Connect with us

Hi, what are you looking for?

သတင်း

မုန်းမှာ စစ်တပ်က လေကြောင်းတိုက်ခိုက်လို့ ရွာသူ၊ ရွာသားတွေ ထွက်ပြေးနေရ

စစ်ကောင်စီတပ်က ရဟတ်ယာဉ်နဲ့ လာရောက်ပစ်ခတ်ခဲ့တဲ့ ကနစိုးပင်ကျေးရွာဟာ ကေအဲန်ယူ-မူးမြို့နယ်စီမံအုပ်ချုပ်နယ်မြေဖြစ်ပြီး တိုက်ပွဲတွေမကြာခဏဆိုသလို ဖြစ်ပွားလျက်ရှိတဲ့ နေရာတစ်ခုလည်းဖြစ်တယ်လို့ ကေအဲန်ယူက ဆိုပါတယ်။

မုန်းမှာ စစ်တပ်က လေကြောင်းတိုက်ခိုက်လို့ ရွာသူ၊ ရွာသားတွေ ထွက်ပြေးနေရ
မုန်းမှာ စစ်တပ်က လေကြောင်းတိုက်ခိုက်လို့ ရွာသူ၊ ရွာသားတွေ ထွက်ပြေးနေရ

မူး(မုန်း)မြို့နယ်အတွင်းရှိ ကနစိုးပင်ကျေးရွာကို စစ်တပ်ကဒီကနေ့မနက်ပိုင်းမှာ လေကြောင်းတိုက်ခိုက်ခဲ့လို့ သူရွာသားတွေ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ကေအဲန်ယူက သတင်းထုတ်ပြန်ထားပါတယ်။

ဒီကနေ့ ဩဂုတ်လ(၂၃)ရက် မနက်(၅)နာရီ မိနစ်(၂၀)အချိန်က ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ခလယ်လွီထူခရိုင် မူးမြို့နယ်အတွင်းက ကနစိုးပင်ကျေးရွာအနီးမှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်မဟာ ၃ လက်အောက်ခံ တပ်ရင်း(၈)နဲ့ စစ်ကောင်စီတပ်တို့အကြား မိနစ်(၄၀) ကြာ တိုက်ပွဲဖြစ်ပွားခဲ့တာပါ။

မုန်းမှာ စစ်တပ်က လေကြောင်းတိုက်ခိုက်လို့ ရွာသူ၊ ရွာသားတွေ ထွက်ပြေးနေရ
မုန်းမှာ စစ်တပ်က လေကြောင်းတိုက်ခိုက်လို့ ရွာသူ၊ ရွာသားတွေ ထွက်ပြေးနေရ

အဲ့ဒီနောက် မနက်(၇)နာရီ မိနစ်(၂၀)အချိန်မှာ စစ်ကောင်စီတပ်က ကနစိုးပင်ကျေးရွာအတွင်းကို ရဟတ်ယာဉ်နဲ့ လာရောက်ပစ်ခတ်တာတွေပြုလုပ်ခဲ့ပြီး ဒီလိုရဟတ်ယာဉ်နဲ့ပစ်ခတ်တာတွေ ပြုလုပ်ခဲ့တာကြောင့် ဒေသခံပြည်သူတွေဟာ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

စစ်ကောင်စီတပ်က ရဟတ်ယာဉ်နဲ့ လာရောက်ပစ်ခတ်ခဲ့တဲ့ ကနစိုးပင်ကျေးရွာဟာ ကေအဲန်ယူ-မူးမြို့နယ်စီမံအုပ်ချုပ်နယ်မြေဖြစ်ပြီး တိုက်ပွဲတွေမကြာခဏဆိုသလို ဖြစ်ပွားလျက်ရှိတဲ့ နေရာတစ်ခုလည်းဖြစ်တယ်လို့ ကေအဲန်ယူက ဆိုပါတယ်။

Public Service Announcement

Public Service Announcement

ကနစိုးပင်ကျေးရွာအတွင်းမှာ အိမ်ခြေပေါင်း(၂၂၀)ခန့်နဲ့ လူဦးရေ(၁၁၁၇)ဦးခန့် နေထိုင်ပြီး လက်ရှိအချိန်မှတော့ ကျေးရွာအတွင်းရှိ ဒေသခံပြည်သူလူထုတွေဟာ အသက်ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ထုတ်ပြန်ချက်မှာပါရှိပါတယ်။

ကေအဲန်ယူ-ခလယ်လွီထူ(ညောင်လေးပင်)ခရိုင် တပ်မဟာ ၃ နယ်မြေအတွင်းမှာ စစ်ကောင်စီတပ်ရဲ့ ထိုးစစ်ဆင်မှုတွေကြောင့် ခရိုင်အတွင်းက ဒေသခံပြည်သူဦးရေ(၆၁၀၀၀)ကျော်ဟာ ဘေးလွတ်ရာကိုထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး အခက်အခဲတွေရင်ဆိုင်ကြုံတွေ့နေရတယ်လို့ ကေအဲန်ယူက သတင်းထုတ်ပြန်ထားတာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ချင်းတော်လှန်ရေးပူးပေါင်းတပ်နဲ့ စစ်တပ်အကြား တိုက်ပွဲ ပြင်းထန်နေတဲ့ ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်ကို စစ်တပ်က ၃ရက်အတွင်း လေကြောင်းဗုံးကြဲတိုက်ခိုက်မှု အကြိမ်ပေါင်းများစွာ ပြုလုပ်ခဲ့ကြောင်း ဒေသခံက အသိပေးထားပါတယ်။

သတင်း

စစ်တပ်လက်​အောက်ခံ ရှမ်းနီတပ်-SNA ကအရပ်သားအိမ်​တွေရှိရာ ပစ်ခတ်​နေတဲ့ရုပ်သံဖိုင်ပျံ့နှံ့

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့မှာ စစ်တပ်နဲ့ပြည်သူ့စစ်တပ်ဖွဲ့ဝင်တွေက လူနေကျေးရွာတွေကို လက်နက်ကြီးနဲ့ ပစ်ခတ်နေပြီး ဒီကနေ့ ဇွန်လ ၁၉ရက်ရဲ့နေ့လယ်ပိုင်းမှာလည်း အရပ်သားတွေနေထိုင်တဲ့အိမ်ပေါ်ကျရောက်ပေါက်ကွဲလို့ ထိခိုက်ပျက်စီးမှုတွေရှိခဲ့ပါတယ်။

သတင်း

မန္တလေးတိုင်း၊ တံတားဦးမြို့မှာ လမ်းနယ်နမိတ်နဲ့ မလွတ်လို့ဆိုပြီး နေအိမ် ရာနဲ့ချီဖျက်ဖို့အတွက် စစ်ကောင်စီ လက်အောက်ခံလမ်းဦးစီးဌာနက စာပို့ထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။