Connect with us

Hi, what are you looking for?

သတင်း

ကန့်ဘလူမြို့နယ်တိုက်ပွဲစစ်ကောင်စီတပ်၄၀ ထက်မနည်းသေဆုံး၊ လက်နက်ခဲယမ်းများရဟုထုတ်ပြန်ကန့်ဘလူခရိုင်တပ်ရင်း(၂) ထုတ်ပြန်

အထိနာသည့် စစ်ကောင်စီတပ်က လေကြောင်းမှ ပစ်ကူတိုက်ခိုက်ခဲ့ကြောင်း၊ တိုက်ပွဲအတွင်း ကန့်ဘလူခရိုင်တပ်ရင်း(၂)မှ ရဲဘော် ၂ဦး ဒဏ်ရာရခဲ့ပြီး ကျဆုံးမှုမရှိကြောင်းလည်းအသိ​ပေးထားသည်။

(ကန့်ဘလူPDF ခရိုင်တပ်ရင်း (၂) တပ်ဖွဲ့ဝင်များ။ ဓါတ်ပုံ-KB2)
(ကန့်ဘလူPDF ခရိုင်တပ်ရင်း (၂) တပ်ဖွဲ့ဝင်များ။ ဓါတ်ပုံ-KB2)

စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ်တွင် ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်(PDF)နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲ ဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်က သေဆုံးထိခိုက်များပြားခဲ့ပြီးလက်နက်ခဲယမ်းများသိမ်းဆည်း ရရှိခဲ့သည်ဟု ကန့်ဘလူခရိုင် တပ်ရင်း(၂)က သတင်းထုတ်ပြန်သည်။

ကန့်ဘလူနယ် လက်ခုပ်ပင်နှင့်အောင်ချမ်းသာကျေးရွာအတွင်းသို့ချပ်သင်းမှထိုးစစ်ဆင်လာသော စစ်ကောင်စီတပ်ကို ကန့်ဘလူခရိုင်တပ်ရင်း – ၂ မှကြားဖြတ်တိုက်ခိုက် ခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ ၄၀ဦးထက်မနည်းသေဆုံးပြီး RPG ၊ စက်လတ် ၊ MA 1 ၊ MA 2 (အရေအတွက်စိစစ်ဆဲ) လက်နက်များသိမ်းဆည်းရမိခဲ့ကြောင်း အသိပေးထားသည်။

(ကန့်ဘလူPDF ခရိုင်တပ်ရင်း (၂) တပ်ဖွဲ့ဝင်များ။ ဓါတ်ပုံ-KB2)
(ကန့်ဘလူPDF ခရိုင်တပ်ရင်း (၂) တပ်ဖွဲ့ဝင်များ။ ဓါတ်ပုံ-KB2)

စစ်​ကောင်စီတပ်သားများသေဆုံးမှုအခြေအနေနှင့်ပတ်သက်၍ ကန့်ဘလူခရိုင်တပ်ရင်း – ၂ တာဝန်ရှိသူက “ကျွန်တော်တို့မှာ လက်နက်ကြီးလက်နက်လေးနဲ့လက်နက်ငယ်ပေါ့ဗျာ။ နယ်မြေကျွမ်းကျင်မှု၊ မှန်ကန်တဲ့တော်လှန်​စိတ်ဓာတ်ကြောင့်ပါ။လက်နက်တွေကတော့ ကျွန်တော်တို့ ရှေ့တန်းကညီငယ်တွေ​က အခုသွားပြီးတော့ ကောက်နေပြီး စာရင်းအတိအကျတော့ မသိရသေးဘူး။ ကျွန်တော်တို့ သတင်းအတိအကျရမှ ထုတ်ပြန်ပေးပါ့မယ်။”ဟု People’s Spring သို့ပြောသည်။

Public Service Announcement

Public Service Announcement

အကြမ်းဖက်စစ်တပ်သည် မွန်းလွဲ ၁ နာရီခန့်က ကျွန်းလှ၊ ကန့်ဘလူမြို့နယ်အစပ် ​အောင်ချမ်းသာ၊ လက်ခုပ်ပင်ရွာအနီးအား Mi-35 ၂ စီး Mi-17 ၁ စီးဖြင့် ​လေ​ကြောင်းပစ်ခတ်မှု လုပ်ခဲ့ကာ စစ်အင်အားဖြည့်တင်း​ခဲ့ကြောင်း၊ ​မွန်းလွဲ ၂ နာရီ ၅မိနစ်ခန့်တွင် Jet Fighter ၁ စီးဖြင့် ​လေ​ကြောင်းတိုက်ခိုက်မှု ထပ်မံပြုလုပ်​ခဲ့ကြောင်း ဒေသတွင်းတော်လှန်ရေးသတင်းများ​ဖော်ပြ​ပေး​နေ​သော Infinity Group က ဖော်ပြသည်။

အထိနာသည့် စစ်ကောင်စီတပ်က လေကြောင်းမှ ပစ်ကူတိုက်ခိုက်ခဲ့ကြောင်း၊ တိုက်ပွဲအတွင်း ကန့်ဘလူခရိုင်တပ်ရင်း(၂)မှ ရဲဘော် ၂ဦး ဒဏ်ရာရခဲ့ပြီး ကျဆုံးမှုမရှိကြောင်းလည်းအသိ​ပေးထားသည်။

ရရှိသောလက်နက်အရေအတွက်အတိအကျအားဆက်လက်ထုတ်ပြန်သွားမည်ဟု အသိပေးထားသည်။

အာဏာသိမ်းစစ်​ကောင်စီတပ်ကို PDF များနှင့် တိုင်းရင်ူသားလက်နက်ကိုင်အဖွဲ့များက ခုခံ​တော်လှန်​နေရာတွင် ယ​နေ့၌ မြဝတီ နှင့် ကန့်ဘလူမြို့နယ်တို့တွင် တိုက်ပွဲများအပြင်းအထန်ဖြစ်ပွား​နေပြီး စစ်​ကောင်စီတပ်က ​အထိနာသဖြင့်​လေ​ကြောင်းတိုက်ခိုက်မှုများပြုလုပ်​နေကြာင်း ​စစ်​မြေပြင်​ရှေ့တန်းမှသတင်းရရှိသည်။

ဆက်စပ်သတင်းများ

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

စစ်ကောင်စီတပ်သားတွေ ကိုယ့်အသက်ဘေးကာကွယ်ဖို့ တော်လှန်ရေးတပ်တွေထံ ဘက်ပြောင်းခိုလှုံ ကြဖို့ KNU ထပ်မံတိုက်တွန်း

သတင်း

ခေါင်လန်ဖူးဒေသခံတွေ ပူတာအိုဘက် စစ်ရှောင်ရဟု KIA ပြော

သတင်း

ချင်းညီနောင်အဖွဲ့ဝင် ချင်းပြည်သူ့တပ်မတော်(CPA)ထိန်းချုပ်နယ်မြေတွေ ဖြစ်တဲ့ ချင်းတောင်ပိုင်း မင်းတပ်နဲ့ ကန်ပက်လက်မြို့နယ်တိုက်ပွဲတွေမှာ စစ်တပ်က သေဆုံးထိခိုက်များပြားခဲ့ပြီး စစ်တပ်ရဲ့ လက်နက်ခဲယမ်းများစွာ သိမ်းရခဲ့ကြောင်း CPU/CPAက ဒီကနေ့ သတင်းထုတ်ပြန်ပါတယ်။