Connect with us

Hi, what are you looking for?

သတင်း

ချပ်သင်းဒေသတိုက်ပွဲတွင် စစ်ကောင်စီနှင့်အတူပါလာသည့် ပျူစောထီးသုံးဦးကို ဖမ်းမိ

စစ်ကောင်စီက အထိနာပါက လေယာဥ်ဖြင့် တိုက် ခိုက်လေ့ရှိသောကြောင့် လေကြောင်းအန္တရာယ်ကိုပါ သတိပြုနေထိုင်ကြရန် ဒေသခံများအား ပြည်သူ့ကာကွယ်ရေးမဟာမိတ်အဖွဲ့က သတိပေး ထားသည်။

ကန့်ဘလူခရိုင်တပ်ရင်း - ၂မှ ရဲဘော်များအား တွေ့ရစဉ်
ကန့်ဘလူခရိုင်တပ်ရင်း - ၂မှ ရဲဘော်များအား တွေ့ရစဉ်

စစ်ကိုင်းတိုင်း ကန့်ဘလူမြို့ ချပ်သင်းဒေသတိုက်ပွဲတွင် စစ်ကောင်စီနှင့်အတူပါလာသည့် ပျူစောထီးသုံးဦးကို ပြည်သူ့ကာကွယ်ရေးမဟာမိတ်အဖွဲ့က ဖမ်းဆီးထားသည်။

ချပ်သင်းသစ်တောကြိုးဝိုင်းအနီး တပ်စွဲထားသည့် စစ်ကောင်စီတပ်အား ပြည်သူ့ကာကွယ်ရေးမဟာမိတ်အဖွဲ့သည် (သြဂုတ် ၁၈ရက်)ညက တိုက် ခိုက်ခဲ့သည်။ ယင်းတိုက်ပွဲတွင် စစ်ကောင်စီဘက် က အကျအဆုံးများခဲ့ပြီး ပျူစောထီးသုံးဦးကို အရှင်ဖမ်းမိခြင်းဟု ကိုးတောင်ဘို့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သြဂုတ် ၁၉ရက် ညတွင် ထုတ်ပြန်သည်။

“အဲ့ဒီညက ကိုးတောင်ဘို့က စစ်ကြောင်းရော ချပ်သင်းကစစ်ကြောင်းကိုပါ ဝင်တိုက်ခဲ့တာ။ရှေ့ရက်တွေ တိုက်ပွဲ ပြင်းထန်လာနိုင်တယ်” ဟု ကန့်ဘလူမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ ရဲဘော်တစ်ဦးကပြောသည်။

လတ်တလောတွင် ချပ်သင်းဒေသနှင့် ကိုးတောင်ဘို့ကျေးရွာဝန်းကျင်တွင် တိုက်ပွဲပြန်ဖြစ်လာနိုင် ၍ ဒေသခံများ တိမ်းရှောင်နေထိုင်သင့်ကြောင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က အသိပေးထားသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီက အထိနာပါက လေယာဥ်ဖြင့် တိုက် ခိုက်လေ့ရှိသောကြောင့် လေကြောင်းအန္တရာယ်ကိုပါ သတိပြုနေထိုင်ကြရန် ဒေသခံများအား ပြည်သူ့ကာကွယ်ရေးမဟာမိတ်အဖွဲ့က သတိပေး ထားသည်။

သြဂုတ် ၁၈ရက်က ကိုးတောင်ဘို့ရွာတိုက်ပွဲတွင် စစ်ကောင်စီက လက်နက်ကြီးဖြင့်ပစ်၍ အရပ်သားအမျိုးသမီးနှစ်ဦးသေဆုံးခဲ့သည်။

ဒေသတွင်း၌ စစ်ဘေးသင့်ပြည်သူတစ်သောင်းကျော်အထိ ရှိနေပြီဟု တော်လှန်ရေးအင်အားစုများက သတင်းထုတ်ပြန်ထားသည်။

စစ်ကောင်စီတပ်သည် ကန့်ဘလူမြို့နယ်တွင် အကြမ်းဖက်မှုများ ပိုပြုလုပ်လာပြီး အင်ငုတ္တိုရွာနှင့် ပင့်သာရွာကို မိးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသခံပြည်သူ့ကာကွယ်ရေးတပ်များက သတင်းထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်နီပြည်နယ်၊ မိုးဗြဲ -နန်းမယ်ခုံမြို့ကြား နဲ့ ဒီးမော့ဆိုမြို့အနီးမှာ တိုက်ပွဲတွေဖြစ်နေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်တိုက်ပွဲအတွင်း စစ်တပ်တပ်ဖွဲ့ဝင် ၆ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး သေဆုံးမှုတွေလည်းရှိတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်ပဲခူးတိုင်းစစ်ဌာန၊ အမှတ် (၂၂) ဗျူဟာလက်အောက်မှာရှိတဲ့ သာယာဝတီခရိုင် တပ်ရင်း (၁)က ဇွန်လ ၁၇ ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

မန္တလေး၊ စစ်ကိုင်းတိုင်းနဲ့ ကချင်ပြည်နယ်မှာ ဒေသခံပြည်သူတွေ၊ တော်လှန်သပိတ်အင်အားစုတွေ စုပေါင်းပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၁)နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် လှုပ်ရှားမှုတွေကို ဒီက​နေ့ (ဇွန် ၁၉) မှာ အသီးသီးပြုလုပ်ခဲ့ပါတယ်။

သတင်း

စစ်ကိုင်းနဲ့ မကွေးတိုင်းအတွင်းက ဒေသခံပြည်သူတွေ၊ တော်လှန်သပိတ်အင်အားစုတွေ စုပေါင်းပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက်(၈၁)နှစ်ပြည့် မွေးနေ့အကြို နှင်းဆီလှုပ်ရှားမှုတွေကို ဒီက​နေ့ (ဇွန် ၁၈)မှာ အသီးသီးပြုလုပ်ခဲ့ပါတယ်။