Connect with us

Hi, what are you looking for?

သတင်း

စက်သုံးဆီ​ဈေးများထပ်တက်

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ဓာတ်ဆီတစ်လီတာလျှင်ကျပ် ၃၅၀၀မှ ၄၀၀၀ ကျပ်အထိရှိသည်။ ရခိုင်ပြည်နယ်ရှိမြို့အချို့တွင် ဓာတ်ဆီတစ်လီတာလျှင် ကျပ် ၃၂၀၀မှ ၃၈၀၀ အထိရှိပြီး ဝယ်ယူ၍ ခက်ခဲကြောင်းလည်း ဒေသခံများထံမှ သိရသည်။

စက်သုံးဆီ​ဈေးများထပ်တက်
စက်သုံးဆီ​ဈေးများထပ်တက်

●ရန်ကုန်တွင် ဒီဇယ် တစ်လီတာ ကျပ် ၃၀၀၀ကျော်၊ နယ်မြို့များတွင် ကျပ် ၄၀၀၀အထိစံချိန်တင်တက်

ရန်ကုန်မြို့တွင် ဒီဇယ်တစ်လီတာလျှပ်ကျပ် ၃၀၀၀ကျော်အထိမြင့်တက်လာပြီး နယ်မြို့များတွင်လည်း စက်သုံးဆီဈေးမြင့်တက်လာကြောင်း စက်သုံးဆီအရောင်းဆိုင်များထံမှ သိရသည်။

ယခင်​​နေ့(သြဂုတ် ၂၃ရက် )​ဈေးနှင့် နှိုင်းယှဥ်လျှင် ဓာတ်ဆီတစ်လီတာကို ကျပ် ၅၀ နှင့် ဒီဇယ်တစ်လီတာကို ကျပ် ၁၀၀ကျော်အထိ တစ်ရက်အတွင်းဈေးထိုးတက်လာခြင်းဖြစ်သည်။

ထိုဈေးနှုန်းသည် သမိုင်းတလျောက်အမြင့်ဆုံးနှုန်းဖြစ်သည်ဟု စက်သုံးဆီးဆိုင်ပိုင်ရှင်များကမှတ်ပေးပြီး ဈေးဆက်တက်ရန်လည်းရှိနေသည်ဟုလည်း​ပြောသည်။

“ရန်ကုန်မှာတော့ဆီကဝယ်လို့အဆင်ပြေနေသေးပေ့မယ့်၊ ဈေးနှုန်းက အဆမတန်တက်နေတယ်”ဟု စက်သုံးဆီဝယ်ယူခဲ့သူတစ်ဦးကပြောသည်။

Public Service Announcement

Public Service Announcement

လက်ရှိရန်ကုန်မြို့တွင် ပရီမီယံဒီဇယ်တစ်လီတာလျှင်ကျပ် ၃၀၈၀၊ ရိုးရိုးဒီဇယ် တစ်လီတာကို ကျပ် ၃၀၀၀ ရှိသည်။ ဓာတ်ဆီများဖြစ်​သော အောက်တိန်း ၉၂ တစ်လီတာလျှင် ကျပ် ၂၄၄၀ကျပ် နှင့် အောက်တိန်း ၉၅ တစ်လီတာလျှင်၂၅၂၅ကျပ်အထိမြင့်တက်လာခြင်းဖြစ်သည်။

အထက်ပါဈေးနှုန်းများမှာ ၂၄နာရီအတွင်း ဒီဇယ်တစ်လီတာလျှင် ၁၄၀ ကျပ် နှင့် ဓာတ်ဆီတစ်လီတာလျှင်ကျပ် ၄၀ကျော်မြင့်တက်လာခြင်းဖြစ်သည်။

အခြားမြို့များတွင်မူ စက်သုံးဆီများမှာသယ်ယူစရိတ်ကြောင့် ရန်ကုန်ထက်​ဈေးပိုကြီး​နေသည်။မုံရွာမြို့တွင်လည်း ဓာတ်ဆီတစ်လီတာကို ကျပ် ၃၇၀၀ ဝန်းကျင်ရှိသည်ဟု မြို့ခံတစ်ဦးကပြောသည်။

မြို့ကြီးအများစုတွင် စက်သုံးဆီပြတ်လပ်နေ​ကြောင်းလည်း မြိုခံများက​ပြောသည်။

“မူဆယ်မှာ ၁လီတာခွဲကို ကျပ်တစ်သောင်းပေးခဲ့ရတယ်။”ဟု မူဆယ်မြို့ခံတစ်ဦးကပြောသည်။

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ဓာတ်ဆီတစ်လီတာလျှင်ကျပ် ၃၅၀၀မှ ၄၀၀၀ ကျပ်အထိရှိသည်။ ရခိုင်ပြည်နယ်ရှိမြို့အချို့တွင် ဓာတ်ဆီတစ်လီတာလျှင် ကျပ် ၃၂၀၀မှ ၃၈၀၀ အထိရှိပြီး ဝယ်ယူ၍ ခက်ခဲကြောင်းလည်း ဒေသခံများထံမှ သိရသည်။

ထိုသို့မြင့်တက်လာခြင်းမှာပြည်တွင်းငွေလဲနှုန်းတွင် ကျပ်ငွေတန်ဖိုးကျဆင်းနေခြင်း၊ဒေါ်လာဝယ်ယူရခက်ခဲနေခြင်းနှင့် ကမ္ဘာ့ရေနံဈေးမြင့်တက်လာခြင်းတို့ကြောင့်ဖြစ်သည်ဟု စက်သုံးဆီတင်သွင်းရောင်းချနေသူတစ်ဦးက​ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့မှာ စုံ/မစနစ်နဲ့ မော်တော်ယာဥ်တွေ ပြန်လည်ဖမ်းဆီးလာပြီး ယာဥ်အများအပြား ဖမ်း​ဆီးခံလိုက်ရကြောင်း ဒေသခံတွေက ပြောပါတယ်။

ဆောင်းပါး

အသုပ်စုံ ဆိုတာနဲ့ မိတ်ဆွေတို့က ခေါက်ဆွဲ၊ကြာဇံ၊တို့ဟူး၊အာလူး စတဲ့အရာတွေကို ရောထွေးပြီး သုပ်ထားတဲ့ စားစရာလို့ မြင်မိကြမှာပါ။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ စက်သုံးဆီဆိုင်အချို့ ခွဲတမ်းအတိုင်း ရောင်းချမပေးလို့ဆိုပြီး စက်သုံးဆီဝယ်ယူသူတွေနဲ့ အငြင်းပွားမှုတွေဖြစ်ပွားနေကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

ပြည်တွင်းစက်သုံးဆီဈေး သုံးပတ်ဆက် ဈေးကျပေမယ့် ဈေးနှုန်းက သိသိသာသာလျော့နည်းသွားတာတော့ မရှိသေးဘူးလို့ ယာဉ်ပိုင်ရှင်တွေက ပြောပါတယ်။