Connect with us

Hi, what are you looking for?

သတင်း

စစ်တပ်ကို လက်နက်ထောက်ပံ့ပေးနေသော မြန်မာနှင့်စင်ကာပူကုမ္ပဏီ ၁၁၆ ခုအား ချက်ချင်းအရေးယူဒဏ်ခတ်ရန် JFM တိုက်တွန်း

အဆိုပါစစ်လက်နက်ပစ္စည်းများကို တရားမဝင်အာဏာသိမ်းမှုအပြီးနှင့် မတိုင်မီတွင် တင်သွင်းရောင်းချခဲ့ခြင်းဖြစ်ပြီး ပါဝင်ပတ်သက်သောကုမ္ပဏီ ၁၁၆ ခုနှင့် ဒါရိုက်တာ၊ ရှယ်ယာရှင် ၂၆၂ ဦးကို ဒဏ်ခတ်ပိတ်ဆို့ရန် နိုင်ငံတကာကို JFM က တောင်းဆိုသည်။

(၂၀၂၂ ခုနှစ် မတ် ၂၇ တွင်အာဏာသိမ်းစစ်​ကောင်စီပြု၏ စစ်​ရေးပြ အခမ်းအနားကို​တွေ့ရစဥ်။ ။ဓါတ်ပုံ-File Photo)
(၂၀၂၂ ခုနှစ် မတ် ၂၇ တွင်အာဏာသိမ်းစစ်​ကောင်စီပြု၏ စစ်​ရေးပြ အခမ်းအနားကို​တွေ့ရစဥ်။ ။ဓါတ်ပုံ-File Photo)

မြန်မာနှင့်စင်ကာပူကုမ္ပဏီ ၁၁၆ ခုသည် မြန်မာစစ်တပ်ကို အမေရိကန်ဒေါ်လာသန်းပေါင်းများစွာတန်ကြေးရှိသည့်စစ်လက်နက်များကို တင်သွင်းရောင်းချပေးနေကြောင်း Justice For Myanmar က စုံစမ်းဖော်ထုတ်လိုက်သည်။

အဆိုပါစစ်လက်နက်ပစ္စည်းများကို တရားမဝင်အာဏာသိမ်းမှုအပြီးနှင့် မတိုင်မီတွင် တင်သွင်းရောင်းချခဲ့ခြင်းဖြစ်ပြီး ပါဝင်ပတ်သက်သောကုမ္ပဏီ ၁၁၆ ခုနှင့် ဒါရိုက်တာ၊ ရှယ်ယာရှင် ၂၆၂ ဦးကို ဒဏ်ခတ်ပိတ်ဆို့ရန် နိုင်ငံတကာကို JFM က တောင်းဆိုသည်။

“အနည်းငယ်သောနိုင်ငံတွေကသာ အရေးယူပိတ်ဆို့ထားတာကြောင့် စစ်ကောင်စီက မြန်မာပြည်သူတွေကို အကြမ်းဖက်ဖို့ စစ်လက်နက်ပစ္စည်းတွေ၊ ငွေကြေးတွေကိုရရှိနေသေးတာဖြစ်ပါတယ်” ဟု JFM ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က ပြောသည်။

စစ်အာဏာသိမ်းမှုနောက်ပိုင်း အမည်သိ လက်နက်ပွဲစား ဒါရိုက်တာ၊ ရှယ်ယာရှင် ၇၇ ဦးနှင့်အတူ ကုမ္ပဏီ ၃၁ သည် အကြမ်းဖက်စစ်တပ်ကို လက်နက်များရောင်းချခဲ့ပြီး ယင်းကုမ္ပဏီများသည် အရေးယူပိတ်ဆို့ခြင်းမခံရဘဲ ဆက်လက်စီးပွားရေးလုပ်ကိုင်ခွင့်ရရှိနေသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် JFM သည် ၂၀၁၇ ရိုဟင်ဂျာလူမျိုးတုန်းသတ်ဖြတ်မှုနောက်ပိုင်း ကုမ္ပဏီ ၂၇ ခုနှင့် ဒါရိုက်တာ ၅၁ ဦးသည် အကြမ်းဖက်စစ်တပ်ကို လက်နက်များတင်သွင်းရောင်းချခဲ့သည်။ ယင်းကုမ္ပဏီများနှင့် လူပုဂ္ဂိုလ်များကို အရေးယူပိတ်ဆို့ရန် JFM က တောင်းဆိုထားပြီးဖြစ်သည်။

အကြမ်းဖက်စစ်တပ်ကို စစ်လက်နက်ထောက်ပံ့နေသော မြန်မာအခြေစိုက် ကုမ္ပဏီ ၇၈ ခုသည် စင်ကာပူ၌ အနည်းဆုံးကုမ္ပဏီခွဲ သို့မဟုတ် ဆက်စပ်ကုမ္ပဏီ ၃၈ ခုဖွင့်လှစ်ထားသည်။

စစ်ရာဇဝတ်မှုများ၊ လူသားမျိုးနွယ်ကိုဆန့်ကျင်သောရာဇဝတ်မှုများကျူးလွန်နေသော စစ်တပ်ကို စစ်လက်နက်ပစ္စည်းများထောက်ပံ့နေသည့် အဆိုပါပွဲစားများကို ချက်ချင်းဒဏ်ခတ်ပိတ်ဆို့ရမည်ဖြစ်ကြောင်း JFM က တိုက်တွန်းသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်တွေမြို့နဲ့အနီးဆုံးမှာရှိတဲ့အာဏာသိမ်းစစ်တပ်ရဲ့အကြီးဆုံးထောက်ပို့ရေတပ်စခန်း ရွှေမင်းဂံရေတပ်ကို အာရက္ခတပ်တော်(AA)က ထိုးစစ်ဆင်တိုက်ခိုက်နေပြီး သုံးရက်ဆက်တိုက်တိုက်ပွဲအပြင်းအထန်ဖြစ်ပွားနေတယ်လို့ မြေ ပြင်စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

မင်းတပ်မြို့အနီးဝန်းကို ဖျက်အားပြင်းဗုံးတွေအပါအဝင် ဗုံးအလုံးရေ ၁၀၀ ကျော်နဲ့ ထပ်မံတိုက်ခိုက်

သတင်း

အာဏာသိမ်းစစ်တပ်ဟာ သံတွဲမြို့နယ်၊ ငပလီမြို့ရှိ လူနေရပ်ကွက် ၂ခုကို ဂျက်ဖိုက်တာ ၂စီးနဲ့ ဗုံးကြဲ တိုက်ခိုက်ခဲ့တာကြောင့် (၁)နှစ်ကျော်အရွယ်ကလေးငယ် ၁ ဦးအပါအဝင် ၇ ဦးဒဏ်ရာရခဲ့တယ်လို့ အာရက္ခတပ်တော် (AA)က ထုတ်ပြန်ပါတယ်။

သတင်း

ထိုင်းနဲ့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးတွေ တွေ့ဆုံရာမှာ မြန်မာ့နိုင်ငံရေး အကျပ်အတည်းကိုပါ ထည့်သွင်း ဆွေးနွေးခဲ့ကြောင်း သိရပါတယ်။