Connect with us

Hi, what are you looking for?

သတင်း

ရေဦးမှ ခင်ဦးသို့ကူးလာသော စစ်ကောင်စီတပ် မိုင်းခွဲတိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးမှုရှိဟုဆို

တိုက်ခိုက်မှုအား KSOအဖွဲ့အပါအဝင် Wolf Guerilla(Ye-U)၊ Khin U-Dog Killers(KDK) မဟာမိတ်အဖွဲ့ များက ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။

ခင်ဦးနယ်အခြေစိုက် Khin U Support Organization-KSO အဖွဲ့ဝင် ရဲဘော်များအား တွေ့ရစဥ်။ဓာတ်ပုံ - KSO
ခင်ဦးနယ်အခြေစိုက် Khin U Support Organization-KSO အဖွဲ့ဝင် ရဲဘော်များအား တွေ့ရစဥ်။ဓာတ်ပုံ - KSO

​စစ်ကိုင်းတိုင်း၊ ရေဦးမှခင်ဦးမြို့နယ်သို့လာသော အကြမ်းဖက်စစ်ကောင်စီတပ်အား နှစ်ကြိမ်တိုင်မိုင်းခွဲတိုက်ခိုက်ရာ ၁၀ဦးထက်မနည်းသေဆုံးကြောင်း Khin U Support Organization-KSO အဖွဲ့က သတင်းထုတ်ပြန်သည်။

ယနေ့ (သြဂုတ် ၂၄ ရက်)နံနက်ပိုင်းက ရေဦးမြို့မှ ခြေလျင်လာသော စစ်ကောင်စီတပ်မှ အင်အား ၅၀ခန့်အား မူးမြစ်ကူးတံတားအရှေ့ဘက်တွင် မိုင်း သုံးလုံးတွဲ နှစ်ကြိမ်အထိ ဖောက်ခွဲတိုက်ခိုက်ခဲ့သည်။

အဆိုပါတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား ၁၀ဦးထက်မနည်းသေဆုံးခဲ့ကြောင်း၊ သေဆုံးထိခိုက်သူများအား ဇာတိမာန်ဆီဆိုင်အနီးရှိ ခရီးသွားပြည်သူပိုင်ကား၁စီးအား ချောဆွဲကာ ရွာသစ်ကုန်းတပ်ထဲသို့ လိုက်လံပို့ဆောင်ခိုင်းခဲ့ကြောင်း Khin U Support Organization-KSO အဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

တိုက်ခိုက်မှုအား KSOအဖွဲ့အပါအဝင် Wolf Guerilla(Ye-U)၊ Khin U-Dog Killers(KDK) မဟာမိတ်အဖွဲ့ များက ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။

Public Service Announcement

Public Service Announcement

ယနေ့ည ၈ နာရီ ၁၃ မိနစ်ခန့်ကရေဦးဆေးရုံအတွင်း တပ်စွဲထားသောအကြမ်းဖက်စစ်တပ်သည် လက်နက်ကြီးလက်နက်ငယ်များဖြင့် ပစ်ခတ်ခြောက်လှန့်နေပြီး မူးသာရွာ၏အနောက်ဘက် မူးမြစ်ကမ်းထဲတွင် လက်နက်ကြီး သုံးလုံးကျရောက်ခဲ့ကြောင်း၊ လူထိခိုက်မှုမရှိကြောင်း KDK-Khin U Dog Killersအဖွဲ့က အသိပေးထားသည်။

ဖြစ်စဥ်နှင့်ပတ်သက်ပြီး KSO အဖွဲ့ထံ ဆက်သွယ်မေးမြန်းထားပြီး ပြန်လည်ဖြေကြားခြင်း မရှိသေးပေ။ စစ်ကောင်စီတပ်၏ ထိခိုက်သေဆုံးမှုအခြေအနေနှင့်ပတ်သက်၍ People’s Springက ထပ်မံအတည်ပြုနိုင်ခြင်း မရှိသေးပေ။

စစ်ကောင်စီတပ်က စစ်ကြောင်းထိုး ရမ်းသမ်းပစ်ခတ်နေ၍ ရေဦး – ခင်ဦးလမ်းပိုင်း သွားလာမှု ယာယီ ရပ်နားပေးထားကြပါရန် Khin U Support Organization-KSO က သတိပေးသည်။

ယမန်နေ့(သြဂုတ် ၂၃ရက်) ညပိုင်းကလည်း ရေဦးတိုင်းရင်းဆေးရုံတွင် တပ်စွဲထားသော စစ်ကောင်စီတပ်သည် ဘေးပတ်ဝန်းကျင်ရွာများသို့ လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့သည်။

ထိုသို့ပစ်ခတ်မှုကြောင့် ရေဦးနယ်၊ မူးသာကုန်းရွာသို့ သုံးချက်၊ မူးမြစ်အရှေ့ဘက် ခင်ဦးနယ် မူးသာရွာသို့ သုံးချက်၊ အင်းပတ်ရွာသို့ သုံးချက် ကျရောက်ခဲ့ပြီး မူးသာကုန်းရှိ ပြည်သူ လေးဦး၊ မူးသာရွာမှ ပြည်သူ တစ်ဦးနှင့် နွား တစ်ကောင် လက်နက်ကြီးထိမှန် ဒဏ်ရာရခဲ့ကြောင်း၊ အခြားပျက်စီးထိခိုက်မှုများလည်း ရှိနိုင်ပြီးအတည်မပြုနိုင်သေးကြောင်း Khin U Support Organization-KSO က အသိပေးသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ် ဗန်းမော်မြို့နယ်မှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပြီး စက်တင်ဘာ ၂၇ရက် မနက်ပိုင်းတိုက်ပွဲမှာ စစ်တပ်အထိနာကာ သေဆုံးထိခိုက်ရှိခဲ့ကြောင်း ကချင် သတင်းရင်းမြစ်အချို့က ပြောပါတယ်။

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ရေဦးမြို့မှာ စစ်မှုထမ်းဖို့ အဓမ္မပေါ်တာဆွဲဖမ်းဆီးခံထားရတဲ့လူငယ်တွေ အချုပ်ခန်းဖောက်ပြီး ထွက်ပြေးလွတ်မြောက်လာကြောင်း ရေဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)ရဲ့ တာဝန်ရှိသူက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်ထဲကို စစ်တပ်က ဒီနေ့ညနေပိုင်းမှာ ဂျိုင်ရိုကော်ပတာနဲ့ ဗုံးကြဲခဲ့တာ​ကြောင့် ဒေသခံ၇ ဦးသေဆုံးခဲ့တယ်ပါတယ်။

Facebook