Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ထိုင်ဝမ်ကျွန်းနားမှာ တရုတ် ရေတပ်နဲ့ လေတပ် ပူးပေါင်း စစ်ရေးလေ့ကျင့်

ဩဂုတ် ၁၇ ရက်က ပြုလုပ်တဲ့ စစ်ရေးလေ့ကျင့်မှာ တကယ့် လက်နက် အစစ်တွေကို အသုံးပြုပြီး ချေမှုန်းရေး မဟာဗျူဟာတွေကို ပုံဖော်သွားခဲ့ပါတယ်။ အဲဒီ စစ်ရေးလေ့ကျင့်မှုမှာ စစ်သင်္ဘောတွေ တိုက်လေယာဉ်တွေ ပူးပေါင်း ပါဝင်ခဲ့ကြပါတယ်။

ရန်စ လှုံ့ဆော်မှုတွေကို တုံ့ပြန်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ထိုင်ဝမ်ကျွန်းနားမှာ တရုတ်က စစ်ရေး လေ့ကျင့်ခဲ့ပါတယ်။

ဩဂုတ် ၁၇ ရက်က ပြုလုပ်တဲ့ စစ်ရေးလေ့ကျင့်မှာ တကယ့် လက်နက် အစစ်တွေကို အသုံးပြုပြီး ချေမှုန်းရေး မဟာဗျူဟာတွေကို ပုံဖော်သွားခဲ့ပါတယ်။ အဲဒီ စစ်ရေးလေ့ကျင့်မှုမှာ စစ်သင်္ဘောတွေ တိုက်လေယာဉ်တွေ ပူးပေါင်း ပါဝင်ခဲ့ကြပါတယ်။

တရုတ် အာဏာပိုင်တွေက ဒီလေ့ကျင့်မှုဟာ ပြည်ပ စွက်ဖက်မှုတွေနဲ့ ရန်စ လှုံ့ဆော်မှုတွေကို နိုင်ငံရဲ့ လက်နက်ကိုင် တပ်ဖွဲ့တွေက တုံ့ပြန်ဖို့ ဒီစစ်ရေးလေ့ကျင့်မှုကို အကောင်အထည် ဖော်ခဲ့တာလို့ ပြောပါတယ်။ ဒါပေမဲ့ အသေးစိတ် အချက်အလက်တွေကိုတော့ မထုတ်ပြန်ပါဘူး။

တရုတ် အစိုးရရဲ့ ထိုင်ဝမ်ရေးရာ မူဝါဒဆိုင်ရာ အရာရှိ တစ်ဦးကတော့ ဒီစစ်ရေးလေ့ကျင့်မှုမှာ ရေငုပ်သင်္ဘောဖျက် စစ်လေယာဉ်တွေ၊ ခေတ်မီ J-16 တိုက်လေယာဉ်တွေကို အသုံးပြုခဲ့တယ်လို့ ပြောကြားသွားပါတယ်။

Public Service Announcement

Public Service Announcement

ထိုင်ဝမ် လေတပ်ကလည်း နျူကလီးယား လက်နက်တွေ တင်ဆောင်နိုင်တဲ့ H-6K ဗုံးကြဲ လေယာဉ်ကြီး ၂ စီး၊ J-16 တိုက်လေယာဉ် ၆ စီး အပါအဝင် တရုတ် စစ်လေယာဉ် ၁၁ စီးရဲ့ ပျံသန်းမှု လမ်းကြောင်းတွေကို စောင့်ကြည့်ခဲ့ကြောင်း ထုတ်ပြန်ပါတယ်။

တရုတ် အနေနဲ့ ဘယ်လို ကိစ္စကို မကျေလည်လို့ ဒီစစ်ရေးလေ့ကျင့်မှုကို ပြုလုပ်ခဲ့သလဲ ဆိုတာတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။ ဒါပေမဲ့ မကြာသေးခင်က ထိုင်ဝမ်ဆီ လက်နက်ရောင်းဖို့ အမေရိကန် အစိုးရရဲ့ ခွင့်ပြုခဲ့မှုနဲ့ ဆက်စပ်နေမယ်လို့ ယုံကြည်ရပါတယ်။ ထိုင်ဝမ်ဟာ လက်နက်ကြီး စနစ်တစ်ခု အပါအဝင် အမေရိကန်ဆီက ဒေါ်လာ သန်း ၇၅၀ ဖိုး လက်နက်တွေ ဝယ်ယူဖို့ သဘောတူညီမှု ရရှိခဲ့ပါတယ်။

တရုတ်ဟာ ထိုင်ဝမ်ကို ပိုင်နက်နယ်မြေအဖြစ် သတ်မှတ်ထားပေမယ့် ဒီမိုကရေစီ ထွန်းကားတဲ့ ကျွန်းနိုင်ငံကတော့ ကိုယ်ပိုင် သီးခြား ရပ်တည်မှုကိုပဲ လိုလားနေပါတယ်။ တရုတ် အစိုးရက လိုအပ်လာရင် ထိုင်ဝမ်ကို စစ်အင်အားသုံး သိမ်းပိုက်ဖို့ တွန့်ဆုတ်နေမျာ မဟုတ်ကြောင်းလည်း ခြိမ်းခြောက်ထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

အွန်လိုင်း​ငွေလိမ်လုပ်ငန်း (ကျားဖြန့်)မြို့တော်တစ်ခုအဖြစ် သတ်မှတ်ခံရတဲ့ ရွှေကုက္ကို မြို့သစ် စီမံကိန်းမှာ အဓိက ရင်းနှီးမြှုပ်နှံသူ စီးပွားရေး လုပ်ငန်းရှင် တရုတ်-ကမ္ဘောဒီးယား နိုင်ငံသား ရှီကျီကျန်းကို ဒီနေ့ (နိုဝင်ဘာ ၁၂ ရက်) ညနေပိုင်းမှာ ထိုင်းအာဏာပိုင်တွေက တရုတ်ဆီ ပြန်လွှဲပေးဖို့ စီစဉ်ထားပါတယ်။

နိုင်ငံတကာ

တရုတ်နိုင်ငံမှာ ဖွင့်လှစ်ထားတာ မကြာလှသေးတဲ့ တံတားတစ်စင်း ကျိုးပြီး မြစ်ထဲ ပြုတ်ကျသွားခဲ့ပါတယ်။

သတင်း

ဒုစရိုက် မြို့တော်လို့ နာမည်ဆိုးတွင်တဲ့ ရွှေကုက္ကို မြို့သစ် စီမံကိန်းရဲ့ အဓိက ရင်းနှီးမြှုပ်နှံသူလို့ သတ်မှတ်ခံရတဲ့ စီးပွားရေး လုပ်ငန်းရှင်ကို တရုတ်နိုင်ငံဆီ ပြန်လည် လွှဲပြောင်းပေးတော့မယ်လို့ ထိုင်းနိုင်ငံက အတည်ပြု ကြေညာခဲ့ပါတယ်။

သတင်း

အာကာသယာဉ်မှာ ထိခိုက်မှု အနည်းအကျဉ်း ရှိခဲ့တယ်လို့ ယုံကြည်ရတဲ့ အခြေအနေကြောင့် တရုတ် အာကာသ ယာဉ်မှူးတွေရဲ့ ကမ္ဘာမြေ အပြန်ခရီးစဉ်ကို ယာယီ ဆိုင်းငံ့ထားလိုက်ရကြောင်း သိရပါတယ်။