Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ထိုင်ဝမ်ကျွန်းနားမှာ တရုတ် ရေတပ်နဲ့ လေတပ် ပူးပေါင်း စစ်ရေးလေ့ကျင့်

ဩဂုတ် ၁၇ ရက်က ပြုလုပ်တဲ့ စစ်ရေးလေ့ကျင့်မှာ တကယ့် လက်နက် အစစ်တွေကို အသုံးပြုပြီး ချေမှုန်းရေး မဟာဗျူဟာတွေကို ပုံဖော်သွားခဲ့ပါတယ်။ အဲဒီ စစ်ရေးလေ့ကျင့်မှုမှာ စစ်သင်္ဘောတွေ တိုက်လေယာဉ်တွေ ပူးပေါင်း ပါဝင်ခဲ့ကြပါတယ်။

ရန်စ လှုံ့ဆော်မှုတွေကို တုံ့ပြန်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ထိုင်ဝမ်ကျွန်းနားမှာ တရုတ်က စစ်ရေး လေ့ကျင့်ခဲ့ပါတယ်။

ဩဂုတ် ၁၇ ရက်က ပြုလုပ်တဲ့ စစ်ရေးလေ့ကျင့်မှာ တကယ့် လက်နက် အစစ်တွေကို အသုံးပြုပြီး ချေမှုန်းရေး မဟာဗျူဟာတွေကို ပုံဖော်သွားခဲ့ပါတယ်။ အဲဒီ စစ်ရေးလေ့ကျင့်မှုမှာ စစ်သင်္ဘောတွေ တိုက်လေယာဉ်တွေ ပူးပေါင်း ပါဝင်ခဲ့ကြပါတယ်။

တရုတ် အာဏာပိုင်တွေက ဒီလေ့ကျင့်မှုဟာ ပြည်ပ စွက်ဖက်မှုတွေနဲ့ ရန်စ လှုံ့ဆော်မှုတွေကို နိုင်ငံရဲ့ လက်နက်ကိုင် တပ်ဖွဲ့တွေက တုံ့ပြန်ဖို့ ဒီစစ်ရေးလေ့ကျင့်မှုကို အကောင်အထည် ဖော်ခဲ့တာလို့ ပြောပါတယ်။ ဒါပေမဲ့ အသေးစိတ် အချက်အလက်တွေကိုတော့ မထုတ်ပြန်ပါဘူး။

တရုတ် အစိုးရရဲ့ ထိုင်ဝမ်ရေးရာ မူဝါဒဆိုင်ရာ အရာရှိ တစ်ဦးကတော့ ဒီစစ်ရေးလေ့ကျင့်မှုမှာ ရေငုပ်သင်္ဘောဖျက် စစ်လေယာဉ်တွေ၊ ခေတ်မီ J-16 တိုက်လေယာဉ်တွေကို အသုံးပြုခဲ့တယ်လို့ ပြောကြားသွားပါတယ်။

Public Service Announcement

Public Service Announcement

ထိုင်ဝမ် လေတပ်ကလည်း နျူကလီးယား လက်နက်တွေ တင်ဆောင်နိုင်တဲ့ H-6K ဗုံးကြဲ လေယာဉ်ကြီး ၂ စီး၊ J-16 တိုက်လေယာဉ် ၆ စီး အပါအဝင် တရုတ် စစ်လေယာဉ် ၁၁ စီးရဲ့ ပျံသန်းမှု လမ်းကြောင်းတွေကို စောင့်ကြည့်ခဲ့ကြောင်း ထုတ်ပြန်ပါတယ်။

တရုတ် အနေနဲ့ ဘယ်လို ကိစ္စကို မကျေလည်လို့ ဒီစစ်ရေးလေ့ကျင့်မှုကို ပြုလုပ်ခဲ့သလဲ ဆိုတာတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။ ဒါပေမဲ့ မကြာသေးခင်က ထိုင်ဝမ်ဆီ လက်နက်ရောင်းဖို့ အမေရိကန် အစိုးရရဲ့ ခွင့်ပြုခဲ့မှုနဲ့ ဆက်စပ်နေမယ်လို့ ယုံကြည်ရပါတယ်။ ထိုင်ဝမ်ဟာ လက်နက်ကြီး စနစ်တစ်ခု အပါအဝင် အမေရိကန်ဆီက ဒေါ်လာ သန်း ၇၅၀ ဖိုး လက်နက်တွေ ဝယ်ယူဖို့ သဘောတူညီမှု ရရှိခဲ့ပါတယ်။

တရုတ်ဟာ ထိုင်ဝမ်ကို ပိုင်နက်နယ်မြေအဖြစ် သတ်မှတ်ထားပေမယ့် ဒီမိုကရေစီ ထွန်းကားတဲ့ ကျွန်းနိုင်ငံကတော့ ကိုယ်ပိုင် သီးခြား ရပ်တည်မှုကိုပဲ လိုလားနေပါတယ်။ တရုတ် အစိုးရက လိုအပ်လာရင် ထိုင်ဝမ်ကို စစ်အင်အားသုံး သိမ်းပိုက်ဖို့ တွန့်ဆုတ်နေမျာ မဟုတ်ကြောင်းလည်း ခြိမ်းခြောက်ထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

တရုတ်နိုင်ငံမှာ အထည်အလိပ်စက်ရုံ မီးလောင်မှု ဖြစ်ပွားပြီး လူ ၈ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

အမေရိကန်ရဲ့ အဆင့်အမြင့်ဆုံး F-35 တိုက်လေယာဉ် အစိတ်အပိုင်းတွေ တင်ဆောင်သွားတဲ့ သင်္ဘောတစ်စီးက လမ်းကြောင်းပြောင်းပြီး တရုတ်ပိုင်နက်ထဲ ကမ်းကပ်ခဲ့တဲ့၊ နောက်ဆက်တွဲ အနေနဲ့ အစိတ်အပိုင်းတချို့ ပျောက်ဆုံးခဲ့တဲ့ ဖြစ်စဉ်ကို အမေရိကန် လွှတ်တော်မှာ စုံစမ်း စစ်ဆေးနေပါတယ်။

နိုင်ငံတကာ

အမေရိကန်ကို တရုတ်သမ္မတ ရှီကျင့်ဖျင် လာရောက်လည်ပတ်တဲ့အခါ လေဆိပ်ထိ ဆင်းကြိုဖို့ သမ္မတ ဒေါ်နယ်လ်ထရမ့်က စီစဉ်နေကြောင်း သိရပါတယ်။

နိုင်ငံတကာ

ဒရုန်းရေငုပ်သင်္ဘောတွေအတွက် မိခင်ရေယာဉ်လို့ ယူဆရတဲ့ ပထမဆုံး သင်္ဘောတစ်စီးကို တရုတ်မှာ တည်ဆောက်နေပါတယ်။