝင်များ

●တိုက်ပွဲဖြစ်ပွားမှု၊ စစ်ရေးတင်းမာနေမှုအပေါ် ကြားခံမှတစ်ဆင့် ကမ်းလှမ်းလာသော်လည်း စစ်ကောင်စီတပ်နှင့် ဆွေးနွေးမှု မရှိဟု ပြော

ရခိုင်ဒေသတွင် ရက္ခိုင့်တပ်တော်(AA) တစ်ခုတည်းရှိရေး၊ စစ်ကောင်စီတပ်(မြန်မာစစ်တပ်)ဖယ်ရှားရေးကို ဆက်လက် လုပ်ဆောင်သွားရန်ရှိကြောင်း AA ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက ပြောကြားသည်။

ယနေ့ပြုလုပ်သည့် AA၏ သတင်းစာရှင်းလင်းပွဲ၌ ဦးခိုင်သုခက ရခိုင်ဒေသ၌ လက်နက်ကိုင်တပ်များစွာ မလိုအပ်ကြောင်းနှင့် AAသည် ပြည်သူလူထု အထောက်ခံဆုံးအဖွဲ့အစည်းဖြစ်ကြောင်း ပြောဆိုခဲ့သည်။

“ရခိုင်ဒေသထဲမှာ အခုလက်ရှိ အနေအထားအရ မြန်မာစစ်တပ်နဲ့ ရက္ခိုင့်တပ်တော် နှစ်ခုသာရှိပါတယ်။ သို့သော်လည်းပဲ ကျွန်တော်တို့ရဲ့ မူဝါဒက ရခိုင်ဒေသမှာ ရက္ခိုင့်တပ်တော် တစ်ခုတည်း ရှိဖို့ဆိုတာ ကျွန်တော်တို့ အနေနဲ့ လုံခြုံရေးမူဝါဒချထားပြီးသားဖြစ်ပါတယ်။ ယင်းအတိုင်း ကျွန်တော်တို့ တသွေမတိမ်းဆက်လက်ပြီး လုပ်ဆောင်သွားဖို့ရှိပါတယ်။” ဟု ဦးခိုင်သုခက ရခိုင်ဘာသာနှင့် ပြောသည်။

ရက္ခိုင်တပ်မ​တော်(AA)တပ်ဖွဲ့ဝင်များ
ရက္ခိုင်တပ်မ​တော်(AA)တပ်ဖွဲ့ဝင်များ

လက်ရှိတွင် AA အနေဖြင့် ရခိုင်လက်နက်ကိုင်တပ်ဖွဲ့တစ်ခုဖြစ်သည့် ALP ပါတီ ခေါင်းဆောင်အချို့အပါအဝင် ရဲဘော်များကို ဖမ်းဆီးပြီး ပြန်လွှတ်သင့်လွှတ်ထိုက်သူအားလုံးနီးပါးကိုလည်း ပြန်လွှတ်ပေးပြီးဖြစ်ကြောင်း ဦးခိုင်သုခက ရှင်းလင်းသည်။ ALP အနေဖြင့် စစ်ကောင်စီနှင့် ပူးပေါင်းဆောင်ရွက်ခြင်း၊ လတ်တလောဖြစ်ပွားနေသည့် ပလက်၀ ဒေသတိုက်ပွဲများ၌ ALP တပ်ဖွဲ့ဝင် အချို့က လမ်းပြအဖြစ်လိုက်ပါ ဆောင်ရွက်ခြင်း တို့ ရှိ၍ ဖမ်းဆီးရခြင်းဖြစ်သည်ဟု ၎င်းက ဆိုသည်။

Public Service Announcement

Public Service Announcement

AAနှင့် စစ်ကောင်စီတို့သည် စစ်ရေးတင်းမာမှုဆက်ရှိနေပြီး လတ်တလောတွင် ချင်းပြည်နယ် ပလက်၀ မြို့နယ်တွင် တိုက်ပွဲများ တောက်လျှောက်ဖြစ်ပွားနေကြောင်း၊ ယနေ့၌ပင် တိုက်ပွဲဖြစ်ပွားနေသည့် အခြေအနေ ရှိနိုင်ကြောင်း ဦးခိုင်သုခက ပြောသည်။

အခြားဒေသများ၌လည်း စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်း၊ စခန်းတစ်ခုနှင့် တစ်ခု အပြန်အလှန် ပိတ်ဆို့ထားခြင်းတို့ ရှိနေသည်ဟုဆိုသည်။ AA အနေဖြင့် စစ်ကောင်စီတပ်စခန်းများကို တိုက်ခိုက်သိမ်းပိုက်သည့် အနေအထား မရှိသေးသော်လည်း စစ်ရေးအခြေအနေကြောင့် မောင်တောဒေသရှိ စစကောင်စီ တပ်စခန်း ၇ခု အထိ ဆုတ်သွာသွားခြင်းများ ရှိကြောင်း ဦးခိုင်သုခက ပြောကြားသည်။

တိုက်ပွဲဖြစ်ပွားပြီး စစ်ရေးတင်းမာနေသည့်အခြေအနေတွင် ကြားခံမှတစ်ဆင့် ဆွေးနွေးညှိနှိုင်းရန် ကမ်းလှမ်းမှု ရှိသော်လည်း လက်ရှိ အချိန်ထိ တွေ့ဆုံဆွေးနွေးခြင်း၊ သဘောတူညီချက် ရရှိခြင်းများ မရှိ ဟု ဦးခိုင်သုခက ပြောသည်။

“မြန်မာစစ်တပ်ဘက်က ကမ်းလှမ်းတာ တကြောင်းပါ။ တင်းမာနေတာကတော့ တင်းမာနေတာ ပုံစံတမျိုးဖြစ်ပါတယ်” ဟု ၎င်းက ဆိုသည်။

AA ၏ ရက္ခိတ လမ်းစဉ် (လုံး၀လွတ်လပ်ရေးလား၊ ကွန်ဖက်ဒရိတ်ပုံစံလား၊ ဖက်ဒရယ်ပုံစံလား) ရှင်းပြရန်နှင့် အဆိုပါ လမ်းစဉ် အောင်မြင်ရေးမည်သို့ ဆောင်ရွက်မည် (စစ်ကောင်စီနှင့်ဆွေးနွေးခြင်း၊ စစ်အုပ်စုကို ဖြိုချရန် ကြိုးပမ်းနေသည့် NUCC၊ NUG တို့ ဦးဆောင်သည့် နွေဦးတော်လှန်ရေးနှင့် ပူးပေါင်းဆောင်ရွက်ခြင်း၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်ခြင်း၊ ULA/AA တစ်ဖွဲ့တည်း ဆောင်ရွက်ခြင်း) ဆိုသည်ကို ရှင်းပြရန် သတင်းထောက်တစ်ဦးက မေးမြန်းသည့်အပေါ် ဦးခိုင်သုခက ပြန်လည် ရှင်းလင်း ဖြေကြားခဲ့သည်။

“ရက္ခိတ လမ်းစဉ်ဆိုတာက ရခိုင်အမျိုသားအကျိုးစီးပွား ရခိုင်ပြည်မှာနေထိုင်ကြတဲ့ ပြည်သူလူထု၏ အကျိုးစီးပွားကို အဓိက ဗဟိုပြုတဲ့ ဝါဒဖြစ်ပါတယ်။ အဓိက ကိုယ့်ကံကြမ္မာကို ဆုံးဖြတ်ဖို့အတွက် ဦးတည်ချီတက်နေတဲ့ လမ်းစဉ်တစ်ရပ်ဖြစ်ပါတယ်။ကျွန်တော်တို့က ရခိုင်ပြည်သူအကျိုးအတွက်လုပ်တယ်။ တစ်ပြိုင်တည်းမှာပဲ မြန်မာနိုင်ငံမှာ ရှိတဲ့မြန်မာနိုင်ငံသားအားလုံး၏ နိုင်ငံရေးမျှော်မှန်းချက်တွေကိုလေးစားပြီး ကျွန်တော်တို့ လက်တွေ့ကျကျ ရပ်နေတဲ့ အဖွဲ့အစည်းတစ်ခုဖြစ်ပါတယ်” ဟု ဦးခိုင်သုခက ပြောသည်။

နိုင်ငံရေးရည်မှန်းချက်ကို အကောင်အထည်ဖော်ရာတွင် ကိုယ်တိုင် လက်တွေကျကျ အကောင်အထည်ဖော်ပြီး လိုလားချက်များ မရရအောင် တိုက်ပွဲဝင်သွားရန်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

“ကျွန်တော်တို့က မိတ်ဆွေကိုပဲ ကျွန်တော်တို့ရှာနေတာဖြစ်ပါတယ်။ ကျွန်တော်တို့ ရန်သူကို ရှာနေတာ မဟုတ်ပါ။ NUG ဦးဆောင်တဲ့ နွေဦးတော်လှန်ရေးထဲမှာ ကျွန်တော်တို့ကို ပူးပေါင်းဆောင်ရွက်ဖို့လား ဆိုတဲ့ အမေးမျိုးကို ကျွန်တော်တို့ကို အကြိမ်ကြိမ်မေးထားတာရှိပါတယ်။ ကျွန်တော်တို့က ကျွန်တော်တို့ ရပ်တည်ချက်ကို ပြောထားပြီးသား ဖြစ်ပါတယ်။ ကျွန်တော်တို့ ရက္ခိတ လမ်းစဉ်အတိုင်း တသွေမတိမ်းချီတက်နေတဲ့ အဖွဲ့အစည်း ဖြစ်တယ်။ တစ်ပြိုင်တည်းမှာ မြန်မာပြည်သူတွေရဲ့ နိုင်ငံရေးလိုလားချက်တွေကို ကျွန်တော်တို့တွေ အသိအမှတ်ပြု လေးစားတယ်ဆိုတာ တောက်လျှောက်ပြောလာပြီးဖြစ်တယ်” ဟု ဦးခိုင်သုခက ပြောသည်။

နိုင်ငံရေးရည်မှန်းချက်ကို အကောင်အထည်ဖော်ရာတွင် နည်းလမ်းမျိုးစုံသုံးပြီး ဆက်ပြီး အကောင်အထည်ဖော်သွားမည်ဟု ဆိုသည်။

ဆက်စပ်သတင်းများ

သတင်း

ငွေအလွှဲ၊ အထုတ်တွေအတွက် အားကိုးစရာ ဘဏ်မရှိတော့တဲ့ ရခိုင်ပြည်နယ်မှာ ပုဂ္ဂလိက ငွေလွှဲ၊ ငွေထုတ်လုပ်နေသူတွေရဲ့ ဘဏ်အကောင့်တွေ ပိတ်သိမ်းခံရပြီးနောက် ငွေလွှဲ၊ငွေထုတ်ခ နှုန်းထားဈေးတက်လာတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ရခိုင်ပြည်နယ်၊ရသေ့တောင်မြို့နယ်၊ မိုးစဲကျွန်း၊ ကူတောင်ကျေးရွာကနေ ကျောက်တော်မြို့ဆီ စျေးဝယ်သွားတဲ့ စက်လှေတစီးဟာ ဒီကနေ့ မနက်ပိုင်းမှာ ပုဏ္ဏားကျွန်းမြို့အနီး နစ်မြှုပ်သွားခဲ့တာကြောင့် စက်လှေ ပေါ်လာသူ ၈ ဦး သေဆုံးပြီး ၂ ဦး ပျောက်ဆုံးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

အာရက္ခတပ်တော်(AA)နဲ့ မဟာမိတ်တွေ စစ်ရေးအရှိန်မြင့်ထားတဲ့ ရခိုင်ပြည်နယ်အစပ်ဧရာဝတီတိုင်း၊မကွေးတိုင်းထဲစစ်မျက်နှာ​တွေက စစ်တပ်ရဲ့ရှေ့တန်းစခန်းတွေကို​တော်လှန်​ရေးတပ်​တွေက ထပ်မံသိမ်းယူနိုင်ခဲ့တယ်လို့ သတင်းရရှိပါတယ်။

သတင်း

အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ် ပလက်၀မြို့နယ်တို့အတွင်းက ပညာရေးဝန်ထမ်း ဆရာ၊ ဆရာမတွေကို အခုလာမယ့် ပညာသင်နှစ်ကနေစပြီး လစာအနေနဲ့ ထောက်ပံ့ပေးတော့မယ်လို့ အာရက္ခပညာရေးဌာနတာဝန်ရှိသူတွေက ပြောပါတယ်။