Connect with us

Hi, what are you looking for?

သတင်း

ဖရူဆိုမြို့နယ် ဆိုလာလူးရွာအနီး စနိုက်ပါပူးပေါင်းတပ်ဖွဲ့တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ် လေးဦးသေ

ဒေသခံညီနောင်မဟာမိတ်အဖွဲ့များဖြင့်ပူးပေါင်းကာ ပုံသဏ္ဍာန်မျိုးစုံ၊တိုက်ခိုက်နည်းမျိုးစုံဖြင့် ဆက်လက်တိုက်ပွဲဝင်သွားမည်ဟု အလယ်ပိုင်းတိုင်း အထူးစစ်ဆင်ရေးအဖွဲ့က ဆိုသည်။

(စနိုက်ပါပူးပေါင်းတပ်ဖွဲ့မှ ရဲဘော်များအား ရှေ့တန်းတစ်နေရာ၌ တွေ့ရစဥ်)
(စနိုက်ပါပူးပေါင်းတပ်ဖွဲ့မှ ရဲဘော်များအား ရှေ့တန်းတစ်နေရာ၌ တွေ့ရစဥ်)

ကရင်နီ(ကယား)ပြည်နယ်၊ ဖရူဆိုမြို့နယ် ဆိုလာလူးကျေးရွာအနီး စနိုက်ပါ ပူးပေါင်းတပ်ဖွဲ့၏ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား လေးဦး သေဆုံးကြောင်း အလယ်ပိုင်းတိုင်းအထူး စစ်ဆင်ရေးအဖွဲ့က ယနေ့(သြဂုတ် ၁၈ရက်) ထုတ်ပြန်သည်။

ဆိုလာလူးရွာအနီးတပ်စွဲထားသော စစ်ကောင်စီတပ်ကို အလယ်ပိုင်းတိုင်း အထူးစစ်ဆင်ရေး စနိုက်ပါအဖွဲ့ ၊ KNDF Sinper အဖွဲ့ ၊ Loikaw PDF Sinperအဖွဲ့များမှ သြဂုတ် ၁၄ ရက်မှ ၁၆ ရက်အတွင်း ပူးပေါင်းတိုက်ခိုက်ခဲ့ သည်ဟု ဆိုသည်။

(စနိုက်ပါပူးပေါင်းတပ်ဖွဲ့မှ ရဲဘော်များအား ရှေ့တန်းတစ်နေရာ၌ တွေ့ရစဥ်)
(စနိုက်ပါပူးပေါင်းတပ်ဖွဲ့မှ ရဲဘော်များအား ရှေ့တန်းတစ်နေရာ၌ တွေ့ရစဥ်)

အဆိုပါသုံးရက်အတွင်း တိုက်ခိုက်မှုအရ သြဂုတ် ၁၄ ရက်တွင် စစ်ကောင်စီ ဘက်မှ စနိုက်ပါတစ် ဦးသေဆုံးခဲ့ပြီး သြဂုတ် ၁၆ရက်တွင် စစ်ကောင်စီတပ်သား သုံးဦးသေဆုံးခဲ့ကြောင်း ဖော်ပြသည်။

ပူးပေါင်း စနိုက်ပါအဖွဲ့များမှ အထိအခိုက်မရှိအောင်မြင်စွာ ဆုတ်ခဲ့ကြောင်း လည်း အသိပေးသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

ဒေသခံညီနောင်မဟာမိတ်အဖွဲ့များဖြင့်ပူးပေါင်းကာ ပုံသဏ္ဍာန်မျိုးစုံ၊တိုက်ခိုက်နည်းမျိုးစုံဖြင့် ဆက်လက်တိုက်ပွဲဝင်သွားမည်ဟု အလယ်ပိုင်းတိုင်း အထူးစစ်ဆင်ရေးအဖွဲ့က ဆိုသည်။

(စနိုက်ပါပူးပေါင်းတပ်ဖွဲ့မှ ရဲဘော်များအား ရှေ့တန်းတစ်နေရာ၌ တွေ့ရစဥ်)
(စနိုက်ပါပူးပေါင်းတပ်ဖွဲ့မှ ရဲဘော်များအား ရှေ့တန်းတစ်နေရာ၌ တွေ့ရစဥ်)

လက်ရှိ ကရင်နီဒေသအတွင်း၌ စစ်ကောင်စီတပ်က အင်အားတိုးချဲ့နေပြီး ယခုလ ဒုတိယပတ် အတွင်း ရှားတော၊ဘောလခဲ၊ဒီးမော့ဆို နှင့် ဖရူဆိုမြို့နယ် တို့တွင် တိုက်ပွဲအများစုဖြစ်ပွားခဲ့ကာ စစ် ကောင်စီတပ်သား ၁၉ ဦး ထက်မနည်းသေဆုံးပြီး ရဲဘော်တစ်ဦးကျဆုံးခဲ့ကြောင်း ကရင်နီအမျိုး သားများကာကွယ်ရေးတပ်(KNDF)က ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

ရခိုင်ပြည်နယ်၊ကျောက်ဖြူမြို့နယ်ကတောင်မော်ဦးရေတပ်အနီးဖြစ်တဲ့တိုက်ပွဲမှာအာဏာသိမ်းစစ်တပ်ဘက်က သေဆုံးသူများပြားနေပြီး ဒုဗိုလ်မှူးကြီးတစ်ဦးလည်း AA ရဲ့ စနိုက်ဘာ(လက်​ဖြောင့်​သေနတ်သမားပစ်ခတ်တဲ့ကျည်)ထိမှန်သေဆုံးတယ်လို့ သတင်းရရှိပါတယ်။

နိုင်ငံတကာ

အစ္စရေးကို တိုက်ခိုက်ခဲ့တဲ့ ဒုံးကျည်တွေ ပစ်လွှတ်နေပုံ ဗီဒီယိုတွေကို အီရန်က ထုတ်လွှင့် ပြသခဲ့ပါတယ်။

သတင်း

ရန်ကုန်မြို့၊တောင်ဥက္ကလာပမြို့နယ်မှာ အမျိူသမီး ၁ဦး ဓာတ်လိုက်သေဆုံးမှုဖြစ်ခဲ့တယ်လို့ သွားရောက်ကူညီပေးခဲ့တဲ့ မေတ္တာသီတာရေစင်လူမှုကူညီရေးအသင်းက အသိပေးထားပါတယ်။

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။