Connect with us

Hi, what are you looking for?

News

ဘက်ပေါင်းစုံနဲ့ဆွေးနွေးညှိနှိုင်းဖို့အပါအဝင်အချက် ၄ ချက်ကို အာဆီယံအထူးကိုယ်စားလှယ်အား တရုတ်အကြံပြု

တရုတ်ဟာ မြန်မာ့အရေးဖြေရှင်းနိုင်ဖို့ အာဆီယံအထူးကိုယ်စားလှယ်ခန့်အပ်တာကို ထောက်ခံကြိုဆိုပြီး အာဆီယံ နည်းလမ်းနဲ့ နိုင်ငံရေးအကျပ်အတည်းကို အဖြေရှာနိုင်လိမ့်မယ်လို့ ယုံကြည်နေပါတယ်။

တရုတ်နိုင်ငံခြားရေးဝန်ကြီး Wang Yi ဟာ အာဆီယံအထူးကိုယ်စားလှယ် Erywan Yusof နဲ့ မနေ့က တယ်လီဖုန်း ကတစ်ဆင့်ဆွေးနွေးခဲ့ပြီး မြန်မာနိုင်ငံရှိ ဘက်ပေါင်းစုံနဲ့ဆွေးနွေးညှိနှိုင်းဖို့အပါအဝင် အချက် ၄ ချက်ကို အကြံပြုခဲ့ပါတယ်။

တရုတ်ရဲ့အကြံပြုချက်တွေကတော့ တဖြည်းဖြည်းယုံကြည်မှုတည်ဆောက်ရေး ကျိုးကြောင်းဆီလျော်ပြီး လက်တွေ့ကျတဲ့နည်းနဲ့ ဘက်ပေါင်းစုံနဲ့ညှိနှိုင်းဆွေးနွေးဖို့၊ ကိုဗစ်-၁၉ တိုက်ဖျက်ရေးကို ပထမဦးစားပေး သတ်မှတ်ကာ မြန်မာကိုကူညီဖို့နဲ့ အကျိုးရှိတဲ့အကူအညီတွေ ရရှိစေဖို့၊ ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးမှုမြှင့် တင်ရေးလမ်းကြောင်းအတွက် စိတ်ရှည်၊ ခိုင်မာဖို့၊ အစဉ်တကျနည်းလမ်းတွေနဲ့ ပြည်သူ့အုပ်ချုပ်မှုဆီပြန်သွားဖို့၊ ဒီမိုကရေစီဖြစ်စဉ်ကို ပြန်လည်စတင်ဖို့ စတဲ့အချက်တွေ ပါဝင်ပါတယ်။

အကြံပြုချက်နောက်ဆုံးအချက်ကတော့ မြန်မာနိုင်ငံရဲ့ ပြည်တွင်းရေးကို ပြည်ပအင်အားစုတွေက ကြားဝင် စွက်ဖက်တာကို ဆန့်ကျင်သတိရှိဖို့နဲ့ မြန်မာ့အချုပ် အခြာအာဏာနဲ့ ပြည်သူတွေရဲ့ ရွေးချယ်မှုကို လေးစားဖို့ ဖြစ် ပါတယ်။

တရုတ်ဟာ မြန်မာ့အရေးဖြေရှင်းနိုင်ဖို့ အာဆီယံအထူးကိုယ်စားလှယ်ခန့်အပ်တာကို ထောက်ခံကြိုဆိုပြီး အာဆီယံ နည်းလမ်းနဲ့ နိုင်ငံရေးအကျပ်အတည်းကို အဖြေရှာနိုင်လိမ့်မယ်လို့ ယုံကြည်နေပါတယ်။

Public Service Announcement

Public Service Announcement

အာဆီယံအထူးကိုယ်စားလှယ် Erywan Yusof ကတော့ အာဆီယံခေါင်းဆောင်တွေဆုံးဖြတ်ထားတဲ့ ဘုံသဘော တူညီချက် ၅ ရပ်ကို အကောင်အထည်ဖော်ဖို့၊ အာဆီယံနည်းလမ်းနဲ့ သက်ဆိုင်တဲ့ပါတီတွေအကြား တွေ့ဆုံရေး ကို မြှင့်တင်ဖို့၊ အကြမ်းဖက်မှုတွေ ရပ်တန့်ရေး၊ အားလုံးပါဝင်နိုင်ရေးကို မြှင့်တင်ဖို့၊ နိုင်ငံတကာအသိုင်းအဝန်းကို မြန်မာပေးထားတဲ့ ကတိကဝတ်တွေဖြည့်ဆည်းနိုင်ရေး ကူညီဖို့ စတာတွေကို ပြန်လည်ဆွေးနွေးခဲ့ပါတယ်။

အာဆီယံဟာ ၂၀၂၁ အလှည့်ကျဥက္ကဌဖြစ်တဲ့ ဘရူနိုင်းနိုင်ငံမှ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး Erywan Yusof ကို မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ်အဖြစ် ယခုလဆန်းပိုင်းကတည်းက ခန့်အပ်ခဲ့ပြီး အခုအချိန် အထိ အထူးကိုယ်စားလှယ်ရဲ့ မြန်မာနိုင်ငံခရီးစဉ်ကို ကြေညာနိုင်ခြင်းမရှိသေးပါဘူး။

အာဆီယံခေါင်းဆောင်တွေရဲ့ သဘောတူဆုံးဖြတ်ချက် ၅ ရပ်ချမှတ်အပြီး ရက်ပေါင်း ၁၀၀ ပြည့်ချိန်မှ အထူးကိုယ် စားလှယ်ခန့်မှုနဲ့ သူ့ရဲ့လုပ်ငန်းတာဝန်တွေ စတင်ခြင်းမရှိသေးမှုအပေါ် လေ့လာသူအချို့က စိုးရိမ်စွာစောင့် ကြည့်နေကြပါတယ်။

ကိုးကား – China.org.cn

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တရုတ် တိုက်လေယာဉ်တွေ ဝယ်ယူဖို့ ဘင်္ဂလားဒေ့ရှ်က ကမ်းလှမ်းထားတဲ့အပေါ် အိန္ဒိယက စိုးရိမ်တကြီး စောင့်ကြည့် လေ့လာနေကြောင်း သိရပါတယ်။

အတွေးအမြင်

မြန်မာနိုင်ငံ၏ လွတ်လပ်ရေးရပြီး နောက်ပိုင်း သက်တမ်းတလျှောက်လုံးနီးပါးကို စစ်တပ်၏ အရိပ်မကင်းသော အုပ်ချုပ်မှုပုံစံဖြင့် နိုင်ငံရေးအခင်းအကျင်းတခုလုံးကို လွှမ်းခြုံထားခဲ့သည်။

သတင်း

ရုရှားနိုင်ငံ ကာဇန်မှာ ကျင်းပတဲ့ ရုရှား-အာဆီယံထိပ်သီးညီလာခံကို အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင် တက်ရောက်ခွင့်မရဘဲ စစ်တပ်ခန့်နိုင်ငံခြားရေးအတွင်းဝန်ကိုသာ စေလွှတ်ခဲ့ရတယ်လို့ သိရပါတယ်။

သတင်း

အရှေ့တောင်အာရှနိုင်ငံများအစည်းအရုံး(အာဆီယံ)နဲ့ကုလသမဂ္ဂ (UN) လိုနိုင်ငံတကာအဖွဲ့အစည်းတွေမှာတရုတ်နဲ့ မြန်မာကြားပူးပေါင်းဆောင် ရွက်မှုတွေမြှင့်တင်သွားမယ်လို့အာဏာသိမ်းစစ်ခေါင်းဆောင်ရဲ့တရုတ်နိုင်ငံခရီးစဉ်အတွင်းပူးတွဲထုတ်ပြန်ချက်မှာဖော်ပြလာခဲ့ပါတယ်။