Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီတပ်မီးရှို့၍ နေအိမ် ၅၀၀ကျော်မီးလောင်ခဲ့သည့် ငတရော်ရွာပြည်သူများကို အရေးပေါ် ကူညီမှုပေးရန် ရေစကြိုဒေသ PDF တောင်းဆို

အဆိုပါ စစ်ရှောင်များ လတ်တလော စားနပ်ရိက္ခာအတွက် ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က စီစဉ်ပေးထားသည်ဟုဆိုသည်။

အကြမ်းဖက်စစ်ကောင်စီတပ်က မီးရှို့ခဲ့၍ အိမ်ခြေ ၅၀၀ ကျော်ပျက်စီးခဲ့သည့် ရေစကြိုမြို့နယ် ငတရော်ရွာမြင်ကွင်းအား တွေ့ရစဥ်၊ ဓာတ်ပုံ - U Waiyan Naing
အကြမ်းဖက်စစ်ကောင်စီတပ်က မီးရှို့ခဲ့၍ အိမ်ခြေ ၅၀၀ ကျော်ပျက်စီးခဲ့သည့် ရေစကြိုမြို့နယ် ငတရော်ရွာမြင်ကွင်းအား တွေ့ရစဥ်၊ ဓာတ်ပုံ - U Waiyan Naing

အကြမ်းဖက်စစ်ကောင်စီတပ်က မီးရှို့ခဲ့၍ အိမ်ခြေ ၅၀၀ ကျော်ပျက်စီးခဲ့သည့် ရေစကြိုမြို့နယ် ငတရော်ရွာ မှ ဒေသခံပြည်သူလူထုများ အရေးပေါ် အကူအညီများ လိုအပ်နေ၍ ထောက်ပံ့ကူညီပေးကြရန် ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်(PDF) တာဝန်ရှိသူတစ်ဦးဖြစ်သည့် ရဲဘော်ဝေကြီးက ပြည်သူလူထုများထံ တောင်းဆိုသည်။

“ကျွန်တော်တို့ကို ဝိုင်းဝန်းပြီး ကူညီကြပါအုံး။ ပြည်သူလူထုတွေ ဒုက္ခရောက်နေတဲ့ ဒုက္ခအပူတွေကိုကူထမ်းပေးကြပါအုံး အကူအညီတောင်းခံချင်ပါတယ်”ဟု ၎င်းက ဆိုသည်။

စစ်ကောင်စီနှင့် ပျူစောထီးများသည် ဩဂုတ် ၁၇ရက်မှစ၍ ငတရော်ရွာကို ဝင်ရောက်တပ်စွဲပြီး အိမ်ခြေ ၆၀၀ ကျော်ရှိသည့် ရွာကို ရွာလုံးကျွတ်နီးပါး မီးရှို့ခဲ့ခြင်းဖြစ်သည်။

အကြမ်းဖက်စစ်ကောင်စီတပ်က မီးရှို့ခဲ့၍ အိမ်ခြေ ၅၀၀ ကျော်ပျက်စီးခဲ့သည့် ရေစကြိုမြို့နယ် ငတရော်ရွာမြင်ကွင်းအား တွေ့ရစဥ်၊ ဓာတ်ပုံ - U Waiyan Naing
အကြမ်းဖက်စစ်ကောင်စီတပ်က မီးရှို့ခဲ့၍ အိမ်ခြေ ၅၀၀ ကျော်ပျက်စီးခဲ့သည့် ရေစကြိုမြို့နယ် ငတရော်ရွာမြင်ကွင်းအား တွေ့ရစဥ်၊ ဓာတ်ပုံ – U Waiyan Naing

“ငတရောရွာကို တညအိပ် ၂ရက် စစ်ကောင်စီက ဝင်ရောက်တပ်စွဲပြီး အိမ်ခြေ ၆၀၀ လောက်ရှိတဲ့ရွာကို ရွာလုံးကျွတ်နီးပါး ရှို့သွားတာ။ အိမ်ခြေ ၅၀၀ ကျော်ပါသွားတယ်။ ဘာမှကို မကျန်တော့ဘူး။ နွားတွေရော မြင်းတွေရော အကုန်ပါသွားတာ။ အိမ်ခြေ ၅၀၀ ကျော်က ပြည်သူတွေက နေစရာမရှိတော့ စစ်ရှောင်စခန်းမှာ နေနေရတယ်” ဟု ရဲဘော်ဝေကြီးက ပြောသည်။

Public Service Announcement

Public Service Announcement

အဆိုပါ စစ်ရှောင်များ လတ်တလော စားနပ်ရိက္ခာအတွက် ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က စီစဉ်ပေးထားသည်ဟုဆိုသည်။

စစ်ကောင်စီတပ်သည် ငတရော်ရွာကို မလာမီ လှေခုပ်ရွာမှ အိမ်ခြေ ၁၀၀ ကျော်ကို မီးရှို့ခဲ့သေးကြောင်း ရဲဘော်ဝေကြီးက ပြောသည်။

အကြမ်းဖက်စစ်ကောင်စီတပ်က မီးရှို့ခဲ့၍ အိမ်ခြေ ၅၀၀ ကျော်ပျက်စီးခဲ့သည့် ရေစကြိုမြို့နယ် ငတရော်ရွာမြင်ကွင်းအား တွေ့ရစဥ်၊ ဓာတ်ပုံ - U Waiyan Naing
အကြမ်းဖက်စစ်ကောင်စီတပ်က မီးရှို့ခဲ့၍ အိမ်ခြေ ၅၀၀ ကျော်ပျက်စီးခဲ့သည့် ရေစကြိုမြို့နယ် ငတရော်ရွာမြင်ကွင်းအား တွေ့ရစဥ်၊ ဓာတ်ပုံ – U Waiyan Naing

“အကြမ်းဖက် စစ်တပ်ကတော့ မနိုင်နိုင်ရာ မဲမှာပဲ။ ပြည်သူလူထုကို ဒုက္ခ အမျိုးမျိုးပေးမှာ။ တော်လှန်ရေးကို အားလျော့သွားအောင် ပြည်သူလူထုကို နောက်တွန့်သွားအောင် ဒုက္ခပေးမှာပဲ။ အဲဒီတော့ တော်လှန်ရေးအင်အားစုတွေနဲ့ အမျိုးသားညီညွတ်ရေးအစိုးရနဲ့ လက်တွဲညီညီ ပြည်သူနဲ့ ပူးပေါင်းပြီး တော်လှန်ရေး အောင်တဲ့အထိ ကြံ့ကြံ့ခံရင်ဆိုင်ကြဖို့ပေါ့” ဟု ၎င်းက ဆိုသည်။

စစ်ကောင်စီတပ်များ ယနေ့တွင်လည်း ရေစကြိုမြို့နယ်အတွင်း စစ်ကြောင်းထိုး လှုပ်ရှားမှုများ ဆက်ရှိနေပြီး ယနေ့တွင် တိုက်ပွဲဖြစ်ပွားမှုမရှိသေးပေ။

ဆက်စပ်သတင်းများ

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်အတွင်းမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်တပ်အကြား တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး စစ်တပ်က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေ မီးရှို့ ဖျက်ဆီးတာတွေ ဆက်လုပ်ခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

တော်လှန်ရေးစိုးမိုးနယ်မြေအတွင်း လောင်းကစားဝိုင်းတွေ ချက်ချင်းရပ်တန့်ကြဖို့နဲ့ ဆက်လက်လုပ်ဆောင်ပါက ဖမ်းဆီးအရေးယူမယ့်အပြင် အသက် (၁၈) နှစ်မှ (၃၀) နှစ်ကြား လူငယ်တွေကို စစ်သင်တန်းပေးကာ တော်လှန်ရေးရဲဘော်အဖြစ် တာဝန်ပေးအပ်သွားမှာဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပခုက္ကူခရိုင် တပ်ရင်း(၁၅)နဲ့ ယင်းမာပင်ခရိုင် အမှတ်(၁၁)တပ်ရင်းတို့က ပူးတွဲသတိပေး ထုတ်ပြန်ပါတယ်။

သတင်း

တတက(၁၃)ကျောင်းအုပ်ကြီးနဲ့အမှတ်(၄)လေကြောင်းချီတပ်မဟာကွပ်ကဲမှုဌာနချုပ် ဗိုလ်မှူးချုပ် ၂ဦး ဒဏ်ရာရ

သတင်း

​မကွေးတိုင်း၊ ရေစကြိုမြို့မှာ စစ်အုပ်စုက ကျေးရွာတွေကနေ စျေးဝယ်တက်လာတဲ့ စျေးကားတွေပေါ်က ပြည်သူတွေကို ငွေကြေး အဓမ္မတောင်းခံနေကြောင်း ဒေသခံတွေက ပြောပါတယ်။